• Follow Us on

Home COVID-19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ ဗိုလ္ခ်ဳပ္အဆင့္ႏွင့္အထက္ တပ္မေတာ္အရာရွိႀကီးမ်ား၏ လစာေငြ ၂၅ ရာခိုင္ႏႈန္းကို ေျခာက္လဆက္တိုက္လွဴဒါန္းသြားမည္

COVID-19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ ဗိုလ္ခ်ဳပ္အဆင့္ႏွင့္အထက္ တပ္မေတာ္အရာရွိႀကီးမ်ား၏ လစာေငြ ၂၅ ရာခိုင္ႏႈန္းကို ေျခာက္လဆက္တိုက္လွဴဒါန္းသြားမည္

Share this post

ေနျပည္ေတာ္၊ ေမ ၂

COVID-19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္၊ ကုသေရးလုပ္ငန္းမ်ားအတြက္ လိုအပ္သည္မ်ား အသုံးျပဳနိုင္ရန္ အတြက္ ဗိုလ္ခ်ဳပ္အဆင့္ႏွင့္အထက္ တပ္မေတာ္အရာရွိႀကီးမ်ား၏ လစာေငြ ၂၅ ရာခိုင္ႏႈန္းကို ေျခာက္လ ဆက္တိုက္လွဴဒါန္းသြားမည္ေၾကာင္း သိရသည္။

COVID-19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္၊ ကုသေရးလုပ္ငန္းမ်ားအတြက္ လိုအပ္သည္မ်ား အသုံးျပဳနိုင္ရန္ အတြက္ ယမန္ေန႔က တပ္မေတာ္ကာကြယ္ေရးဦးစီခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္အပါအ၀င္ ဗိုလ္ခ်ဳပ္ အဆင့္ႏွင့္အထက္ တပ္မေတာ္အရာရွိႀကီးမ်ားက တစ္လစာ လစာေငြ၏ ၂၅ ရာခိုင္ႏႈန္း၊ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) အရာရွိစစ္သည္မ်ားႏွင့္ စစ္သည္အစားခန႔္ အရပ္သား၀န္ထမ္းမ်ားက ၄င္းတို႔၏ လစာေငြမွ တစ္ရက္ လုပ္ခလစာေငြမ်ားကို ဒုတိယအႀကိမ္အျဖစ္ ေစတနာထက္သန္စြာျဖင့္ ထပ္မံထည့္ဝင္လွဴဒါန္းခဲ့ရာ အလွဴေငြ စုစုေပါင္း ၂.၁၅၉ ဘီလီယံေက်ာ္ျဖစ္ေၾကာင္း သိရသည္။

ပထမအႀကိမ္ ထည့္ဝင္လွဴဒါန္းမႈတြင္ ၂.၃၁၆ ဘီလီယံေက်ာ္ ျဖစ္သည့္အတြက္ ယခုဒုတိယအႀကိမ္ႏွင့္ဆိုလၽွင္ စုစုေပါင္း ၅ ဘီလီယံ နီးပါး ထည့္ဝင္လွဴဒါန္းနိုင္ခဲ့ၿပီး ရရွိအလွူေငြမ်ားျဖင့္ ျမန္မာနိုင္ငံတ၀ွမ္းရွိ တိုင္းစစ္ဌာနခ်ဳပ္ နယ္ေျမမ်ားအလိုက္ ျပည္သူ႔ေဆး႐ုံမ်ားတြင္ လိုအပ္ေသာ အေထာက္အကူျပဳ ပစၥည္းမ်ားကို လွဴဒါန္းျခင္း၊ COVID-19 ေရာဂါကာကြယ္၊ ကုသေရးလုပ္ငန္းမ်ားႏွင့္ ေနရာကန႔္သတ္ ေစာင့္ၾကည့္မႈစနစ္(Quarantine) ေဆာင္ရြက္မႈမ်ားတြင္ စနစ္တက်ျဖင့္ စီမံခန႔္ခြဲအသုံးျပဳလၽွက္ရွိေၾကာင္းသိရသည္။

