• Follow Us on
Latest News

Home Covid 19 Virus ေတြ႕ရွိမႈအေျခအေနေၾကာင့္ ရန္ကုန္ၿမိဳ႕နယ္အခ်ိဳ႕တြင္ ျပည္ခိုင္ၿဖိဳးပါတီမွ (Free Delivery service) ၀န္ေဆာင္မႈေပး

Covid 19 Virus ေတြ႕ရွိမႈအေျခအေနေၾကာင့္ ရန္ကုန္ၿမိဳ႕နယ္အခ်ိဳ႕တြင္ ျပည္ခိုင္ၿဖိဳးပါတီမွ (Free Delivery service) ၀န္ေဆာင္မႈေပး

Share this post

ျမန္မာႏိုင္ငံတြင္ Covid 19 Virus ကူးစက္မႈေလ်ာ့က်ေစေရးအတြက္ ျပည္ေထာင္စုႀကံခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရး ပါတီအေနျဖင့္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕နယ္အခ်ိဳ႕တြင္ အိမ္တိုင္ယာေရာက္ပစၥည္းပို႔ေဆာင္ေရး စနစ္ (Free Delivery service) အား ၀န္ေဆာင္မႈေပးေနေၾကာင္း မတ္လ ၂၈ ရက္ေန႔က သိရသည္။

အဆိုပါ၀န္ေဆာင္မႈေပးရာတြင္ စားေသာက္ကုန္ပစၥည္းမ်ား အသင့္စားသုံးႏိုင္ေသာအစားအေသာက္မ်ားကို မွာယူသည့္ၿမိဳ႕အလိုက္ ၀န္ေဆာင္မႈေပးလ်က္ရွိကာ အဆိုပါကဲ့သို႔ လိုက္လံမႈေပးျခင္းအတြက္ ၀န္ေဆာင္ခ အားေပးရန္မလိုအပ္ေၾကာင္းလည္းသိရသည္။

“ျပည္သူေတြအခက္အခဲျဖစ္တဲ့အခါမွာ ၾကည့္မေနႏိုင္တဲ့အတြက္ ဒီလို၀င္ကူညီတာပါ အဓိကေတာ့ ျပည္သူေတြ အခက္အခဲျဖစ္ေနက်တယ္ အိမ္ျပင္မထြက္ခ်င္ဘူး အိမ္ထဲမွာပဲေနခ်င္တယ္။ ေစ်း၀ယ္မထြက္ခ်င္ဘူး အဲ့ဒါမ်ိဳး ေတြကို လွမ္းၿပီးေတာ့ ဖုန္းဆက္တာနဲ႔ သူတို႔၀ယ္ခိုင္းတဲ့ပစၥည္းက ကၽြန္ေတာ္တို႔က ေငြေၾကးနည္းတယ္ဆိုရင္ တစ္ခါထဲ၀ယ္သြားတယ္။ ေငြေၾကးကမ်ားတယ္ဆိုရင္ သြား၀ယ္ေပးၿပီးေတာ့ျပန္ပို႔ေပးပါတယ္” ဟု ျပည္ေထာင္ စုႀကံခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ ရန္ကုန္တိုင္းအတြင္းေရးမွဴးျဖစ္သူ ဦးေက်ာ္စိုးက ေျပာသည္။

လက္ရွိတြင္ အိမ္တိုင္ယာေရာက္ ပစၥည္းပို႔ေဆာင္ေရးစနစ္ (Free Delivery service) အား ရန္ကုန္တိုင္းေဒသ ႀကီးအတြင္းရွိ ၿမိဳ႕နယ္ ၁၁ ၿမိဳ႕နယ္တြင္ ေဆာင္ရြက္ေနၿပီး က်န္ၿမိဳ႕နယ္မ်ားတြင္လည္း ေဆာင္ရြက္ရန္ရွိေၾကာင္း ၎ကဆိုသည္။

“၀န္ေဆာင္မႈအေျခအေနကေတာ့ အေကာင္းဆုံး လုပ္ေပးတာေပ့ါေလ တစ္ခ်ိဳ႕ေတြက်ေတာ့ ကၽြန္ေတာ္တို႔ လုပ္မွန္းသိေတာ့ ကန္စြန္းရြက္သုံးစီးလိုမ်ိဳး၀ယ္ခိုင္းတာေတြလည္းရွိေနတယ္။ တကယ္လိုအပ္တဲ့သူကေတာ့ အမ်ားစုေပ့ါေလ” ဟု ဦးေက်ာ္စိုးက ေျပာသည္။

