• Follow Us on

Home COVID-19 ေရာဂါေၾကာင့္ ေသဆံုးသူမ်ားအဆုတ္ထိခိုက္မႈသည္ ေရာဂါလကၡဏာမ်ားၾကာ႐ွည္ခံစားရျခင္းကို ႐ႇင္းျပႏိုင္မည္ဟုဆို

COVID-19 ေရာဂါေၾကာင့္ ေသဆံုးသူမ်ားအဆုတ္ထိခိုက္မႈသည္ ေရာဂါလကၡဏာမ်ားၾကာ႐ွည္ခံစားရျခင္းကို ႐ႇင္းျပႏိုင္မည္ဟုဆို

Share this post

လန္ဒန္၊ ႏို၀င္ဘာ ၄

COVID-19 ေရာဂါေၾကာင့္ေသဆံုးသူမ်ားအဆုတ္ကိုေလ့လာရာတြင္ ေရ႐ွည္႐ွိေနၿပီးက်ယ္ျပန္႔ေသာ အပ်က္အစီးမ်ားေတြ႕ရၿပီး ထိုအခ်က္မ်ားသည္ ေရ႐ွည္ကိုဗစ္ဟုသိၾကသည့္ လေပါင္းမ်ားစြာေရာဂါလကၡဏာ မ်ားေရ႐ွည္႐ွိေနသည့္ေရာဂါ ေနာက္ကြယ္မွအခ်က္အလက္မ်ားကိုနားလည္ရန္ ဆရာ၀န္မ်ားကို ကူညီေပးႏိုင္မည္ဟု သုေတသီမ်ားကေျပာသည္။

COVID-19 ေရာဂါျဖစ္ေစသည့္ SARS-CoV-2 ကို႐ိုနာဗိုင္းရပ္စ္လကၡဏာရပ္မ်ားကိုေတြ႕႐ွိခဲ့ေၾကာင္း သုေတသနကိုဦးေဆာင္သည့္သိပၸံပညာ႐ွင္မ်ားကေျပာသည္။

ေတြ႕႐ွိခ်က္မ်ားအရ COVID-19 သည္ ဗိုင္းရပ္စ္ကူးစက္မႈေၾကာင့္ဆဲလ္မ်ားေသဆံုးရာမွျဖစ္သည့္ေရာဂါျဖစ္႐ံု သာမက အဆုတ္ထဲတြင္ ပံုမွန္မဟုတ္ေတာ့သည့္ဆဲလ္မ်ားေရ႐ွည္႐ွိေနျခင္း၏ ေနာက္ဆက္တြဲအက်ိဳးဆက္မ်ား ေၾကာင့္လည္း ျဖစ္ႏိုင္သည္ဟု သုေတသနကို ပူးတြဲဦးေဆာင္ခဲ့သည့္ ကင္းတကၠသိုလ္လန္ဒန္မွပါေမာကၡ ေမာ္႐ို ဂီယက္ကာကေျပာသည္။

ယခုႏွစ္ ေဖေဖာ္ဝါရီမွဧၿပီအထိ အီတလီႏိုင္ငံ၊ ထရစ္စတီတကၠသိုလ္ေဆး႐ံုတြင္ COVID-19 ေရာဂါေၾကာင့္ ေသဆံုးသူ ၄၂ ေယာက္၏ အဆုတ္မ်ား၊ ႏွလံုးမ်ား၊ အသည္းမ်ားႏွင့္ ေက်ာက္ကပ္မ်ားမွတစ္႐ွဴးနမူနာမ်ားကို သုေတသနအဖြဲ႔က ခြဲျခမ္းစိတ္ျဖာေလ့လာခဲ့သည္။

သုေတသနအရ ဗိုင္းရပ္စ္သည္ ဆဲလ္အမ်ိဳးအစားအမ်ားအျပားတြင္တည္႐ွိေနေၾကာင္းလည္းေတြ႕႐ွိရသည္။

