• Follow Us on

Home COVID 19 ေရာဂါျဖင့္ ျမန္မာျပည္သူတစ္ဦးတစ္ေယာက္မွမေသေစခ်င္ သလို ေရာဂါကူးစက္ျခင္းလည္း မျဖစ္ ေစခ်င္ဟု ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာျမင့္ေထြးေျပာ

COVID 19 ေရာဂါျဖင့္ ျမန္မာျပည္သူတစ္ဦးတစ္ေယာက္မွမေသေစခ်င္ သလို ေရာဂါကူးစက္ျခင္းလည္း မျဖစ္ ေစခ်င္ဟု ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာျမင့္ေထြးေျပာ

Share this post

ရန္ကုန္၊ ဇူလိုင္၂၈

COVID 19 ေရာဂါျဖင့္ ျမန္မာျပည္သူတစ္ဦးတစ္ေယာက္မွမေသေစခ်င္သလို ေရာဂါကူးစက္ျခင္းလည္း မျဖစ္ ေစခ်င္ဟု ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာျမင့္ေထြးက ေျပာသည္။

COVID 19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးကာလတြင္ ႐ုပ္ရွင္လုပ္ငန္းမ်ား ျပန္လည္ လည္ပတ္ႏိုင္ေရးႏွင့္ စပ္လ်ဥ္း၍ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢဳိလ္တို႔ တိုက္႐ိုက္ဆြးေႏြးသည့္စကားဝိုင္းတြင္ က်န္းမာေရးႏွင့္ အား ကစား၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာျမင့္ေထြးကေျပာၾကားသည္။

“အခုၿမိဳ႕ထဲမွာ ေစ်းထဲမွာ ဘယ္သူမွ MASK မတပ္ပါဘူး။ အလြန္စိုးရိမ္ဖို႔ေကာင္းပါတယ္။ အေမရိကန္လို ဘရာ ဇီးလိုျဖစ္သြားရင္မလြယ္ပါဘူး။ အခု ပိုးေတြ႕လူနာ ၆၀ ရာခိုင္ႏႈန္းက ေရာဂါလကၡဏမျပပါဘူး။ အႏၲရာယ္ႀကီး ပါတယ္။ ကၽြန္ေတာ့္အေနနဲ႔ ျမန္မာျပည္သူတစ္ဦးတစ္ေယာက္မွမျဖစ္ေစခ်င္ပါဘူး။ မေသေစခ်င္ပါဘူး” ဟု ၎ကေျပာသည္။

၂၀၁၉ ခုႏွစ္ ဒီဇင္ဘာ ၁၂ ရက္မွစတင္ကာ တ႐ုတ္ႏိုင္ငံဝူဟန္ၿမိဳ႕မွ ကူးစက္ျပန္႔ပြားခဲ့ေသာ ကို႐ိုနာဗိုင္းရပ္စ္ပိုး သည္ ႏိုင္ငံေပါင္းရာႏွင့္ခ်ီ ကူးစက္ျပန္႔ပြားခဲ့ၿပီး ျမန္မာႏိုင္ငံတြင္ ဇူလိုင္ ၂၆ ရက္အထိ ေရာဂါပိုးေတြ႕ရွိသူ ၃၅၀ ဦး ၊ ေသဆုံး ၆ ဦး၊ ေရာဂါပိုးျပန္လည္ကင္းစင္သူ ၂၉၂ ဦးျဖစ္ေၾကာင္း က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာနမွ သိရသည္။

လက္ရွိတြင္ COVID 19 ေရာဂါျဖစ္ပြားမႈမွာ ႏိုင္ငံအားလုံးစုစုေပါင္းမွ ဓါတ္ခြဲအတည္ျပဳလူနာ ဇူလိုင္ ၂၇ ရက္ အထိ ၁၅၇၈၅၆၄၁ ဦး၊ ေသဆုံးသူစုစုေပါင္း ၆၄၀၀၁၆ ဦးရွိေၾကာင္းသိရၿပီး ေသဆုံးမႈအျမင့္ဆုံးမွာ အေမရိကန္၊ ဘရာဇီး၊ အိႏၵိယႏွင့္ ႐ုရွားႏိုင္ငံတို႔ျဖစ္ေၾကာင္းသိရသည္။

#PeopleMedia

(unicode)
COVID 19 ရောဂါဖြင့် မြန်မာပြည်သူတစ်ဦးတစ်ယောက်မှမသေစေချင် သလို ရောဂါကူးစက်ခြင်းလည်း မဖြစ် စေချင်ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးပြော
…………………………………………………

ရန်ကုန်၊ ဇူလိုင်၂၈

COVID 19 ရောဂါဖြင့် မြန်မာပြည်သူတစ်ဦးတစ်ယောက်မှမသေစေချင်သလို ရောဂါကူးစက်ခြင်းလည်း မဖြစ် စေချင်ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။

COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလတွင် ရုပ်ရှင်လုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ တိုက်ရိုက်ဆွးနွေးသည့်စကားဝိုင်းတွင် ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကပြောကြားသည်။

“အခုမြို့ထဲမှာ ဈေးထဲမှာ ဘယ်သူမှ MASK မတပ်ပါဘူး။ အလွန်စိုးရိမ်ဖို့ကောင်းပါတယ်။ အမေရိကန်လို ဘရာ ဇီးလိုဖြစ်သွားရင်မလွယ်ပါဘူး။ အခု ပိုးတွေ့လူနာ ၆၀ ရာခိုင်နှုန်းက ရောဂါလက္ခဏမပြပါဘူး။ အန္တရာယ်ကြီး ပါတယ်။ ကျွန်တော့်အနေနဲ့ မြန်မာပြည်သူတစ်ဦးတစ်ယောက်မှမဖြစ်စေချင်ပါဘူး။ မသေစေချင်ပါဘူး” ဟု ၎င်းကပြောသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်မှစတင်ကာ တရုတ်နိုင်ငံဝူဟန်မြို့မှ ကူးစက်ပြန့်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ်ပိုး သည် နိုင်ငံပေါင်းရာနှင့်ချီ ကူးစက်ပြန့်ပွားခဲ့ပြီး မြန်မာနိုင်ငံတွင် ဇူလိုင် ၂၆ ရက်အထိ ရောဂါပိုးတွေ့ရှိသူ ၃၅၀ ဦး ၊ သေဆုံး ၆ ဦး၊ ရောဂါပိုးပြန်လည်ကင်းစင်သူ ၂၉၂ ဦးဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

လက်ရှိတွင် COVID 19 ရောဂါဖြစ်ပွားမှုမှာ နိုင်ငံအားလုံးစုစုပေါင်းမှ ဓါတ်ခွဲအတည်ပြုလူနာ ဇူလိုင် ၂၇ ရက် အထိ ၁၅၇၈၅၆၄၁ ဦး၊ သေဆုံးသူစုစုပေါင်း ၆၄၀၀၁၆ ဦးရှိကြောင်းသိရပြီး သေဆုံးမှုအမြင့်ဆုံးမှာ အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယနှင့် ရုရှားနိုင်ငံတို့ဖြစ်ကြောင်းသိရသည်။

#PeopleMedia


Share this post