• Follow Us on
Latest News

Home EF ညွှန်းကိန်းမှာ ထိုင်းနိုင်ငံရဲ့အင်္ဂလိပ်စာစွမ်းရည်လျော့ကျနေတဲ့အတွက် ထိုင်းလူမျိုးတွေရဲ့ အင်္ဂလိပ်စာစွမ်း ရည်မြှင့်တင်ဖို့ ပညာရေးဝန်ကြီးကို တာဝန်ပေး

EF ညွှန်းကိန်းမှာ ထိုင်းနိုင်ငံရဲ့အင်္ဂလိပ်စာစွမ်းရည်လျော့ကျနေတဲ့အတွက် ထိုင်းလူမျိုးတွေရဲ့ အင်္ဂလိပ်စာစွမ်း ရည်မြှင့်တင်ဖို့ ပညာရေးဝန်ကြီးကို တာဝန်ပေး

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၃၀

 

Education First (EF) ရဲ့ ၂၀၂၃ ခုနှစ် ကမ္ဘာလုံးဆိုင်ရာအင်္ဂလိပ်စာကျွမ်းကျင်မှုညွှန်းကိန်း (Education First (EF) English Proficiency Index 2023) အရ ထိုင်းနိုင်ငံရဲ့ အင်္ဂလိပ်စာကျွမ်းကျင်မှုအဆင့်ဟာ အလွန်ဆိုးဆိုး ရွားရွား ကျဆင်းနေတဲ့အတွက် ထိုင်းလူမျိုးတွေ အထူးသဖြင့် ထိုင်းကျောင်းသားတွေ အင်္ဂလိပ်စာစွမ်းရည်တိုး တက်မြင့်မားလာဖို့အတွက် လိုအပ်တာတွေ အမြန်ဆုံးပြုပြင်ဆောင်ရွက်ဖို့ ပညာရေးဝန်ကြီးဌာနကို ထိုင်းဝန်ကြီး ချုပ်ဆရက်ထာထာဗီဆင်က ညွှန်ကြားလိုက်ပါတယ်။

 

အင်္ဂါနေ့ (နိုဝင်ဘာလ ၂၈ ရက်နေ့) က ကျင်းပတဲ့ အပတ်စဉ်အစိုးရအဖွ့ဲအစည်းအဝေးမှာ အခုလိုညွှန်ကြားခဲ့ တာဖြစ်ကြောင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ် ချိုင်းဝါချာရွန်ကီက ပြောပါတယ်။

 

Education First (EF) (ပညာရေးပထမ) အဖွဲ့ဟာ ၂၀၂၂ ခုနှစ်မှာ ၎င်းတို့အဖွဲ့ရဲ့ စံကိုက်အင်္ဂလိပ်စာစမ်းသပ်မှု ၂.၂ သန်းကျော်ပြုလုပ်ခဲ့တဲ့ရမှတ်တွေပေါ် အခြေခံပြီး အင်္ဂလိပ်ဘာသာစကားကို ပထမဘာသာစကားအဖြစ် အ သုံးမပြုတဲ့နိုင်ငံပေါင်း ၁၁၃ နိုင်ငံကို အဆင့်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

 

အမှတ်ပေါင်း ၈၀၀ အဆင့်သတ်မှတ်ထားတဲ့အထဲက နယ်သာလန်နိုင်ငံဟာ ၆၄၇ မှတ်နဲ့ ပထမ၊ စင်္ကာပူက ၆၃၁ မှတ်နဲ့ ဒုတိယ၊ ဒိန်းမတ်က ၆၁၅ မှတ်နဲ့ တတိယနဲ့ နော်ဝေက ၆၁၄ မှတ်နဲ့ စတုတ္ထရရှိပါတယ်။

 

စင်္ကာပူနိုင်ငံက ၆၃၁ မှတ်နဲ့ Education First ညွှန်းကိန်း အဆင့် ၂ ရရှိခဲ့သလို ဖိလစ်ပိုင်က ၅၇၈ မှတ်နဲ့ အဆင့် ၂၀၊ မလေးရှားက ၅၆၈ မှတ်နဲ့ အဆင့် ၂၅၊ ဗီယက်နမ်က ၅၀၅ မှတ်နဲ့ အဆင့် ၅၈၊ အင်ဒိုနီးရှားက ၄၇၃ မှတ်နဲ့ အဆင့် ၇၉၊ မြန်မာက ၄၅၀ မှတ်နဲ့ အဆင့် ၉၀ နဲ့ ကမ္ဘောဒီးယားက ၄၂၁ မှတ်နဲ့ အဆင့် ၉၈ ရရှိပြီး လာအိုနဲ့ ဘရူနိုင်းနိုင်ငံတွေကတော့ စာရင်းထဲက ပယ်ထုတ်ထားပါတယ်။