မတ္လ ၂၈ ရက္ေန႔ နံနက္ပိုင္းအထိ က်န္းမာေရး ႏွင့္ အားကစား၀န္ႀကီးဌာနမွ အတည္ျပဳလူနာ စာရင္းမ်ားအရ ျမန္မာႏိုင္ငံတြင္ Covid 19 Virus လူနာ ၈ ဦးအထိရွိၿပီး အဆိုပါပိုးေတြ႕ရွိသည့္ ေနရာအခ်ိဳ႕ကိုလည္း သြားလာမႈ ပိတ္ပင္ျခင္းကို (Lock Down ) အစိုးရမွ လုပ္ေဆာင္လ်က္ရွိၿပီး ယင္းသို႔လုပ္ေဆာင္လ်က္ရွိျခင္းေၾကာင့္ ျပည္သူအမ်ားစုသည္ (Free Delivery service) ကို မွာယူမႈမ်ားလာေၾကာင္းသိရသည္။

Photo – USDP

#PeopleMedia

(Unicode)
Covid 19 Virus တွေ့ရှိမှုအခြေအနေကြောင့် ရန်ကုန်မြို့နယ်အချို့တွင် ပြည်ခိုင်ဖြိုးပါတီမှ (Free Delivery service) ဝန်ဆောင်မှုပေး
………………………………………………………………………

မြန်မာနိုင်ငံတွင် Covid 19 Virus ကူးစက်မှုလျော့ကျစေရေးအတွက် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် အိမ်တိုင်ယာရောက်ပစ္စည်းပို့ဆောင်ရေး စနစ် (Free Delivery service) အား ဝန်ဆောင်မှုပေးနေကြောင်း မတ်လ ၂၈ ရက်နေ့က သိရသည်။

အဆိုပါဝန်ဆောင်မှုပေးရာတွင် စားသောက်ကုန်ပစ္စည်းများ အသင့်စားသုံးနိုင်သောအစားအသောက်များကို မှာယူသည့်မြို့အလိုက် ဝန်ဆောင်မှုပေးလျက်ရှိကာ အဆိုပါကဲ့သို့ လိုက်လံမှုပေးခြင်းအတွက် ဝန်ဆောင်ခ အားပေးရန်မလိုအပ်ကြောင်းလည်းသိရသည်။

“ပြည်သူတွေအခက်အခဲဖြစ်တဲ့အခါမှာ ကြည့်မနေနိုင်တဲ့အတွက် ဒီလိုဝင်ကူညီတာပါ အဓိကတော့ ပြည်သူတွေ အခက်အခဲဖြစ်နေကျတယ် အိမ်ပြင်မထွက်ချင်ဘူး အိမ်ထဲမှာပဲနေချင်တယ်။ ဈေးဝယ်မထွက်ချင်ဘူး အဲ့ဒါမျိုး တွေကို လှမ်းပြီးတော့ ဖုန်းဆက်တာနဲ့ သူတို့ဝယ်ခိုင်းတဲ့ပစ္စည်းက ကျွန်တော်တို့က ငွေကြေးနည်းတယ်ဆိုရင် တစ်ခါထဲဝယ်သွားတယ်။ ငွေကြေးကများတယ်ဆိုရင် သွားဝယ်ပေးပြီးတော့ပြန်ပို့ပေးပါတယ်” ဟု ပြည်ထောင် စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းအတွင်းရေးမှူးဖြစ်သူ ဦးကျော်စိုးက ပြောသည်။

လက်ရှိတွင် အိမ်တိုင်ယာရောက် ပစ္စည်းပို့ဆောင်ရေးစနစ် (Free Delivery service) အား ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ် ၁၁ မြို့နယ်တွင် ဆောင်ရွက်နေပြီး ကျန်မြို့နယ်များတွင်လည်း ဆောင်ရွက်ရန်ရှိကြောင်း ၎င်းကဆိုသည်။

“ဝန်ဆောင်မှုအခြေအနေကတော့ အကောင်းဆုံး လုပ်ပေးတာပေ့ါလေ တစ်ချို့တွေကျတော့ ကျွန်တော်တို့ လုပ်မှန်းသိတော့ ကန်စွန်းရွက်သုံးစီးလိုမျိုးဝယ်ခိုင်းတာတွေလည်းရှိနေတယ်။ တကယ်လိုအပ်တဲ့သူကတော့ အများစုပေ့ါလေ” ဟု ဦးကျော်စိုးက ပြောသည်။

မတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းအထိ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ အတည်ပြုလူနာ စာရင်းများအရ မြန်မာနိုင်ငံတွင် Covid 19 Virus လူနာ ၈ ဦးအထိရှိပြီး အဆိုပါပိုးတွေ့ရှိသည့် နေရာအချို့ကိုလည်း သွားလာမှု ပိတ်ပင်ခြင်းကို (Lock Down ) အစိုးရမှ လုပ်ဆောင်လျက်ရှိပြီး ယင်းသို့လုပ်ဆောင်လျက်ရှိခြင်းကြောင့် ပြည်သူအများစုသည် (Free Delivery service) ကို မှာယူမှုများလာကြောင်းသိရသည်။

Photo – USDP

#PeopleMedia


Share this post