• Follow Us on
Latest News

Home COVID-19 ရောဂါ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းကိစ္စများအား ဆောင်ရွက်နိုင်ရန် အကောက်ခွန်ဦးစီးဌာနနှင့် စီးပွားကူးသန်းဝန်ကြီးဌာနများကို ဆက်လက်ဖွင့်လှစ်သွားမည်ဟု ဝန်ကြီးဌာန ထုတ်ပြန်

COVID-19 ရောဂါ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းကိစ္စများအား ဆောင်ရွက်နိုင်ရန် အကောက်ခွန်ဦးစီးဌာနနှင့် စီးပွားကူးသန်းဝန်ကြီးဌာနများကို ဆက်လက်ဖွင့်လှစ်သွားမည်ဟု ဝန်ကြီးဌာန ထုတ်ပြန်

Share this post

နေပြည်တော် ၊ ဇူလိုင် ၁၆ (People Media)

အများပြည်သူရုံးပိတ်ရက်အဖြစ် ဇူလိုင်လ ၁၇ ရက်နေ့မှ ၂၅ ရက်အထိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ထုတ်ပြန်ထားပြီးဖြစ်သော်လည်း ယင်းနေ့များတွင် COVID-19 ရောဂါ ကာကွယ်ကုသမှုဆိုင်ရာ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းကိစ္စများအား (ရေကြောင်း၊ လေကြောင်း၊ နယ်စပ်) လမ်းကြောင်းမှတစ်ဆင့် တင်သွင်းမှုကို လွယ်ကူလျှင်မြန်စွာ ဆောင်ရွက်နိုင်ရန်အတွက် အကောက်ခွန်ဦးစီးဌာနကို ပိတ်ရက်မရှိ ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အကောင်ခွန်ဦးစီးဌာနမှ ထုတ်ပြန်ကြေငြာသည်။

ယင်းကဲ့သို့ အကောက်ခွန်ဦးစီးဌာနအနေဖြင့် ယင်းရက်များတွင် ရုံးအားဖွင့်လှစ်မည်ဟု ကြေငြာထားသည့်အပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန နယ်စပ်ကုန်သွယ်ရေးစခန်းများအနေဖြင့် ယင်းရက်များတွင် လုပ်ငန်းတာဝန်များကို ရပ်ဆိုင်းထားမည်မဟုတ်ပဲ ပုံမှန်အတိုင်းလည်ပတ်ကာ ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ဖော်ပြပါရှိသည်။

COVID-19 ရောဂါ ကာကွယ်ကုသမှုဆိုင်ရာ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းချက်များဖြင့် အညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေငြာထားသည်။

#PeopleMedia #COVID-19

(unicode)
………………………………………………………….





#PeopleMedia #COVID-19


Share this post