• Follow Us on

Home Covid- 19 ေၾကာင့္ အစိုးရ႐ုံးဌာနမ်ား ၀န္ထမ္းအင္အား၏ ၅၀ ရာခိုင္ႏႈန္းကိုသာ တာ၀န္ထမ္းေဆာင္ေစရန္ ႏုိင္ ငံေတာ္သမၼတ႐ုံးၫႊန္ၾကားစာထုတ္

Covid- 19 ေၾကာင့္ အစိုးရ႐ုံးဌာနမ်ား ၀န္ထမ္းအင္အား၏ ၅၀ ရာခိုင္ႏႈန္းကိုသာ တာ၀န္ထမ္းေဆာင္ေစရန္ ႏုိင္ ငံေတာ္သမၼတ႐ုံးၫႊန္ၾကားစာထုတ္

Share this post

ရန္ကုန္၊ မတ္ – ၂၆

Covid-19ေၾကာင့္ အစိုးရ႐ုံးဌာနမ်ားအေနျဖင့္ ႐ုံးခ်ိန္အတြင္း လက္ရွိ၀န္ထမ္းအင္အား၏ (၅၀) ရာခိုင္ႏႈန္းကိုသာ တာ၀န္ထမ္းေဆာင္ေစရန္ ႏုိင္ငံေတာ္သမၼတ႐ုံးက ၫႊန္ၾကားစာတစ္ေစာင္ကို ယခုလ ၂၅ ရက္ ရက္စြဲျဖင့္ ထုတ္ ျပန္လိုက္သည္။

နားရက္ရသည့္ က်န္၀န္ထမ္း(၅၀)ရာခိုင္ႏႈန္းအေနျဖင္႔ မိမိတို႔၀န္ထမ္းအိမ္ရာ၊အေဆာင္ႏွင့္ ေနအိမ္ စသည့္ ေနရာမ်ားတြင္ တာ၀န္ခ်ိန္အျဖစ္သတ္မွတ္၍ မပ်က္မကြက္ ေနထိုင္သြားရန္ႏွင့္ လိုအပ္၍ ေခၚယူပါက အခ်ိန္နဲ႔ တစ္ေျပးညီ ႐ုံးသို႔လာေရာက္တာ၀န္ထမ္းေဆာင္နိုင္ေရး စီစဥ္ေဆာင္ရြက္သြားရမည္ျဖစ္ေၾကာင္းလည္း ၫႊန္ ၾကားစာတြင္ပါရွိသည္။

၀န္ထမ္းမ်ား၅၀ရာခိုင္ႏႈန္းသာ တာ၀န္ထမ္းေဆာင္ျခင္းကို ယခုလ ၂၆ ရက္မွ စတင္ေဆာင္ရြက္ရမည္ျဖစ္ကာ ပံုမွန္ထမ္းေဆာင္ရမည့္ကာလကို ထပ္မံအေၾကာင္းၾကားသြားမည္ျဖစ္ေၾကာင္းႏွင့္ ၫႊန္ၾကားစာကို ျပည္ေထာင္စု အဆင့္ အဖြဲ႕အစည္းအားလံုး၊ ျပည္ေထာင္စု၀န္ႀကီးဌာနအားလံုး၊ ေနျပည္ေတာ္ေကာင္စီ၊ တိုင္းေဒသႀကီးျပည္ နယ္အစိုးရအဖြဲ႕အားလံုးတိက်စြာလိုက္နာေဆာင္ရြက္သြားရန္ ၫႊန္ၾကားစာတြင္ေဖၚျပထားသည္။

