• Follow Us on

Home Covid-19 ေၾကာင့္ ပိတ္ထားရသည့္ ကုန္စည္ဒိုင္မ်ား ျပန္လည္ဖြင့္လွစ္မွ ေစ်းကြက္ျပန္လည္ရွင္သန္လာမည္ျဖစ္ ေၾကာင္းႏွင့္ ဖြင့္လွစ္ႏိုင္ရန္ ၀န္ႀကီးဌာနသို႔ တင္ျပထားေၾကာင္း ဆန္စပါးကုန္စည္ဒိုင္မ်ားေျပာ

Covid-19 ေၾကာင့္ ပိတ္ထားရသည့္ ကုန္စည္ဒိုင္မ်ား ျပန္လည္ဖြင့္လွစ္မွ ေစ်းကြက္ျပန္လည္ရွင္သန္လာမည္ျဖစ္ ေၾကာင္းႏွင့္ ဖြင့္လွစ္ႏိုင္ရန္ ၀န္ႀကီးဌာနသို႔ တင္ျပထားေၾကာင္း ဆန္စပါးကုန္စည္ဒိုင္မ်ားေျပာ

Share this post

ရန္ကုန္၊ ဧၿပီ ၂၁

Covid-19 ေၾကာင့္ ပိတ္ထားရသည့္ကုန္စည္ဒိုင္မ်ား ျပန္လည္ဖြင့္လွစ္မွာသာ ဆန္စပါးေစ်းကြက္ ျပန္လည္ရွင္ သန္လာမည္ျဖစ္ေၾကာင္းႏွင့္ ကုန္စည္ဒိုင္မ်ား ျပန္လည္ဖြင့္လွစ္ႏိုင္ရန္ က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာနသို႔ တင္ျပထားေၾကာင္းလည္း ဆန္စပါးကုန္စည္ဒိုင္မ်ားမွေျပာသည္။

ကုန္စည္ဒိုင္မ်ားပိတ္သိမ္းထားျခင္းမွာ လူစုလူေဝးမျဖစ္ေအာင္ပိတ္သိမ္းထားျခင္းျဖစ္ၿပီး က်န္းမားေရး၀န္ႀကီး ဌာနမွ သတ္မွတ္ထားေသာ စည္းမ်ဉ္းစည္းကမ္းႏွင့္အညီ စစ္ေဆးမႈခံယူၿပီး ခြင့္ျပဳခ်က္ရမွသာ ျပန္လည္ ဖြင့္လွစ္မည္ျဖစ္ေၾကာင္း ဘုရင့္ေနာင္ဆန္စပါးကုန္စည္ဒိုင္ ဦးသန္းဦးကေျပာသည္။

“ကုန္စည္ဒိုင္ဖြင့္ဖို႔လိုအပ္တယ္၊ ကုန္စည္ဒိုင္ဖြင့္မွေစ်းကြက္ရွင္သန္မယ္၊ အေရာင္းအ၀ယ္ေတြလည္းပိုၿပီးေတာ့ လုပ္ရဲကိုင္ရဲလားမယ္၊ လုပ္ငန္းလုပ္တဲ့သူလည္း ပိုၿပီးအဆင္ေျပလာမယ္ အခုကေတာ့ ၀ယ္သူကေစ်းႏွစ္ ေယာက္သုံးေယာက္ပဲ၀ယ္တာရွိေပမဲ့ ေရာင္းသူကေစ်းျဖတ္ခ်င္တဲ့ေစ်းျဖတ္တာကိုခံရမယ္။ အရႈံးေပၚႏိုင္တယ္ အဲ့လိုပုံစံမ်ိဳးျဖစ္ေနတဲ့အတြက္ သိပ္မလုပ္ရဲၾကဘူးေပါ႔ေနာ္။ အဲ့ဒါကို ကုန္စည္ဒိုင္ဖြင့္ၿပီး ကုစားလို႔ေတာ့ ရသြား တာေပါ႔ေနာ္”ဟု ဦးသန္းဦးကေျပာသည္။

ကုန္စည္ဒိုင္မ်ားျပန္လည္ဖြင့္လွစ္ႏိုင္ရန္အတြက္ ျပင္ဆင္မႈအျဖစ္ ေရာင္းသူ ၀ယ္သူေနရာခြဲထားျခင္းမ်ား၊ က်န္း မာေရးႏွင့္ညီၫြတ္ေအာင္ လက္ေဆးစင္မ်ားထားရွိျခင္း၊ ပိုးသတ္ေဆးမ်ားဖ်န္းရန္စီစဥ္ျခင္း၊ ၀င္လာသည့္ လူ စာရင္းမ်ားေကာက္ယူျခင္း၊ ဒိုင္မ်ားကို အခ်ိန္သတ္မွတ္ဖြင့္လွစ္ျခင္းစသည္တို႔ လုပ္ေဆာင္ကာ က်န္းမာေရး၀န္ ႀကီးဌာနကို စာတင္ထားေၾကာင္းလည္း၎ကေျပာသည္။

