• Follow Us on

Home COVID-19 ရောဂါဖြင့် သေဆုံးလူနာများကို သြင်္ဂိုလ်ရန်ပို့ဆောင်ပေးပြီးအပြန်၌ လူမှုကယ်ဆယ်ရေးယာဉ် မောင်းမှာ ပင်ပန်းမှုဒဏ်ကြောင့် လမ်းဘေးသစ်ပင်ဝင်တိုက်

COVID-19 ရောဂါဖြင့် သေဆုံးလူနာများကို သြင်္ဂိုလ်ရန်ပို့ဆောင်ပေးပြီးအပြန်၌ လူမှုကယ်ဆယ်ရေးယာဉ် မောင်းမှာ ပင်ပန်းမှုဒဏ်ကြောင့် လမ်းဘေးသစ်ပင်ဝင်တိုက်

Share this post

နေပြည်တော်၊ သြဂုတ် ၆ (People Media)

 

COVID-19 ရောဂါဖြင့် သေဆုံးလူနာများကို သြင်္ဂိုလ်ရန်ပို့ဆောင်ပေးနေသည့် လူမှုကယ်ဆယ်ရေးယာဉ်သည် သေဆုံးလူနာကို သြင်္ဂိုလ်ပြီးအပြန်တွင် ယာဉ်မောင်းမှာ ပင်ပန်းမှုဒဏ်ကြောင့် လမ်းဘေးရှိ ထန်းပင်ကို ဝင်တိုက် မိခဲ့ကြောင်း မော်လမြိုင် Rescue အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့မှဆိုသည်။

 

COVID-19 တတိယလှိုင်းတွင် မော်လမြိုင် Rescue အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့အနေဖြင့် ပြည်သူများ ကို ကူညီပေးနိုင်ရန် အဖွဲ့ခွဲများစွာ ကွန်ရက်များဖွဲ့ပြီး တစ်ဦးကူးစက်လျှင်တစ်ဦးနားကာ နေ့စဉ်ကူညီပေး လျှက်ရှိပြီး အဖွဲ့ဝင်များမှ တစ်နေ့လျှင်အကြိမ်ရေမနည်းကူညီနေရသည့် ပင်ပန်းမှုဒဏ်ကြောင့် အဖွဲ့ဝင်တစ်ဦး မှာ ရင်ခွဲရုံမှ ပဲန္နဲကုန်းသုသာန်သို့ပို့ဆောင်သြင်္ဂိုလ်ပြီးအပြန် ခေါင်းမူးပြီး စတီယာတိုင်မထိန်းနိုင်ဘဲ လမ်းဘေး ထန်းပင်ကို ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

 

ထို့အပြင် ၎င်းတို့အဖွဲ့ဝင်တွေအနေနှင့် ထိခိုက်ဒဏ်ရာတစ်စုံတစ်ရာရရှိခြင်းမရှိဘဲ ကယ်ဆယ်ရေးယာဉ်သာ ထိခိုက်ပျက်စီးသွားပြီး ကူညီရေးရဲဘော်တစ်ဦးလျော့သွားကြောင်းနှင့် ကူညီရေးတွေကို ဆက်လက်လုပ် ဆောင်သွားမည်ဟုဆိုသည်။ အဆိုပါပျက်စီးသွားသည့်ယာဉ်အား အမြန်ဆုံးအစားထိုးဝယ်ယူနိုင်ရန် ကြိုးစားသွားမည်ဟုလည်း မော်လမြိုင် Rescue အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့မှ ဆိုသည်။

 

၎င်းတို့ဖွဲ့စည်းထားသည့်အဖွဲ့တွေမှာ သေဆုံးသည့် Positive လူနာတွေနှင့် သံသယလူနာတွေကို သယ် ဆောင်သြင်္ဂိုလ်ရန်အဖွဲ့၊ ပိုးသတ်ဆေးလိုက်ဖြန်းကူညီပေးသည့်အဖွဲ့၊ ဆေးရုံတက်/ဆင်း လူနာတွေကို ကူညီ သည့်အဖွဲ့၊ ပြင်ပ Accident ကူညီရေးအဖွဲ့၊ သဘာဝဘေးအန္တရာယ် အရေးပေါ်ကူညီရေးအဖွဲ့၊ သက်ကယ် အောက်ဆီဂျင်ရှာဖွေလှူဒါန်းရေးအဖွဲ့၊ ကိုဗစ်လူနာတွေ လက်ခံကုသသည့် ယာယီဆေးရုံဖြစ်သည့် (၁၀)မြို့ နယ်ဆောင် CBFQ မှာအထိုင်ချကူညီပေးသည့်အဖွဲ့၊ ကပ်ဘေးကြောင့် စားဝတ်နေရေးကြပ်တည်းသည့် ပြည် သူတွေ အဆင်ပြေစေရန် အလှူရှင်တွေနှင့်ချိတ်ဆက်ပြီး ထောက်ပံ့လှူဒါန်းရေးအဖွဲ့ စသည်ဖြင့် အင်အားများ စွာဖြင့် ကွန်ရက်ဖွဲ့ပြီး ကူညီပေးလျက်ရှိကြောင်းကိုလည်း ဖော်ပြပါရှိသည်။

 

Photo – မော်လမြိုင် Rescue အရေးပေါ်လူမှုကယ်ဆယ်ရေး

 

#PeopleMedia # အရေးပေါ်လူမှုကယ်ဆယ်ရေး

 

(unicode)


………………………………………………………………..

 


 


 


 


 


 


 



Share this post