ထို႔အျပင္ ယခုကာလအတြင္း တာ၀န္မွအပ သက္ဆိုင္ရာ ႐ုံး/ဌာနတို႔၏ ခြင့္ျပဳခ်က္မရွိဘဲ တာ၀န္က်ရာေဒသမွ ထြက္ခြာျခင္းမျပဳၾကရန္ႏွင္႔ က်န္းမာေရးႏွင္႔အားကစား၀န္ႀကီးဌာနက ေန႔စဥ္ထုတ္ျပန္လ်က္ရွိသည့္ ကို႐ုိနာ ဗိုင္းရပ္စ္ေရာဂါ (COVID-19) ႏွင့္ပတ္သက္ေသာ က်န္းမာေရးဆိုင္ရာေဆာင္ရြက္ခ်က္မ်ားကို တိက်စြာ လိုက္ နာေဆာင္ရြက္ရန္ သမၼတ႐ုံးမွၫႊန္ၾကားထားသည္။

#PeopleMedia

(Unicode)
Covid- 19 ကြောင့် အစိုးရရုံးဌာနများ ဝန်ထမ်းအင်အား၏ ၅၀ ရာခိုင်နှုန်းကိုသာ တာဝန်ထမ်းဆောင်စေရန် နိုင် ငံတော်သမ္မတရုံးညွှန်ကြားစာထုတ်
……………………………………………………………….

ရန်ကုန်၊ မတ် – ၂၆

Covid-19ကြောင့် အစိုးရရုံးဌာနများအနေဖြင့် ရုံးချိန်အတွင်း လက်ရှိဝန်ထမ်းအင်အား၏ (၅၀) ရာခိုင်နှုန်းကိုသာ တာဝန်ထမ်းဆောင်စေရန် နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားစာတစ်စောင်ကို ယခုလ ၂၅ ရက် ရက်စွဲဖြင့် ထုတ် ပြန်လိုက်သည်။

နားရက်ရသည့် ကျန်ဝန်ထမ်း(၅၀)ရာခိုင်နှုန်းအနေဖြင့် မိမိတို့ဝန်ထမ်းအိမ်ရာ၊အဆောင်နှင့် နေအိမ် စသည့် နေရာများတွင် တာဝန်ချိန်အဖြစ်သတ်မှတ်၍ မပျက်မကွက် နေထိုင်သွားရန်နှင့် လိုအပ်၍ ခေါ်ယူပါက အချိန်နဲ့ တစ်ပြေးညီ ရုံးသို့လာရောက်တာဝန်ထမ်းဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းလည်း ညွှန် ကြားစာတွင်ပါရှိသည်။

ဝန်ထမ်းများ၅၀ရာခိုင်နှုန်းသာ တာဝန်ထမ်းဆောင်ခြင်းကို ယခုလ ၂၆ ရက်မှ စတင်ဆောင်ရွက်ရမည်ဖြစ်ကာ ပုံမှန်ထမ်းဆောင်ရမည့်ကာလကို ထပ်မံအကြောင်းကြားသွားမည်ဖြစ်ကြောင်းနှင့် ညွှန်ကြားစာကို ပြည်ထောင်စု အဆင့် အဖွဲ့အစည်းအားလုံး၊ ပြည်ထောင်စုဝန်ကြီးဌာနအားလုံး၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးပြည် နယ်အစိုးရအဖွဲ့အားလုံးတိကျစွာလိုက်နာဆောင်ရွက်သွားရန် ညွှန်ကြားစာတွင်ဖေါ်ပြထားသည်။

ထို့အပြင် ယခုကာလအတွင်း တာဝန်မှအပ သက်ဆိုင်ရာ ရုံး/ဌာနတို့၏ ခွင့်ပြုချက်မရှိဘဲ တာဝန်ကျရာဒေသမှ ထွက်ခွာခြင်းမပြုကြရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက နေ့စဉ်ထုတ်ပြန်လျက်ရှိသည့် ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ (COVID-19) နှင့်ပတ်သက်သော ကျန်းမာရေးဆိုင်ရာဆောင်ရွက်ချက်များကို တိကျစွာ လိုက် နာဆောင်ရွက်ရန် သမ္မတရုံးမှညွှန်ကြားထားသည်။

#PeopleMedia


Share this post