• Follow Us on

Home COVID-19 ေျဖ႐ွင္းႏိုင္ရန္ အေနာက္ႏိုင္ငံမ်ား၏ ပိတ္ဆို႔အေရးယူမႈမ်ားေျဖေလွ်ာ့ေပးေရး ႏိုင္ငံ ၂၆ ႏုိင္ငံ ေတာင္းဆို

COVID-19 ေျဖ႐ွင္းႏိုင္ရန္ အေနာက္ႏိုင္ငံမ်ား၏ ပိတ္ဆို႔အေရးယူမႈမ်ားေျဖေလွ်ာ့ေပးေရး ႏိုင္ငံ ၂၆ ႏုိင္ငံ ေတာင္းဆို

Share this post

ဂ်ီနီဗာ၊ ေအာက္တိုဘာ ၆
 
COVID-19 ကမာၻ႔ကပ္ေရာဂါကိုထိထိေရာက္ေရာက္တံု႔ျပန္ႏိုင္ရန္ အေမရိကန္ႏွင့္ အေနာက္ႏုိင္ငံမ်ား၏ ပိတ္ဆို႔ အေရးယူမႈမ်ားေျဖေလွ်ာ့ေပးေရးအတြက္ တ႐ုတ္ႏုိင္ငံႏွင့္ အျခားႏိုင္ငံ ၂၅ ႏိုင္ငံက တနလၤာေန႔တြင္ ေတာင္းဆို ခဲ့သည္။
 
တဖတ္သက္ပိတ္ဆို႔အေရးယူမႈမ်ားသည္ ကုလသမဂၢအေျခခံပဋိညာဥ္မ်ားကို ခ်ိဳးေဖာက္ေနသည္ဟု ကုလ သမဂၢအေထြေထြညီလာခံလူ႔အခြင့္အေရးေကာ္မတီအစည္းအေ၀းတြင္ ႏိုင္ငံ ၂၆ ႏိုင္ငံကိုယ္စား တ႐ုတ္သံ အမတ္ က်န္းဂၽြန္ကေျပာသည္။
 
COVID-19 ေရာဂါကိုေက်ာ္ျဖတ္တိုက္ခိုက္ႏိုင္ေရးတြင္ တကမာၻလံုးညီညြတ္ေရးႏွင့္ ႏိုင္ငံတကာပူးေပါင္း ေဆာင္႐ြက္ေရးတို႔သည္ အင္အားအေကာင္းဆံုးလက္နက္မ်ားျဖစ္ေၾကာင္းလည္း ႏုိင္ငံ ၂၆ ႏိုင္ငံပူးေပါင္း ထုတ္ျပန္ခ်က္တြင္ပါ၀င္သည္။
 
ထိုႏိုင္ငံမ်ားထဲမွတ၀က္ေက်ာ္မွာ အေမရိကန္၊ ဥေရာပသမဂၢႏွင့္ အျခားအေနာက္ႏုိင္ငံမ်ား၏ ပိတ္ဆို႔အေရး ယူမႈခံထားရေသာ က်ဴးဘား၊ ေျမာက္ကိုရီးယား၊ ႐ု႐ွား၊ အီရန္၊ ဆီးရီးယားႏွင့္ ဗင္နီဇြဲလားအပါအ၀င္ ႏိုင္ငံမ်ား ျဖစ္သည္။
 
ကုလသမဂၢအေထြေထြအတြင္းေရးမွဴးခ်ဳပ္ အန္တိုနီယို ဂူတားရက္စ္ႏွင့္ ကုလသမဂၢလူ႔အခြင့္အေဂးအႀကီးအကဲ မစ္ခ်ဲလ္ ဘာခ်ီလက္တို႔က ပိတ္ဆို႔အေရးယူမႈမ်ားေျဖေလွ်ာ့ေပးရန္ ေတာင္းဆိုထားေၾကာင္းလည္း ထုတ္ျပန္ ခ်က္တြင္ပါ၀င္သည္။
 
ကုလသမဂၢဆိုင္ရာအေမရိကန္မစ္႐ွင္ကို စာပို႔ေမးျမန္းထားေသာ္လည္း တစံုတရာေျဖ႐ွင္း ခ်က္ထုတ္ျပန္ျခင္း မ႐ွိေသးေခ်။
 
Ref : 26 countries urge Western sanctions lifting to tackle COVID-19
 
#Peoplemedia
 
(Unicode)
COVID-19 ဖြေရှင်းနိုင်ရန် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများဖြေလျှော့ပေးရေး နိုင်ငံ ၂၆ နိုင်ငံ တောင်းဆို
…………………………………………………………
 
ဂျီနီဗာ၊ အောက်တိုဘာ ၆
 
COVID-19 ကမ္ဘာ့ကပ်ရောဂါကိုထိထိရောက်ရောက်တုံ့ပြန်နိုင်ရန် အမေရိကန်နှင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့ အရေးယူမှုများဖြေလျှော့ပေးရေးအတွက် တရုတ်နိုင်ငံနှင့် အခြားနိုင်ငံ ၂၅ နိုင်ငံက တနင်္လာနေ့တွင် တောင်းဆို ခဲ့သည်။
 
တဖတ်သက်ပိတ်ဆို့အရေးယူမှုများသည် ကုလသမဂ္ဂအခြေခံပဋိညာဉ်များကို ချိုးဖောက်နေသည်ဟု ကုလ သမဂ္ဂအထွေထွေညီလာခံလူ့အခွင့်အရေးကော်မတီအစည်းအဝေးတွင် နိုင်ငံ ၂၆ နိုင်ငံကိုယ်စား တရုတ်သံ အမတ် ကျန်းဂျွန်ကပြောသည်။
 
COVID-19 ရောဂါကိုကျော်ဖြတ်တိုက်ခိုက်နိုင်ရေးတွင် တကမ္ဘာလုံးညီညွတ်ရေးနှင့် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးတို့သည် အင်အားအကောင်းဆုံးလက်နက်များဖြစ်ကြောင်းလည်း နိုင်ငံ ၂၆ နိုင်ငံပူးပေါင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။
 
ထိုနိုင်ငံများထဲမှတဝက်ကျော်မှာ အမေရိကန်၊ ဥရောပသမဂ္ဂနှင့် အခြားအနောက်နိုင်ငံများ၏ ပိတ်ဆို့အရေး ယူမှုခံထားရသော ကျူးဘား၊ မြောက်ကိုရီးယား၊ ရုရှား၊ အီရန်၊ ဆီးရီးယားနှင့် ဗင်နီဇွဲလားအပါအဝင် နိုင်ငံများ ဖြစ်သည်။
 
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်နှင့် ကုလသမဂ္ဂလူ့အခွင့်အဂေးအကြီးအကဲ မစ်ချဲလ် ဘာချီလက်တို့က ပိတ်ဆို့အရေးယူမှုများဖြေလျှော့ပေးရန် တောင်းဆိုထားကြောင်းလည်း ထုတ်ပြန် ချက်တွင်ပါဝင်သည်။
 
ကုလသမဂ္ဂဆိုင်ရာအမေရိကန်မစ်ရှင်ကို စာပို့မေးမြန်းထားသော်လည်း တစုံတရာဖြေရှင်း ချက်ထုတ်ပြန်ခြင်း မရှိသေးချေ။
 
Ref : 26 countries urge Western sanctions lifting to tackle COVID-19
 
#Peoplemedia

Share this post