• Follow Us on

Home Covid 19 ရောဂါ ဖြစ်ပွားမှု ဒုတိယလှိုင်းကြီးမားနိုင်ပြီး တိုင်းပြည်ဖွံဖြိုးတိုးတက်မှုပါရိုက်ခတ်နိုင်ကြောင်း ပြည်ေ ထာင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသတိပေးပြောကြား


Share this post

ရန်ကုန်၊ ၂၀၂၀ သြဂုတ်လ ၁၈ရက်




၂၀၁၉ခုနှစ် ဒီဇင်ဘာ ၁၂ရက်တွင် တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ကူးစက်ပြန့်ပွားသည့် ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသည့်  ပြင်းထန်အဆုတ်ရောင်ရောဂါသည် နိုင်ငံတကာတွင် WHO၏ သြဂုတ်လ ၁၆ရက် ထုတ်ပြန်ချက်အရ ပိုးတွေ့လူနာ ၂၁၂၉၄၈၄၅ဦး၊ သေဆုံးသူ ၇၆၁၇၇၉ ဦးရှိပြီဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် သြဂုတ်လ ၁၈ရက်အထိ ဓါတ်ခွဲအတည်ပြုလူနာ ၃၇၆ဦး၊ ရောဂါပိုးပြန်လည်ကင်းစင်လာသူ၃၃၁ဦး ၊သေဆုံးသူ၆ဦးရှိကြောင်းသိရသည်။

#PeopleMedia

(unicode)
Covid 19 ရောဂါ ဖြစ်ပွားမှု ဒုတိယလှိုင်းကြီးမားနိုင်ပြီး တိုင်းပြည်ဖွံဖြိုးတိုးတက်မှုပါရိုက်ခတ်နိုင်ကြောင်း ပြည် ေထာင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသတိပေးပြောကြား
………………………………………………

ရန်ကုန်၊ ၂၀၂၀ ဩဂုတ်လ ၁၈ရက်

Covid 19 ဒုတိယလှိုင်း ကြီးမားနိုင်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကပြောသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ဖေ့စ်ဘုတ် စာမျက်နှာမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ၎င်းဒုတိယ လှိုင်းသည် တိုင်းပြည်ဖွံဖြိုးတိုးတက်မှုပါရိုက်ခတ်နိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံမှာ covid 19ကူးစက်မှုပထမလှိုင်း ကျရောက်ခဲ့မှုမှာ အခြားနိုင်ငံများနဲ့နှိုင်းယှဉ်လိုက်ရင် သေးငယ်တဲ့လှိုင်းဖြစ်ခဲ့ပါတယ်။ဒီလိုဖြစ်ခဲ့တာမှာလည်းပဲ covid 19ကာကွယ်ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်လမ်းညွှန်မှုနဲ့ပြည်သူအားလုံး ဝိုင်းဝန်းညီညွတ်စွာဆောင်ရွက်ခဲ့လို့ဖြစ်ပါတယ်။ ကူးစက်ရောဂါထိန်းချုပ်မှုနိယာမများနဲ့ covid 19ဗိုင်းရပစ်ပိုးရဲ့ပြောင်းလဲလျက်ရှိသော အပြုအမူသဘောသဘာဝ၊ ကူးစက်ဖြစ်ပွားမှုပုံသဏ္ဍန်တို့ကိုနောက်ခံစဉ်းစားမယ်ဆိုရင် ဒုတိယလှိုင်းဟာကြီးမားနိုင်ပြီး တိုင်းပြည်ရဲ့ဖွံဖြိုးတိုးတက်မှုကိုပါရိုက်ခတ်နိုင်ပါတယ်’’ဟု ၎င်းကပြောသည်။

၂၀၁၉ခုနှစ် ဒီဇင်ဘာ ၁၂ရက်တွင် တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ကူးစက်ပြန့်ပွားသည့် ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသည့် ပြင်းထန်အဆုတ်ရောင်ရောဂါသည် နိုင်ငံတကာတွင် WHO၏ ဩဂုတ်လ ၁၆ရက် ထုတ်ပြန်ချက်အရ ပိုးတွေ့လူနာ ၂၁၂၉၄၈၄၅ဦး၊ သေဆုံးသူ ၇၆၁၇၇၉ ဦးရှိပြီဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် ဩဂုတ်လ ၁၈ရက်အထိ ဓါတ်ခွဲအတည်ပြုလူနာ ၃၇၆ဦး၊ ရောဂါပိုးပြန်လည်ကင်းစင်လာသူ၃၃၁ဦး ၊သေဆုံးသူ၆ဦးရှိကြောင်းသိရသည်။

#PeopleMedia


Share this post