• Follow Us on

Home CRPH၊ NUG၊ PDF များကို သတင်းပေးသူနှင့် ဖမ်းဆီးပေးသူတို့အား ဆုကြေးငွေ အနည်းဆုံး ၅ သိန်းမှ အများဆုံးပမာဏကို ကန့်သတ်မထားဘဲ ဖြစ်စဉ်အပေါ်မူတည်ပြီး ဆုချီးမြှင့်မည်ဟု န.စ.က ထုတ်ပြန်

CRPH၊ NUG၊ PDF များကို သတင်းပေးသူနှင့် ဖမ်းဆီးပေးသူတို့အား ဆုကြေးငွေ အနည်းဆုံး ၅ သိန်းမှ အများဆုံးပမာဏကို ကန့်သတ်မထားဘဲ ဖြစ်စဉ်အပေါ်မူတည်ပြီး ဆုချီးမြှင့်မည်ဟု န.စ.က ထုတ်ပြန်

Share this post

နေပြည်တော်၊ သြဂုတ် ၂၈ (People Media)

 

CRPH၊ NUG၊ PDF များကို သတင်းပေးသူနှင့် ဖမ်းဆီးပေးသူတို့အား ဆုကြေးငွေအနည်းဆုံး ၅ သိန်းမှ အများ ဆုံးပမာဏကို ကန့်သတ်မထားဘဲ ဖြစ်စဉ်အပေါ်မူတည်ပြီး ဆုချီးမြှင့်မည်ဖြစ်ကြောင်း တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့မှ သြဂုတ်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

 

အဆိုပါထုတ်ပြန်ချက်တွင် ရရှိသည့်သတင်းအရ ဖော်ထုတ်ရရှိမှုအပေါ်မူတည်၍ သတင်းပေးသူနှင့် ဖမ်းဆီးသူ တို့အား ဆုကြေးငွေအနည်းဆုံး ကျပ် ၅ သိန်းမှ အများဆုံးပမာဏကို ကန့်သတ်မထားဘဲ ဖြစ်စဉ်အပေါ်မူတည် ပြီး ထိုက်ထိုက်တန်တန်လျှို့ဝှက်၍ ချီးမြှင့်မည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

 

ထို့အပြင် အကြမ်းဖက်မှုဆိုရာတွင် ကိုယ်တိုင်အကြမ်းဖက်တိုက်ခိုက်ခြင်းမပြုသော်လည်း အကြမ်းဖက်အုပ်စု၊ အကြမ်းဖက်သမားများနှင့်စပ်လျဉ်း၍ ပါဝင်ပတ်သက်ပါက ကျူးလွန်ရာရောက်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်းနှင့် အရေးယူခံရပါက အရေးယူခြင်းခံရသူပိုင် ငွေကြေးနှင့် ပစ္စည်း များထိန်းချုပ်သိမ်းဆည်းခြင်းခံရမည်ဖြစ်သည်။ ပြစ်မှုထင်ရှားပါက နိုင်ငံ့ဘဏ္ဍာအဖြစ်သိမ်းဆည်းခြင်းခံရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

 

အလားတူ ပြည်သူများအနေဖြင့် အကြမ်းဖက်သမား၊ အကြမ်းဖက်အုပ်စုများနှင့်စပ်လျဉ်းပြီး သက်ဆိုင်ရာလုံခြုံ ရေးအဖွဲ့အစည်းများ၊ ရဲစခန်းများသို့ သတင်းပေးပို့ရန်နှင့် သတင်းပေးသူသည် အမည်၊ နေရပ်တို့ကို ဖော်ပြခြင်း မပြုဘဲ သတင်းပေးပို့နိုင်ပြီး နေရပ်လိပ်စာတို့ကို ဖော်ပြသတင်းပေးပါကလည်း အထူးလျှို့ဝှက်ထားမည်ဖြစ် ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ကြေညာထားသည်။

 

Photo – credit

 

#PeopleMedia #နစက #PDF #NUG

 

(unicode)


………………………………………………………………

 


 


 


 


 


 

Photo – credit

 



Share this post