ECOWAS အဖွဲ့ကတပ်တွေဝင်လာမှာကို ကာကွယ်တဲ့အနေနဲ့ နိုင်ဂျာအာဏာသိမ်းစစ်တပ်က ဘီနင်းနယ်စပ် တလျှောက် တပ်ဖြန့်ချထား
PUBLISHED - September 11, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၁၁
အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအဖွဲ့ (ECOWAS) က စစ်ရေးအရဝင်ရောက်စွက်ဖက်လာမယ့်ဆိုတဲ့သ တင်းတွေထက်ပေါ်လာပြီးနောက် နိုင်ဂျာအာဏာသိမ်းစစ်တပ်က ၎င်းတို့တပ်တွေကို အိမ်နီးချင်း ဘီနင်းနိုင်ငံနဲ့ ကပ်နေတဲ့ နယ်စပ်တလျှောက်မှာ တပ်ဖြန့်ချထားနေတဲ့ပုံတွေကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တစ်ဖိုင် ပေါ်ထွက် လာပါတယ်။
အဲဒီဗီဒီယိုဖိုင်ကို Lake Chad ဒေသမှာနေတဲ့ သောင်းကျန်းသူတန်ပြန်ဆန့်ကျင်ရေးကျွမ်းကျင်သူနဲ့ လုံခြုံရေး ဆန်းစစ်လေ့လာသူ ဇာဂါဇိုလာမာကာမာက ထုတ်ဖော်ပြသခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
နိုင်ဂျာအာဏာသိမ်းစစ်တပ်ကို စစ်ရေးအရ ဝင်ရောက်တိုက်ခိုက်မယ်လို့ အက်ကိုးဝပ် (ECOWAS) အဖွဲ့က ခြိမ်း ခြောက်ခဲ့ကြောင်း DAILY POST သတင်းဌာနက ရေးသားခဲ့ပါတယ်။
နိုင်ဂျာနိုင်ငံထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ထိန်းသိမ်းနိုင်ဖို့အတွက် အက်ကိုးဝပ် (ECOWAS) အဖွဲ့ဝင် တပ်ဖွဲ့တွေကို အသင့်ပြင်ထားဖို့ ပြီးခဲ့တဲ့လက အမိန့်ထုတ်ထားခဲ့ပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံ အဘူဂျာမြို့မှာ အရေးပေါ်အစည်းအဝေးကျင်းပပြီးနောက် နိုင်ဂျာနိုင်ငံ စစ်တပ်အာဏာသိမ်း မှုနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ထွက်ပေါ်လာပြီးနောက်မှာ အခုလို အမိန့်ထွက်လာတာပဲဖြစ်ပါတယ်။
ဒါပေမဲ့ အခုအချိန်အထိတော့ အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအဖွဲ့ခေါ် အက်ကိုးဝပ် (ECOWAS) အဖွဲ့ ဝင်တပ်တွေဟာ နိုင်ဂျာနိုင်ငံထဲကို ကျူးကျော်ဝင်ရောက်ခြင်းမရှိသေးပါဘူး။
အက်ကိုးဝပ် (ECOWAS) အဖွဲ့က စစ်ရေးအရ ကျူးကျော်ဝင်ရောက်လာမှာကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ နိုင် ဂျာစစ်တပ်က ၎င်းတို့တပ်ဖွဲ့တွေကို ဘီနင်းနယ်စပ်တလျှောက်မှာ တပ်ဖြန့်ချထားနေတဲ့ပုံတွေပါဝင်တဲ့ ဗီဒီယို ဖိုင် တစ်ခုကို တနင်္လာနေ့က လူမှုကွန်ရက် X ပေါ်မှာ ဇာဂါဇိုလာမာကာမာက တင်ခဲ့ပါတယ်။
ဗီဒီယိုဖိုင်ထဲမှာ နိုင်ဂျာစစ်ယာဉ်တန်းတစ်ခုက စစ်သားတွေကို ပြည်သူတွေက ကြိုဆိုနှုတ်ဆက်နေတဲ့ပုံတွေကို မြင်နေရတယ်လို့ DAILY POST သတင်းဌာနက ရေးသားထားပါတယ်။
Ref: Niger military deploys forces at Beninese border against ECOWAS invasion
#PeopleMedia