Covid -19 ေရာဂါႏွင့္ပတ္သက္ၿပီး လူစလူေဝးျဖစ္မည့္အလုပ္မ်ား စက္႐ုံ၊ အလုပ္႐ုံ၊ အလုပ္ဌာနမ်ားကို စစ္ ေဆးမႈခံယူၿပီးမွသာ ျပန္လည္ဖြင့္လွစ္ရမည္ျဖစ္ေၾကာင္း ယခုလ ၁၉ရက္ကအလုပ္သမား၊ လူ၀င္မႈႀကီးၾကပ္ေရး ႏွင့္ ျပည္သူ့အင္အား၀န္ႀကီးဌာနမွ ထုတ္ျပန္ေၾကညာထားသည္။

#PeopleMedia

(Unicode)
Covid-19 ကြောင့် ပိတ်ထားရသည့် ကုန်စည်ဒိုင်များ ပြန်လည်ဖွင့်လှစ်မှ ဈေးကွက်ပြန်လည်ရှင်သန်လာမည်ဖြစ် ကြောင်းနှင့် ဖွင့်လှစ်နိုင်ရန် ဝန်ကြီးဌာနသို့ တင်ပြထားကြောင်း ဆန်စပါးကုန်စည်ဒိုင်များပြော
………………………………………..…………

ရန်ကုန်၊ ဧပြီ ၂၁

Covid-19 ကြောင့် ပိတ်ထားရသည့်ကုန်စည်ဒိုင်များ ပြန်လည်ဖွင့်လှစ်မှာသာ ဆန်စပါးဈေးကွက် ပြန်လည်ရှင် သန်လာမည်ဖြစ်ကြောင်းနှင့် ကုန်စည်ဒိုင်များ ပြန်လည်ဖွင့်လှစ်နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ တင်ပြထားကြောင်းလည်း ဆန်စပါးကုန်စည်ဒိုင်များမှပြောသည်။

ကုန်စည်ဒိုင်များပိတ်သိမ်းထားခြင်းမှာ လူစုလူဝေးမဖြစ်အောင်ပိတ်သိမ်းထားခြင်းဖြစ်ပြီး ကျန်းမားရေးဝန်ကြီး ဌာနမှ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းနှင့်အညီ စစ်ဆေးမှုခံယူပြီး ခွင့်ပြုချက်ရမှသာ ပြန်လည် ဖွင့်လှစ်မည်ဖြစ်ကြောင်း ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင် ဦးသန်းဦးကပြောသည်။

“ကုန်စည်ဒိုင်ဖွင့်ဖို့လိုအပ်တယ်၊ ကုန်စည်ဒိုင်ဖွင့်မှဈေးကွက်ရှင်သန်မယ်၊ အရောင်းအဝယ်တွေလည်းပိုပြီးတော့ လုပ်ရဲကိုင်ရဲလားမယ်၊ လုပ်ငန်းလုပ်တဲ့သူလည်း ပိုပြီးအဆင်ပြေလာမယ် အခုကတော့ ဝယ်သူကဈေးနှစ် ယောက်သုံးယောက်ပဲဝယ်တာရှိပေမဲ့ ရောင်းသူကဈေးဖြတ်ချင်တဲ့ဈေးဖြတ်တာကိုခံရမယ်။ အရှုံးပေါ်နိုင်တယ် အဲ့လိုပုံစံမျိုးဖြစ်နေတဲ့အတွက် သိပ်မလုပ်ရဲကြဘူးပေါ့နော်။ အဲ့ဒါကို ကုန်စည်ဒိုင်ဖွင့်ပြီး ကုစားလို့တော့ ရသွား တာပေါ့နော်”ဟု ဦးသန်းဦးကပြောသည်။

ကုန်စည်ဒိုင်များပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ပြင်ဆင်မှုအဖြစ် ရောင်းသူ ဝယ်သူနေရာခွဲထားခြင်းများ၊ ကျန်း မာရေးနှင့်ညီညွတ်အောင် လက်ဆေးစင်များထားရှိခြင်း၊ ပိုးသတ်ဆေးများဖျန်းရန်စီစဉ်ခြင်း၊ ဝင်လာသည့် လူ စာရင်းများကောက်ယူခြင်း၊ ဒိုင်များကို အချိန်သတ်မှတ်ဖွင့်လှစ်ခြင်းစသည်တို့ လုပ်ဆောင်ကာ ကျန်းမာရေးဝန် ကြီးဌာနကို စာတင်ထားကြောင်းလည်း၎င်းကပြောသည်။

Covid -19 ရောဂါနှင့်ပတ်သက်ပြီး လူစလူဝေးဖြစ်မည့်အလုပ်များ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများကို စစ် ဆေးမှုခံယူပြီးမှသာ ပြန်လည်ဖွင့်လှစ်ရမည်ဖြစ်ကြောင်း ယခုလ ၁၉ရက်ကအလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။

#PeopleMedia


Share this post