ထို့အျပင္ COVID-19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္၊ ကုသေရးလုပ္ငန္းမ်ားအတြက္ လိုအပ္သည္မ်ား အသုံးျပဳနိုင္ ရန္ အတြက္ ဗိုလ္ခ်ဳပ္အဆင့္ႏွင့္အထက္ တပ္မေတာ္အရာရွိႀကီးမ်ားအေနႏွင့္ ၄င္းတို႔၏ ရရွိသည့္ လစာေငြမွ ၂၅ ရာခိုင္ႏႈန္းကို ေျခာက္လဆက္တိုက္လွဴဒါန္းသြားမည္ေၾကာင္း သိရသည္။

မိုးထက္ေဝယံ

#PeopleMedia #တပ္မေတာ္ #COVID

(Unicode)
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ဗိုလ်ချုပ်အဆင့်နှင့်အထက် တပ်မတော်အရာရှိကြီးများ၏ လစာငွေ ၂၅ ရာခိုင်နှုန်းကို ခြောက်လဆက်တိုက်လှူဒါန်းသွားမည်
………………………………………………………………………………….

နေပြည်တော်၊ မေ ၂

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လိုအပ်သည်များ အသုံးပြုနိုင်ရန် အတွက် ဗိုလ်ချုပ်အဆင့်နှင့်အထက် တပ်မတော်အရာရှိကြီးများ၏ လစာငွေ ၂၅ ရာခိုင်နှုန်းကို ခြောက်လ ဆက်တိုက်လှူဒါန်းသွားမည်ကြောင်း သိရသည်။

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လိုအပ်သည်များ အသုံးပြုနိုင်ရန် အတွက် ယမန်နေ့က တပ်မတော်ကာကွယ်ရေးဦးစီချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် ဗိုလ်ချုပ် အဆင့်နှင့်အထက် တပ်မတော်အရာရှိကြီးများက တစ်လစာ လစာငွေ၏ ၂၅ ရာခိုင်နှုန်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိစစ်သည်များနှင့် စစ်သည်အစားခန့် အရပ်သားဝန်ထမ်းများက ၄င်းတို့၏ လစာငွေမှ တစ်ရက် လုပ်ခလစာငွေများကို ဒုတိယအကြိမ်အဖြစ် စေတနာထက်သန်စွာဖြင့် ထပ်မံထည့်ဝင်လှူဒါန်းခဲ့ရာ အလှူငွေ စုစုပေါင်း ၂.၁၅၉ ဘီလီယံကျော်ဖြစ်ကြောင်း သိရသည်။

ပထမအကြိမ် ထည့်ဝင်လှူဒါန်းမှုတွင် ၂.၃၁၆ ဘီလီယံကျော် ဖြစ်သည့်အတွက် ယခုဒုတိယအကြိမ်နှင့်ဆိုလျှင် စုစုပေါင်း ၅ ဘီလီယံ နီးပါး ထည့်ဝင်လှူဒါန်းနိုင်ခဲ့ပြီး ရရှိအလှူငွေများဖြင့် မြန်မာနိုင်ငံတဝှမ်းရှိ တိုင်းစစ်ဌာနချုပ် နယ်မြေများအလိုက် ပြည်သူ့ဆေးရုံများတွင် လိုအပ်သော အထောက်အကူပြု ပစ္စည်းများကို လှူဒါန်းခြင်း၊ COVID-19 ရောဂါကာကွယ်၊ ကုသရေးလုပ်ငန်းများနှင့် နေရာကန့်သတ် စောင့်ကြည့်မှုစနစ်(Quarantine) ဆောင်ရွက်မှုများတွင် စနစ်တကျဖြင့် စီမံခန့်ခွဲအသုံးပြုလျှက်ရှိကြောင်းသိရသည်။

ထို့အပြင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လိုအပ်သည်များ အသုံးပြုနိုင် ရန် အတွက် ဗိုလ်ချုပ်အဆင့်နှင့်အထက် တပ်မတော်အရာရှိကြီးများအနေနှင့် ၄င်းတို့၏ ရရှိသည့် လစာငွေမှ ၂၅ ရာခိုင်နှုန်းကို ခြောက်လဆက်တိုက်လှူဒါန်းသွားမည်ကြောင်း သိရသည်။

မိုးထက်ဝေယံ

#PeopleMedia #တပ်မတော် #COVID


Share this post