• Follow Us on
Latest News

Home COVID-19 ရောဂါဖြစ်ပွားမှုနှုန်းများသည့် ကမ္ဘာ့နိုင်ငံအများအပြားတွင် အရေးပေါ်ကုသဆေး FAVIPAC သောက်ဆေးကို AA Medical Products Ltd တွင် ဆေးစာဖြင့် ဝယ်ယူနိုင်

COVID-19 ရောဂါဖြစ်ပွားမှုနှုန်းများသည့် ကမ္ဘာ့နိုင်ငံအများအပြားတွင် အရေးပေါ်ကုသဆေး FAVIPAC သောက်ဆေးကို AA Medical Products Ltd တွင် ဆေးစာဖြင့် ဝယ်ယူနိုင်

Share this post

No description available.

No description available.

No description available.

 

ရန်ကုန်၊ ဇူလိုင် ၂၈ (People Media)

 

COVID-19 ရောဂါဖြစ်ပွားမှုနှုန်းများသည့် ကမ္ဘာ့နိုင်ငံအများအပြားတွင် အရေးပေါ်ကုသဆေးတစ်မျိုးဖြစ်သည့် FAVIPAC သောက်ဆေးကို AA Medical Products Ltd တွင် ဆေးစာဖြင့် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း ယင်းဆေး ကုမ္ပဏီ ထုတ်ပြန်လိုက်သည်။

 

Pacific Medical Industries Ltd (PMI) အနောက်တိုင်းဆေးဝါးစက်ရုံ၏ Antiviral generic medicine FAVIPAC (Favipiravir 200mg) tablet (20 tablets/box ) အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ခွင့်ပြုချက်ဖြင့် ယခုအခါ AA Medical Products Ltd မှ လိုအပ်သော ဆေးရုံ၊ ဆေးခန်း၊ Covid ကုသရေး center၊ ဆရာဝန်ကြီးများထံသို့ အချိန်နှင့်တပြေးညီရရှိစေရန်နှင့် ဆေးဝါးပြတ်လတ်မှုမရှိစေရန် ဈေးနှုန်းချို သာစွာဖြင့် လူနာများအတွက် ဖြန့်ဖြူးရောင်းချပေးလျှက်ရှိကြောင်းသိရသည်။

 

FAVIPAC (Favipiravir 200mg) သည် ဆရာဝန်၏ ညွှန်ကြားချက်၊ ဆရာဝန်ဆေးညွှန်းစာဖြင့်သာ ဝယ်ယူနိုင် မည့် Prescription Only Medicine (POM) ဆေးဝါးအမျိုးအစားဖြစ်ပြီး ဆရာဝန်မှ ညွှန်ကြားသည့် ဆေးဝါး အချိန်အဆ၊ ညွှန်ကြားသည့်ရက်အပိုင်းအခြားဖြင့်သာ သောက်သုံးရမည့် Anti-viral ဆေးအမျိုးအစားဖြစ်ပြီး ဆေးအချိန်အဆမှာလည်း လူနာ၏ ရောဂါအနုအရင့်နှင့် ဆရာဝန်ဆုံးဖြတ်ချက်အတိုင်းသာ သောက်သုံးရမည့် ဆေးဖြစ်ပါသည်။

 

ဆေးဝါးမှာယူလိုပါက Viber ဖုန်းနံပါတ် 095135744 သို့ ဆရာဝန်ဆေးညွှန်းစာပို့ပြီး အဆိုပါ Viber မှ လမ်း ညွှန်မှုအတိုင်း ဝယ်ယူနိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။

 

COVID-19 ရောဂါဖြစ်ပွားမှုနှုန်းများသည့် ကမ္ဘာ့နိုင်ငံအများအပြားတွင် Emergency Use Medicines အဖြစ် Favipiravir 200mg အား ဆရာဝန်ညွှန်ကြားချက်ဖြင့် အမှန်တကယ်သောက်သုံးရန်လိုအပ်သည့်လူနာများ အတွက် အသုံးပြုလျှက်ရှိသည့် ဆေးတစ်မျိုးဖြစ်ပါသည်။

 

#PeopleMedia #COVID-19

 

(unicode)


……………………………………………………

 


 


 


 


 


 


 

#PeopleMedia #COVID-19

 


Share this post