• Follow Us on
Latest News

Home E- commerce ကုန်သွယ်ရေးလုပ်ငန်းအပေါ် အကျိုးအမြတ်ရအောင် ဆောင်ရွက်သင့်ကြောင်း ထိုင်း ကုန်သွယ်ရေးဝန်ကြီးပြော

E- commerce ကုန်သွယ်ရေးလုပ်ငန်းအပေါ် အကျိုးအမြတ်ရအောင် ဆောင်ရွက်သင့်ကြောင်း ထိုင်း ကုန်သွယ်ရေးဝန်ကြီးပြော

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၁

 

ထိုင်းနိုင်ငံအနေနဲ့ ပြည်ပပို့ကုန်ကဏ္ဍမှာ တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရင်း တရုတ်ဈေးကွက် ထဲမှာ ကုန်ပစ္စည်းတွေ ပိုမိုရောင်းချနိုင်အောင်လို့ တိုးတက်လာတဲ့ e-commerce ကုန်သွယ်ရေးလုပ်ငန်းအပေါ် မှာ အကျိုးအမြတ်ရအောင် ကြိုးစားဆောင်ရွက်သင့်ကြောင်း ထိုင်းကုန်သွယ်ရေးဝန်ကြီး ဖိချိုင်းနာရစ်သာဖန်က ပြောကြားလိုက်ပါတယ်။

 

ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်နဲ့ မကြာသေးခင်က တွေ့ဆုံဆွေးနွေးပြီးနောက်မှာ ဝန်ကြီးဖိချိုင်းက နှစ်နိုင်ငံ ရေရှည်ဆက်ဆံရေးကို အဓိကအလေးထားပြောဆိုသလို စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဟာ နှစ်နိုင်ငံစလုံးအ တွက် ရေရှည်အကျိုးစီးပွားဖြစ်ထွန်းစေလာမှာဖြစ်ကြောင်း ပြောပါတယ်။

 

ထိုင်းကိုပို့တဲ့ တရုတ်ပို့ကုန် ၈၀% နီးပါးဟာ ကုန်ထုတ်လုပ်ငန်းနဲ့ ပြည်ပပို့ကုန်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အရင်းအနှီးကုန်စည်တွေနဲ့ တစ်ဝက်ချောကုန်စည်တွေဖြစ်ကြောင်း ပြောဆိုရင်း တရုတ်ကုန်စည်တွေ အလုံးအ ရင်းဝင်နေတာနဲ့ ပတ်သက်ပြီး စိုးရိမ်စရာမလိုကြောင်း ၎င်းက ပြောပါတယ်။

 

“အဲဒီတရုတ်ကုန်စည်တွေအများစုကို ထိုင်းနိုင်ငံမှာ နောက်ထပ် လိုအပ်သလို ပြုပြင်ထုတ်လုပ်ပြီး ထိုင်းနိုင်ငံက နေ တခြားနိုင်ငံတွေကို တင်ပို့နေတာဖြစ်ပါတယ်။ ဒီကုန်ပစ္စည်းတွေဟာ ကျွန်တော်တို့ စီးပွားရေးကို မြှင့်တင်ပေး နေသလို အလုပ်အကိုင်အခွင့်အလမ်းတွေကိုလည်း မြှင့်တင်ပေးနေတာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ဒါ့အပြင် အခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသွား ၈ သန်း ဝင်ရောက်လာဖို့ အစိုးရက ရည်မှန်းချက်ချမှတ်ထားရာ မှာလည်း တရုတ်ခရီးသွားတွေဟာ ထိုင်းနိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အများအပြား အထောက်အ ကူပြုနေကြောင်း ဖိချိုင်းက ပြောပါတယ်။

 

ထိုင်းသစ်သီးပို့ကုန်တွေကိုလည်း တရုတ်စားသုံးသူတွေက အလွန်စိတ်ဝင်စား ကြိုက်နှစ်သက်ကြတဲ့အတွက် အဲဒီသစ်သီးပို့ကုန်တွေဟာ နိုင်ငံရဲ့ နှစ်စဉ်ဝင်ငွေအတွက် သိသိသာသာ အထောက်အကူပြုနေတာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