 

ထိုင်းနိုင်ငံဟာ Education First ညွှန်းကိန်း အဆင့် ၁၀၁ သာ ရရှိထားပြီး ထိုင်းနိုင်ငံရဲ့အင်္ဂလိပ်စာရမှတ်ဟာ အင်္ဂလိပ်စာကျွမ်းကျင်မှု အလွန်ဆိုးရွားတဲ့နိုင်ငံတွေစာရင်းထဲမှာပါနေတယ်လို့ ဆိုပါတယ်။

 

Education First (EF) ရဲ့ ကမ္ဘာလုံးဆိုင်ရာအင်္ဂလိပ်စာကျွမ်းကျင်မှုညွှန်းကိန်းကို ၂၀၁၁ ခုနှစ်မှာစတင်ဆောင် ရွက်ခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံဟာ ၂၀၁၇ ခုနှစ်မှာ အဆင့်အနည်းငယ်တက်လာခဲ့တာကလွဲလို့ အဲဒီအစီအစဉ်စ တင်ကတည်းက ပျှမ်းမျှရမှတ် တိုးတက်လာခဲ့ခြင်းမရှိဘူးလို့လည်း ဆိုပါတယ်။

 

ထိုင်းနိုင်ငံမှာ ဘန်ကောက်အပါအဝင် ပြည်နယ်ပေါင်း ၇၇ ခုရှိတဲ့အနက် ပြည်နယ်အလိုက်အဆင့်သတ်မှတ်ရာ မှာ ချင်းမိုင်ပြည်နယ်က ၄၆၄ မှတ်၊ ဘန် ကောက်က ၄၅၇ မှတ်နဲ့ ဖူးခက်ပြည်နယ်က ၄၅၆ မှတ် ရရှိထားပေမဲ့ အားလုံးဟာ နိုင်ငံတကာအဆင့်အောက် မှာ ရောက်ရှိနေတယ်လု့ိ ဆိုပါတယ်။

 

တပြိုင်တည်းမှာပဲ ထိုင်းလူမျိုးတွေရဲ့ အင်္ဂလိပ်စာအရည်အသွေးတိုးတက်ဖို့အတွက် လိုအပ်တာတွေပြုပြင် ဆောင်ရွက်ဖို့ Move Forward ပါတီရဲ့ လွှတ်တော်အမတ် ဖရစ်ဝါချာရာဆင်ဒူက အဆိုပြုအကြံပေးခဲ့ပါတယ်။

 

လွှတ်တော်အမတ်ရဲ့အကြံပေးချက်ထဲမှာ အင်္ဂလိပ်စာသင်ရိုးညွှန်းတမ်းပြန်လည်ရေးဆွဲဖို့၊ အင်္ဂလိပ်စာသင်ကြား ရေးနည်းလမ်းပြောင်းလဲဖို့၊ သဒ္ဒါသင်ကြားရေးထက် အင်္ဂလိပ်ဘာသာစကားဆက်သွယ်ရေးကို စောင်းပေးသင် ကြားဖို့၊ ဆရာ/ဆရာမတွေရဲ့ အင်္ဂလိပ်စာစွမ်းရည်မြှင့်တင်ဖို့၊ ပြည်နယ်အသီးသီးမှာရှိတဲ့ စာသင်ကျောင်းတွေကို ရန်ပုံငွေတွေ ပြန်လည်ခွဲဝေပေးဖို့၊ စာသင်ချိန်ပြင်ပမှာပါ အင်္ဂလိပ်စာလေ့လာသင်ကြားမှုကို တိုးချဲ့ဖို့၊ ဆရာ/ ဆရာမတွေ အင်္ဂလိပ်စာစွမ်းရည်ပိုမိုထက်မြက်စေဖို့အတွက် အင်္ဂလိပ်စကားပြောနိုင်ငံတွေကို စေလွှတ်သင်ယူ စေဖို့ ပါဝင်ပါတယ်။

 

Ref: Education Ministry assigned to improve Thais’ English proficiency

 

#PeopleMedia


Share this post