• Follow Us on

Home Covid-19 ေၾကာင့္ ယာယီအလုပ္နားရသည့္ အလုပ္သမားမ်ား လူမႈဖူ လုံေရးအာမခံမရွိလွ်င္ အစိုးရ၏ ေထာက္ ပံ့ကူညီမႈရမည္မဟုတ္

Covid-19 ေၾကာင့္ ယာယီအလုပ္နားရသည့္ အလုပ္သမားမ်ား လူမႈဖူ လုံေရးအာမခံမရွိလွ်င္ အစိုးရ၏ ေထာက္ ပံ့ကူညီမႈရမည္မဟုတ္

Share this post

ရန္ကုန္၊ ဧၿပီ – ၂၉

Covid-19 ေၾကာင့္ ဧၿပီလ ၂၀ ရက္မွ ၃၀ ရက္အထိ ယာယီအလုပ္နားခဲ့ရသည့္အလုပ္သမားမ်ားအနက္ လူမႈဖူ လုံေရးအက်ဳံး၀င္အာမခံထားေသာအလုပ္သမားမ်ားကိုသာ ထည့္၀င္ေၾကးေပးမည္ျဖစ္ၿပီး လုပ္ခလစာ၏ ၄၀ ရာ ခိုင္ႏႈန္းကို ေထာက္ပံ့ကူညီမႈေပးသြားမည္ျဖစ္ေၾကာင္း အလုပ္သမား၊ လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ၀န္ႀကီးဌာနမွ ယမန္ေန႔က အမိန္႔ေၾကာ္ျငာစာထုတ္ျပန္လိုက္သည္။

လူမႈဖူလုံေရးအက်ဳံး၀င္အာမခံမထားသည့္အလုပ္သမားမ်ား အစိုးရအကူအညီအေထာက္အပံ့မရသည့္အေပၚ အစိုးရအေနျဖင့္ ယင္းသို႔အလြယ္တကူမလုပ္သင့္ေၾကာင္း အလုပ္သမားသမဂၢမ်ား ပူးေပါင္းေဆာင္ရြက္ေရး ေကာ္မတီအေထြေထြအတြင္းေရးမွဴး ဦးရဲႏိုင္၀င္းကေျပာသည္။

“လူမႈဖူလုံေရးမထည့္၀င္ထားတဲ့ ယာယီအလုပ္သမားေတြရွိတယ္။ ေနာက္အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မထည့္ ၀င္ထားတဲ့သူေတြရွိတယ္။ အဲဒီအတြက္ ဘယ္လိုစဥ္းစားမလဲ။ အစိုးရက ဒီကိစၥကို ခပ္လြယ္လြယ္လုပ္ေနတာ” ဟု ဦးရဲႏိုင္၀င္းက ေျပာသည္။

ထို႔အျပင္ အစိုးရအေနျဖင့္ Covid-19 ေရာဂါႏွင့္ပတ္သက္ၿပီး စက္မႈဇုန္မ်ားကို အထူးအေလးထားေဆာင္ရြက္ ေပးေစလိုေၾကာင္းႏွင့္ စက္႐ုံတစ္႐ုံလွ်င္ လူေပါင္းေသာင္းခ်ီရွိသည့္အတြက္ ေပါ႔ဆမႈမရွိဘဲ ေသခ်ာစြာစစ္ေဆး ေပးေစလိုေၾကာင္းလည္း ၎ကေျပာသည္။

Covid-19 ေၾကာင့္ ဧၿပီလ ၂၀ရက္မွ ၃၀ရက္အထိယာယီ အလုပ္နားခဲ့ရၿပီး လူမႈဖူလုံေရးအက်ဳံး၀င္အာမခံထား ေသာအလုပ္သမားမ်ားအေနျဖင့္ အစိုးရမွေပးအပ္မည့္ေထာက္ပံ့ေၾကးရရွိရန္ အလုပ္ရွင္မ်ားက သက္ဆိုင္ရာၿမိဳ႕ နယ္လူမႈဖူလုံေရး႐ုံးမ်ားသို႔ ေလ်ာက္ထားရမည္ျဖစ္ေၾကာင္း ၀န္ႀကီးဌာန၏ အမိန္႔ေၾကာ္ျငာစာတြင္ ေဖၚျပထား သည္။

#PeopleMedia

(Unicode)
Covid-19 ကြောင့် ယာယီအလုပ်နားရသည့် အလုပ်သမားများ လူမှုဖူ လုံရေးအာမခံမရှိလျှင် အစိုးရ၏ ထောက် ပံ့ကူညီမှုရမည်မဟုတ်
………………………………………………………

ရန်ကုန်၊ ဧပြီ – ၂၉

Covid-19 ကြောင့် ဧပြီလ ၂၀ ရက်မှ ၃၀ ရက်အထိ ယာယီအလုပ်နားခဲ့ရသည့်အလုပ်သမားများအနက် လူမှုဖူ လုံရေးအကျုံးဝင်အာမခံထားသောအလုပ်သမားများကိုသာ ထည့်ဝင်ကြေးပေးမည်ဖြစ်ပြီး လုပ်ခလစာ၏ ၄၀ ရာ ခိုင်နှုန်းကို ထောက်ပံ့ကူညီမှုပေးသွားမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ယမန်နေ့က အမိန့်ကြော်ငြာစာထုတ်ပြန်လိုက်သည်။

လူမှုဖူလုံရေးအကျုံးဝင်အာမခံမထားသည့်အလုပ်သမားများ အစိုးရအကူအညီအထောက်အပံ့မရသည့်အပေါ် အစိုးရအနေဖြင့် ယင်းသို့အလွယ်တကူမလုပ်သင့်ကြောင်း အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီအထွေထွေအတွင်းရေးမှူး ဦးရဲနိုင်ဝင်းကပြောသည်။

“လူမှုဖူလုံရေးမထည့်ဝင်ထားတဲ့ ယာယီအလုပ်သမားတွေရှိတယ်။ နောက်အကြောင်းအမျိုးမျိုးကြောင့် မထည့် ဝင်ထားတဲ့သူတွေရှိတယ်။ အဲဒီအတွက် ဘယ်လိုစဉ်းစားမလဲ။ အစိုးရက ဒီကိစ္စကို ခပ်လွယ်လွယ်လုပ်နေတာ” ဟု ဦးရဲနိုင်ဝင်းက ပြောသည်။

ထို့အပြင် အစိုးရအနေဖြင့် Covid-19 ရောဂါနှင့်ပတ်သက်ပြီး စက်မှုဇုန်များကို အထူးအလေးထားဆောင်ရွက် ပေးစေလိုကြောင်းနှင့် စက်ရုံတစ်ရုံလျှင် လူပေါင်းသောင်းချီရှိသည့်အတွက် ပေါ့ဆမှုမရှိဘဲ သေချာစွာစစ်ဆေး ပေးစေလိုကြောင်းလည်း ၎င်းကပြောသည်။

Covid-19 ကြောင့် ဧပြီလ ၂၀ရက်မှ ၃၀ရက်အထိယာယီ အလုပ်နားခဲ့ရပြီး လူမှုဖူလုံရေးအကျုံးဝင်အာမခံထား သောအလုပ်သမားများအနေဖြင့် အစိုးရမှပေးအပ်မည့်ထောက်ပံ့ကြေးရရှိရန် အလုပ်ရှင်များက သက်ဆိုင်ရာမြို့ နယ်လူမှုဖူလုံရေးရုံးများသို့ လျောက်ထားရမည်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာတွင် ဖေါ်ပြထား သည်။

#PeopleMedia


Share this post