• Follow Us on

Home CRPH နှင့် CRPH က ဖွဲ့စည်းသည့် အဖွဲ့အစည်းကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ပတ်သက်ပါက သေ ဒဏ်ဖြစ်စေ၊ ထောင်ဒဏ် ၂၂ နှစ်ဖြစ်စေ ချမှတ်ကြောင်း န-စ-က ထုတ်ပြန်

CRPH နှင့် CRPH က ဖွဲ့စည်းသည့် အဖွဲ့အစည်းကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ပတ်သက်ပါက သေ ဒဏ်ဖြစ်စေ၊ ထောင်ဒဏ် ၂၂ နှစ်ဖြစ်စေ ချမှတ်ကြောင်း န-စ-က ထုတ်ပြန်

Share this post

ရန်ကုန်၊ မတ် – ၈ (People Media)

 

CRPH နှင့် CRPH က ဖွဲ့စည်းသည့် အဖွဲ့အစည်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်သောကြောင့် ရာဇ သတ်ကြီး ပုဒ်မ ၁၂၂ အရ နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ရာရောက်သည့်အတွက် ရာဇသတ်ကြီး ပုဒ်မ ၁၂၂ အရ သေဒဏ်မှ ထောင်ဒဏ်နှစ်နှစ်ဆယ်အထိ ချမှတ်နိုင်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံ ပိုင်သတင်းစာတွင် ထုတ်ပြန်သည်။

 

အလားတူ ၂၀၂၀ ပြည့်နှစ်တွင် လွှတ်တော်ကိုယ်စားလှယ်ဖြစ်မြောက်ခြင်းမရှိသည့် လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရပ်တည်ပိုင်ခွင့်မရှိသူများက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH အမည်ဖြင့် ကော် မတီဖွဲ့စည်းဆောင်ရွက်ခြင်းသည် ဥပဒေနှင့် ညီညွတ်ခြင်းမရှိသည့်အပြင် ကြီးလေးသည့်ရာဇဝတ်မှုကို ကျူး လွန်ရာရောက်သဖြင့် ထိုသို့ဆောင်ရွက်ပါက ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း နိုင်ငံပိုင်စီမံအုပ်ချုပ်ရေး ကောင်စီမှ ထုတ်ပြန်ထားခြင်းဖြစ်သည်။

 

အလားတူ CRPH ကို အထောက်အကူပြုစေရန်အတွက် နိုင်ငံ့ဝန်ထမ်းများကို တာဝန်ပျက်ကွက်အောင် ဆွဲ ဆောင်စည်းရုံးသူများ၊ လှုံံ့ဆော်သူများ၊ ခြိမ်းခြောက်သူများသည် ရာဇသတ်ကြီးပုဒ်မ ၁၂၄-ဃ အရ အစိုးရ အမှုထမ်းများအား ဟန့်တားခြင်း (သို့) ခြိမ်းခြောက်ခြင်းကို ကျူးလွန်ရာရောက်ပြီး ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်ကြောင်း ဖော်ပြပါရှိသည်။

 

ထို့အပြင် CRPH နှင့် CRPH အဖွဲ့အစည်းများသည် အစိုးရဖွဲ့စည်းခြင်း၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်း ခြင်းသည် ဥပဒေနှင့် ဆန့်ကျင်သည့်အဖွဲ့အစည်းများကို လုပ်ဆောင်နေသောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ဆန့်ကျင်ရာရောက်ကြောင်းလည်း ဖော်ပြပါရှိသည်။

 

နိုင်ငံတော်သစ္စာဖောက်ဖျက်သူများကို ကျူးလွန်နေကြသည့် CRPH နှင့် CRPH က ဖွဲ့စည်းသည့် အဖွဲ့ အစည်းများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ၊ ပါဝင်ဆောင်ရွက်သူများ၊ အားပေးကူညီသူများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ပါဝင်ဆောင်ရွက်ခြင်းမပြုရန်လည်း ဖော်ပြ ပါရှိသည်။

 

#PeopleMedia #နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

 

(unicode)

……………………………………………………









Share this post