• Follow Us on

Home DKBA ၏ လစ်လပ်လျက်ရှိသော စစ်ဦးစီးချုပ်နေရာတွင် ဒုတိယစစ်ဦးစီးချုပ်ဖြစ်သည့် စောစတီးအား ခန့်အပ်

DKBA ၏ လစ်လပ်လျက်ရှိသော စစ်ဦးစီးချုပ်နေရာတွင် ဒုတိယစစ်ဦးစီးချုပ်ဖြစ်သည့် စောစတီးအား ခန့်အပ်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၃ (People Media)

 

အစိုးရနှင့် တစ်နိုင်ငံလုံးအဆင့် ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ ရပ်စဲရေးသဘောတူညီမှုစာချုပ် (NCA) လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) မှ လစ် လပ်လျက်ရှိသည့် စစ်ဦးစီးချုပ်နေရာအား ဒုတိယစစ်ဦးစီးချုပ်ဖြစ်သည့် စောစတီးအား ခန့်အပ်လိုက်ကြောင်း စက်တင်ဘာ ၂၃ ရက်နေ့ ရက်စွဲဖြင့် DKBA မှ ထုတ်ပြန်ကြေညာသည်။

 

အဆိုပါ ထုတ်ပြန်ချက်တွင် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) မှ လစ်လပ်လျက်ရှိသော စစ်ဦးစီး ချုပ်နေရာတွင် ဒုတိယစစ်ဦးစီးချုပ်ဖြစ်သည့် စောစတီးအား စက်တင်ဘာ ၂၃ ရက်နေ့မှ စတင်၍ ဗဟိုအလုပ်အ မှုဆောင်ကော်မတီ၏ အရေးပေါ်အစည်းအဝေး သဘောတူညီဆုံးဖြတ်ချက်အရ စစ်ဦးစီးချုပ်နေရာအား တာဝန် ပေးအပ်ကြောင်း ဖော်ပြပါရှိသည်။

 

ပြီးခဲ့သည့်လပိုင်းက မင်္ဂလာဒုံမြို့နယ်၊ တပ်မတော်စစ်ဆေးရုံတွင် ကိုဗစ်ရောဂါဖြင့် DKBA စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး စောမိုရှေးသည် ကွယ်လွန်ပြီးနောက် ၎င်းကို ယခုကဲ့သို့ ခန့်အပ်လိုက်ခြင်းဖြစ်သည်။

 

#PeopleMedia #DKBA

 

(unicode)


………………………………………………………………………

 


 


 


 


 

#PeopleMedia #DKBA


Share this post