• Follow Us on

Home CRPH နှင့် NUG တို့မှ ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်လုပ်ရပ်များကို ရှုတ်ချသွားရန် အမေရိကန်နှင့် အာ ဆီယံအဖွဲ့ဝင်နိုင်ငံများကို နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင် တိုက်တွန်း

CRPH နှင့် NUG တို့မှ ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်လုပ်ရပ်များကို ရှုတ်ချသွားရန် အမေရိကန်နှင့် အာ ဆီယံအဖွဲ့ဝင်နိုင်ငံများကို နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင် တိုက်တွန်း

Share this post

နေပြည်တော် ၊ စက်တင်ဘာ ၂၄ (People Media)

 

(၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံနှင့် ပတ်သက်၍ ဆက်စပ်ကျင်းပသည့် အာဆီယံ-အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို video conferencing ဖြင့် စက်တင်ဘာ ၂၄ ရက်နေ့က ပြုလုပ် ရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် တက်ရောက်ဆွေးနွေးခဲ့သည်။

 

အဆိုပါ အစည်းအဝေး၌ CRPH နှင့် NUG တို့မှ ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်လုပ်ရပ်များကို ရှုတ်ချ သွားရန် အမေရိကန်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများကို နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင် တိုက်တွန်း ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်ထုတ်ပြန်ထားသည်။

 

အဆိုပါ အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno L.P. Marsudi နှင့် အမေရိကန် နိုင်ငံခြား ရေးဝန်ကြီး Antony Blinken တို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် တာဝန်ယူခဲ့ကြပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီး များ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် အာဆီယံနှင့် အမေရိကန်တို့မှ ကိုယ်စားလှယ်များနှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

 

ယင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က “COVID-19 ကာကွယ်တိုက်ဖျက်ရေးတွင် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် အရေးကြီးကြောင်း၊ အာဆီယံ၏ COVID-19 ကာကွယ်တိုက်ဖျက် ရေးကြိုးပမ်းမှုတွင် အမေရိကန်နိုင်ငံ၏ ကူညီထောက်ပံ့မှုများအပေါ် ကျေးဇူးတင်ကြောင်း၊ အကူအညီများ ထပ်မံ ပေးအပ်သွားရန် တိုက်တွန်းကြောင်းနှင့် အာဆီယံပေါင်းစည်းရေး ဦးဆောင်ဦးရွက်ပြုမှုအစီအစဉ် (IAI) ကို လည်း ဆက်လက်ကူညီပံ့ပိုးသွားရန် တိုက်တွန်းကြောင်း” ပြောကြားခဲ့သည်။

 

ယင်းအပြင် CRPH နှင့် NUG တို့မှ ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်လုပ်ရပ်များကို ရှုတ်ချသွားရန် ပြည် ထောင်စုဝန်ကြီးက အမေရိကန်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများကို တိုက်တွန်းကြောင်း အဆိုပါ အစည်းအဝေး တွင် ပြောကြားသည်။

 

“CRPH နှင့် NUG တို့မှ ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်လုပ်ရပ်များကို ရှုတ်ချသွားရန် ပြည်ထောင်စုဝန်ကြီး က အမေရိကန်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများကို တိုက်တွန်းခဲ့သည်။ ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့ အစည်းများတွင် ယင်းအဖွဲ့များမှ ကိုယ်စားလှယ်များ ကိုယ်စားပြုမှုလုပ်ဆောင်မှုများသည် တရားဝင်မှုမရှိ ကြောင်းနှင့် လက်မခံနိုင်ကြောင်း” ပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံနှင့်ပတ်သက်၍ နိုင်ငံတွင်းလုံခြုံရေးအခြေအနေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်း စဉ် (၅) ရပ်နှင့် မြန်မာနိုင်ငံပြည်သူလူထုအတွက် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ ပေးအပ်ရေး အတွက် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်နေမှုအပါအဝင် အာဆီယံနိုင်ငံ့ခေါင်းဆောင်များအစည်းအဝေး၏ သဘောတူညီချက် (၅) ချက်အား အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးပြော ကြားခဲ့ကြောင်း သိရသည်။

 

#PeopleMedia #နိုင်ငံခြားရေးဝန်ကြီးဌာန

 

(unicode)


…………………………………………………………………………….

 


 


 


 


 


 


 


 


 



Share this post