Dream Bed ပေါ်တွင် ကျိန်းနေသည့် ကျောင်းထိုင်ဆရာတော်ကို အတူနေသည့် ဥူးဇင်းမှ ၁၀ ပေါင်တူဖြင့် ထုသတ်

PUBLISHED - September 13, 2023
နေပြည်တော်၊ စက်တင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ နွယ်ခွေကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာရှိ “ဇမ္မူ့ ရတနာကျောင်းတိုက်” အတွင်း Dream Bed ပေါ်တွင် ကျိန်းနေသည့် ကျောင်းထိုင်ဆရာတော်ကို အတူနေ သည့် ဥူးဇင်းတစ်ပါးမှ ၁၀ ပေါင်တူဖြင့် ထိုကျောင်းထိုင်ဆရာတော်ကို ထုသတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၁ ရက် နံနက်ခင်းအချိန်တွင် “ဇမ္မူ့ရတနာကျောင်းတိုက်” ရှိ ကျောင်း အုတ်တံ တိုင်းအသစ်ကာရံစဉ် ကျောင်းထိုင်ဆရာတော်မှ ဦးသီရိန္ဒမှ ထိုကျောင်းတွင် အတူနေသည့် ဦးဇင်းဣန္ဒာစာရကို ကြိမ်းမောင်းပြောဆိုသဖြင့် ဦးသီရိန္ဒမှာ မကျေနပ်သောကြောင့် သီလပေးအဆောင် ဘုရားခန်းအရှေ့ Dream Bed ပေါ်တွင် ကျိန်းနေစဉ် ဦးဇင်းဣန္ဒာစာရမှ ၁၀ ပေါင်တူဖြင့် ကျောင်း ထိုင်ဆရာတော်မှ ဦးသီရိန္ဒ၏ ဦးခေါင်း ကို ရိုက်ခဲ့ကြောင်း သိရသည်။
ထိုပျံလွန်တော်မူသည့် ကျောင်းထိုင်ဆရာတော်မှာ ဒေါက်တာ ဘဒ္ဒန္တ သိရိန္ဒ ဓမ္မာစရိယ သက်တော် (၅၄) နှစ်၊ သိက္ခာတော် (၃၀) ရှိပြီး ၁၀ ပေါင်တူဖြင့်ရိုက်ခံရသည့်နေရာများမှာ ဂျိုစောင်းစုတ်ပြတ်ဒဏ်ရာ (၁) ချက်၊ နှာ ခေါင်း၊ နား၊ ပါးစပ်တို့တွင် ဒဏ်ရာများဖြင့် ကျောင်းရှိ သံဃာများမှမြင်၍ ဆေးရုံသို့ပို့ဆောင်ရန်ပြင်ဆင်ချိန်တွင် ပျံလွန်တော်မူသွားကြောင်း သိရသည်။
ထို့ပြင် ၁၀ ပေါင်ဖြင့် ရိုက်ခတ်သည့် ဦးဇင်းဣန္ဒာစာရမှာ ဦူးဇင်းမဝတ်ခင်က ကျေးရွာအတွင်း အရက်သေ စာသောက်စားတတ်သူဖြစ်ပြီး ၎င်းကိုကျောင်းထိုင်ဆရာတော် ဦးသီရိန္ဒမှ ဦူးဇင်းဝတ်ပေးခဲ့ကြောင်း၊ ထို ဦးဇင်းဣန္ဒာစာရမှာ အရက်ကြောင်နေသည့် ဆရာတော်ဖြစ်ကြောင်းလည်း သိရသည်။
Photo – Credit
#PeopleMedia