• Follow Us on
Latest News

Home DVB နှင့် Myanmar Now သတင်းထောက်တို့နှင့်အတူ (၁၀) တန်းကျောင်းသူအဖွဲ့ကို ဒလန်ဟုစွပ်စွဲကာ (KGZ) အဖွဲ့မှ လူမဆန်စွာရိုက်နှက်နှိပ်စက်ခဲ့မှုအား ကန့်ကွက်ရှုတ်ချကြောင်း KNDF ထုတ်ပြန်

DVB နှင့် Myanmar Now သတင်းထောက်တို့နှင့်အတူ (၁၀) တန်းကျောင်းသူအဖွဲ့ကို ဒလန်ဟုစွပ်စွဲကာ (KGZ) အဖွဲ့မှ လူမဆန်စွာရိုက်နှက်နှိပ်စက်ခဲ့မှုအား ကန့်ကွက်ရှုတ်ချကြောင်း KNDF ထုတ်ပြန်

Share this post

 

မန္တလေး၊ ဖေဖော်ဝါရီ ၂၈

 

DVB သတင်းထောက်နှင့် Myanmar Now သတင်းထောက်တို့နှင့်အတူ စစ်ရှောင်လာသည့် (၁၀) တန်း ကျောင်းသူအဖွဲ့ကို ဒလန်ဟုဆိုကာ Karenni Generation Z (KGZ) အဖွဲ့မှ ဖမ်းဆီးပြီး လူမဆန်စွာ ရိုက် နှက်နှိပ်စက်မှုအား ကန့်ကွက်ရှုတ်ချကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF မှ ယမန်နေ့က ထုတ်ပြန်လိုက်သည်။

 

ထိုသို့ အရပ်သားပြည်သူများ၊ သတင်းသမားများနှင့် အမျိုးသမီးများကို တရားမဲ့ ဖမ်းဆီးနှိပ်စက်ပြီး လူ့အခွင့်အ ရေးချိုးဖောက်ခြင်းကို KNDF မှ လုံးဝဆန့်ကျင်ကန့်ကွက်ရှုပ်ချကြောင်း၊ အမှုမှန်ပေါ်ပေါက်ရေးနှင့် တရားမျှတမှု ရရှိရေးကို KNDF မှ KSP နှင့် ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

ထို့အပြင် အဆိုပါအမှုဖြစ်ပွားပြီးနောက် နစ်နာသူများမှ တရားမျှတမှုရရှိရေးအတွက် KSP နှင့် NUG သို့ အမှုဖွင့် တိုင်ကြားထားကြောင်း၊ သို့သော် ၎င်းအမှုနှင့်စပ်လျဉ်း၍ ပြောဆိုဆွေးနွေးရာတွင် ကရင်နီအတွင်းရှိ CRPH နှင့် PDF တွင် ပါဝင်ဦးဆောင်နေသော လွှတ်တော်ကိုယ်စားလှယ်တစ်ချို့မှ KGZ သည် ၎င်းတို့နှင့် သက်ဆိုင်ခြင်း မရှိကြောင်း KNDF နှင့်သာ သက်ဆိုင်ကြောင်း စွပ်စွဲပြောဆိုမှုများရှိနေသည်ဟု ကြားသိရကြောင်း ထုတ်ပြန် ထားသည်။

 

လက်တွေ့တွင်မူ KGZ သည် KNDF ၏ တပ်ရင်းစုဖွဲ့မှုအောက်တွင် ပါဝင်ခြင်းမရှိသော သီးခြားလက်နက်ကိုင် တပ်ဖွဲ့တစ်ခုဖြစ်ကြောင်း၊ ထို့အပြင် KNDF သည် KGZ နှင့် တရားဝင် မဟာမိတ်ဖွဲ့ခြင်းမရှိခဲ့သည့်အပြင် ပူးတွဲ စစ်ဆင်ရေးများ ပြုလုပ်ခြင်းများလည်းမရှိခဲ့ကြောင်း၊ သို့ဖြစ်၍ KGZ သည် KNDF နှင့် လုံးဝသက်ဆိုင်ခြင်း မရှိ ကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia

 

(unicode)


…………………………………………

 

မန်တလေး၊ ဖဖေောျဝါရီ ၂၈

 


 


 


 


 

#PeopleMedia


Share this post