• Follow Us on

Home DT Research ကုမ္ပဏီက အကြမ်းခံစစ်သုံးလက်ပ်တော့ပ်ကွန်ပျူတာ ထုတ်ဖော်ပြသ

DT Research ကုမ္ပဏီက အကြမ်းခံစစ်သုံးလက်ပ်တော့ပ်ကွန်ပျူတာ ထုတ်ဖော်ပြသ

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၄

 

စစ်သုံးအကြမ်းခံကွန်ပျူတာအသစ်တစ်မျိုးကို ကယ်လီဖိုးနီယားပြည်နယ်အခြေစိုက် ကွန်ပျူတာထုတ်လုပ်ရေး ကုမ္ပဏီဖြစ်တဲ့ DT Research ကုမ္ပဏီက ထုတ်ဖော်ပြသလိုက်ပါတယ်။

 

LT355 လို့ အမည်ပေးထားတဲ့ စစ်သုံးကွန်ပျူတာကို ကြမ်းတမ်းလှတဲ့အခြေအနေမျိုးမှာ ရှုပ်ထွေးတဲ့တာဝန် တွေထမ်းဆောင်နိုင်အောင် ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားတာဖြစ်ပါတယ်။ DT Research ကုမ္ပဏီရဲ့ LT355 အကြမ်းခံကွန်ပျူတာထုတ်လုပ်မှုအစီအစဉ်အရ နည်းဗျူဟာမြောက်ရွေးချယ် မှုတစ်ရပ်အဖြစ် ဒီကွန်ပျူတာကို ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

 

အဲဒီ လက်ပ်တော့ပ်ကွန်ပျူတာကို Windows 10 စနစ်ဖြင့်ဖြစ်စေ Windows 11 စနစ်ဖြင့်ဖြစ်စေ အသုံးပြုနိုင်ပြီး Intel i5 processor ဒါမှမဟုတ် Intel i7 processor နဲ့တပ်ဆင်အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။

 

LT355 ကွန်ပျူတာမှာ back-lit keyboard တစ်စုံ၊ ညဘက်မြင်ရတဲ့ ၁၅.၆ လက်မရှိ touchscreen ၊ ဒစ်ဂျစ် ဘော့ပင်၊ သီးခြား ခွဲထုတ်လို့ရတဲ့ဘက်ထရီများ၊ network adapter တစ်ခု၊ ဗိုင်းရပ်စ်သတ်ကိရိယာတစ်ခု ပါ ဝင်တယ်လို့ဆိုပါတယ်။

 

ဒါ့အပြင် ဒီကွန်ပျူတာမှာ ရေဖိအားဒဏ်ခံနိုင်တဲ့ Ingress Protection (IP) 65 တစ်ခုနဲ့ အမေရိကန်စစ်ဘက်စံ နှုန်းဖြစ်တဲ့ လျင်မြန်စွာဖိအားပြောင်းလဲမှုအတွက် သတ်မှတ်ထားတဲ့ (STD-MIL) 810 တွေလည်း ထည့်သွင်း တည်ဆောက်ထားတယ်လို့ဆိုပါတယ်။

 

LT355 ကွန်ပျူတာဟာ အမေရိကန်ကုန်သွယ်ရေးသဘောတူညီချက်အက်ဥပဒေ (US Trade Agreements Act) နဲ့ ကမ္ဘာလုံးဆိုင်ရာ IT ကဏ္ဍ အီလက်ထရောနစ်ထုတ်ကုန် သဘာဝပတ်ဝန်းကျင်ဆန်းစစ်လေ့လာရေး အဖွဲ့ (EPEAT) ရဲ့ အသိအမှတ်ပြုထောက်ခံချက်တွေကိုလည်း ရရှိထားတယ်လို့ ဆိုပါတယ်။

ကွန်ပျူတာရဲ့နည်းဗျူဟာမြောက်အသုံးဝင်မှုတွေကြောင့် ဒီလက်ပ်တော့ပ်ကွန်ပျူတာကို တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေတဲ့တပ်ဖွဲ့ဝင်တွေ၊ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင်တွေနဲ့ အဝေးရောက်ကွင်းဆင်းဝန်ထမ်းတွေ ကို တပ်ဆင်ပေးနိုင်တယ်လို့ ဆိုပါတယ်။

 

Ref: DT Research Unveils Rugged Laptop for Military Customers

 

#PeopleMedia


Share this post