“တရုတ်ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး ထိုင်းမီဒီယာတွေနဲ့ ထိုင်းပြည်သူတွေကို သဘာဝကျတဲ့အမြင်တစ်ရပ်ရှိဖို့ ကျွန်တော် ပြောချင်ပါတယ်။ ကမ္ဘာတစ်ဝန်းပျံ့နှံ့နေတဲ့ E-commerce ဟာ ထိုင်းနိုင်ငံရဲ့ အသေးစားစီးပွားရေး လုပ်ငန်းလေးတွေကို ထိခိုက်ကောင်း ထိခိုက်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလုပ်ငန်းဟာ ထိုင်းထုတ်ကုန်တွေ ပြည်ပ နိုင်ငံတွေကို တင်ပို့ဖို့အတွက် အခွင့်အလမ်းတွေ ပိုမိုဖန်တီးပေးနိုင်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

မကြာသေးခင်ကကျင်းပခဲ့တဲ့ ကုန်စည်ပြပွဲမှာ ထိုင်းနိုင်ငံဟာ တရုတ်သြဇာလွှမ်းမိုးမှုအပေါ် အကျိုးအမြတ်ရယူခဲ့ ရာမှာ တစ်ရက်တည်းနဲ့ ဘတ်ငွေ သန်း ၃၂၀ (ဒေါ်လာ ၁၀ သန်း) ရယူနိုင်ခဲ့ကြောင်း ၎င်းက ပြောပါတယ်။

 

တရုတ်နိုင်ငံအနေနဲ့ ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းရော အွန်လိုင်းကုန်သွယ်ရေးလမ်းကြောင်းကရော ကုန် သွယ်ရေးတိုးချဲ့ ထိုင်းနိုင်ငံကို ဆက်လက်ကူညီသွားမှာဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟန်ချိချောင်က ပြောပါတယ်။

 

ထိုင်းပြည်သူတွေ အရမ်းအာရုံစိုက်နေတဲ့ ဈေးပေါတဲ့တရုတ်ပစ္စည်းတွေဆိုတာ နေ့စဉ်သုံး ဓာတုပစ္စည်းတွေနဲ့ စား သောက်ကုန်တွေဖြစ်ပြီး တရုတ်နိုင်ငံက ထိုင်းနိုင်ငံကို တင်ပို့နေတဲ့ ကုန်စည်တွေရဲ့ ၁၀ ရာခိုင်နှုန်းသာ ရှိကြောင်း တရုတ်သံအမတ်က ပြောပါတယ်။

 

တရုတ် ကုမ္ပဏီတွေအနေနဲ့ သက်ဆိုင်ရာနိုင်ငံတွေက ဥပဒေတွေကို လေးစားလိုက်နာပြီး ပင်လယ်ရပ်ခြား စီးပွားရေးလုပ်ငန်းတွေကို ဥပဒေအတိုင်း ဆောင်ရွက်ဖို့ တရုတ်အစိုးရက အမြဲညွှန်ကြားခဲ့သလို ဘယ်လို ဥပဒေ ချိုးဖောက်မှုမျိုးကိုမဆို ကြီးကြပ်ဖို့နဲ့ အရေးယူဆောင်ရွက်ဖို့အတွက် မြင့်တင်ကြိုးပမ်းရာမှာ တရုတ်နိုင်ငံက ဆက်လက်ထောက်ပံ့သွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

တရုတ်နိုင်ငံဟာ နှစ်ပေါင်းများစွာကြာအောင် ထိုင်းနိုင်ငံရဲ့ အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ပြီးခဲ့တဲ့နှစ် က နှစ်နိုင်ငံကုန်သွယ်ရေး ဒေါ်လာ ၁၂၆.၃ ဘီလျံအထိ ရှိခဲ့ရာ တရုတ်နိုင်ငံအတွက် ကုန်သွယ်မှုပိုငွေ ဒေါ်လာ ၂၅.၁ ဘီလျံရရှိခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ပြောပါတယ်။

 

“ထိုင်းနိုင်ငံဆီက ကုန်သွယ်ရေးပိုငွေရဖို့ ကျွန်တော်တို့ ရည်မှန်းချက်အဖြစ် မသတ်မှတ်ထားပါဘူး။ ထိုင်းကုန် စည်တွေ ကျွန်တော်တို့နိုင်ငံထဲဝင်ရောက်လာဖို့ကို ကျွန်တော်တို့ အမြဲတမ်းကြိုဆိုနေပါတယ်။” လို့ သံအမတ် ကြီးဟန်က ပြောပါတယ်။

 

Ref: Thailand eyes jump in exports to China: China Daily/ The Nation

 

#PeopleMedia


Share this post