ထိုဆဲလ္မ်ားက တည္ေဆာက္မႈပံုစံအေျပာင္းအလဲႀကီးႀကီးမားမားျဖစ္ေစႏိုင္သျဖင့္ ေရာဂါလကၡဏာမ်ား ေရ႐ွည္႐ွိေနရသည့္ျဖစ္စဥ္ကို ႐ွင္းလင္းျပႏိုင္ေၾကာင္းလည္း ဂီယက္ကာကေျပာသည္။

Ref : Lung damage found in COVID-19 dead may shed light on ‘long COVID’ Study

#PeopleMedia

(unicode)
COVID-19 ရောဂါကြောင့် သေဆုံးသူများအဆုတ်ထိခိုက်မှုသည် ရောဂါလက္ခဏာများကြာရှည်ခံစားရခြင်းကို ရှင်းပြနိုင်မည်ဟုဆို
………………………………………………………..

လန်ဒန်၊ နိုဝင်ဘာ ၄

COVID-19 ရောဂါကြောင့်သေဆုံးသူများအဆုတ်ကိုလေ့လာရာတွင် ရေရှည်ရှိနေပြီးကျယ်ပြန့်သော အပျက်အစီးများတွေ့ရပြီး ထိုအချက်များသည် ရေရှည်ကိုဗစ်ဟုသိကြသည့် လပေါင်းများစွာရောဂါလက္ခဏာ များရေရှည်ရှိနေသည့်ရောဂါ နောက်ကွယ်မှအချက်အလက်များကိုနားလည်ရန် ဆရာဝန်များကို ကူညီပေးနိုင်မည်ဟု သုတေသီများကပြောသည်။

COVID-19 ရောဂါဖြစ်စေသည့် SARS-CoV-2 ကိုရိုနာဗိုင်းရပ်စ်လက္ခဏာရပ်များကိုတွေ့ရှိခဲ့ကြောင်း သုတေသနကိုဦးဆောင်သည့်သိပ္ပံပညာရှင်များကပြောသည်။

တွေ့ရှိချက်များအရ COVID-19 သည် ဗိုင်းရပ်စ်ကူးစက်မှုကြောင့်ဆဲလ်များသေဆုံးရာမှဖြစ်သည့်ရောဂါဖြစ်ရုံ သာမက အဆုတ်ထဲတွင် ပုံမှန်မဟုတ်တော့သည့်ဆဲလ်များရေရှည်ရှိနေခြင်း၏ နောက်ဆက်တွဲအကျိုးဆက်များ ကြောင့်လည်း ဖြစ်နိုင်သည်ဟု သုတေသနကို ပူးတွဲဦးဆောင်ခဲ့သည့် ကင်းတက္ကသိုလ်လန်ဒန်မှပါမောက္ခ မော်ရို ဂီယက်ကာကပြောသည်။

ယခုနှစ် ဖေဖော်ဝါရီမှဧပြီအထိ အီတလီနိုင်ငံ၊ ထရစ်စတီတက္ကသိုလ်ဆေးရုံတွင် COVID-19 ရောဂါကြောင့် သေဆုံးသူ ၄၂ ယောက်၏ အဆုတ်များ၊ နှလုံးများ၊ အသည်းများနှင့် ကျောက်ကပ်များမှတစ်ရှူးနမူနာများကို သုတေသနအဖွဲ့က ခွဲခြမ်းစိတ်ဖြာလေ့လာခဲ့သည်။

သုတေသနအရ ဗိုင်းရပ်စ်သည် ဆဲလ်အမျိုးအစားအများအပြားတွင်တည်ရှိနေကြောင်းလည်းတွေ့ရှိရသည်။

ထိုဆဲလ်များက တည်ဆောက်မှုပုံစံအပြောင်းအလဲကြီးကြီးမားမားဖြစ်စေနိုင်သဖြင့် ရောဂါလက္ခဏာများ ရေရှည်ရှိနေရသည့်ဖြစ်စဉ်ကို ရှင်းလင်းပြနိုင်ကြောင်းလည်း ဂီယက်ကာကပြောသည်။

Ref : Lung damage found in COVID-19 dead may shed light on ‘long COVID’ Study

#PeopleMedia


Share this post