• Follow Us on
Latest News

Home F-16 ဂျက်တိုက်လေယာဉ်တွေနဲ့ တွဲဖက်အသုံးပြုရမယ့် ခေတ်မီဒုံးကျည်များလိုအပ်

F-16 ဂျက်တိုက်လေယာဉ်တွေနဲ့ တွဲဖက်အသုံးပြုရမယ့် ခေတ်မီဒုံးကျည်များလိုအပ်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၂

 

ဒိန်းမတ်နဲ့ နယ်သာလန်နိုင်ငံတို့ဟာ F-16 ဂျက်တိုက်လေယာဉ် ၆၁ စင်းနဲ့ ဆက်စပ်ပစ္စည်းတေထောက်ပံ့ ပေးမှာဖြစ်ကြောင်း ကတိပြုခဲ့ပြီးဖြစ်တဲ့အတွက် ယူကရိန်းနိုင်ငံအတွက် အဲဒီဂျက်တိုက်လေယာဉ်တွေနဲ့ တွဲဖက်အသုံး ပြုရမယ့် ခေတ်မီလက်နက်/ခဲယမ်းတွေလည်း လိုအပ်လာမှာဖြစ်ပါတယ်။

 

လာမယ့်ခြောက်လအတွင်း F-16 ဂျက်တိုက်လေယာဉ်တွေ ယူကရိန်းကိုရောက်ရှိလာတဲ့အချိန်မှာ အဲဒီဂျက် တိုက်လေယာဉ်တွေဟာ ယူကရိန်းလေတပ်မှာရှိတဲ့ နှစ်ပေါင်း ၄၀/၅၀ သက်တမ်းရှိနေပြီဖြစ်တဲ့ MiG ဂျက် တိုက် လေယာဉ်တွေ၊ ဆူခွိုင်းဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲလေယာဉ်တွေကို အစားထိုးသွားမှာဖြစ်ပါ တယ်။

 

အပြောင်းအလဲအနေနဲ့ ဆိုဗီယက်ခေတ် သက်တမ်းရင့်တိုက်လေယာဉ် ၁၂၅ စင်းအစား F-16 ဂျက်တိုက် လေယာဉ် ၆၁ စင်းဟာ ယူကရိန်းလေတပ်မှာ ရှေ့တန်းက နေရာယူလာမှာဖြစ်ပါတယ်။

 

ယူကရိန်းစစ်ပွဲ ၁၉ လအတွင်းရောက်ရှိလာတဲ့အချိန်မှာ ယူကရိန်းရရှိမယ့် အမေရိကန်ထုတ် F-16 ဂျက်တိုက်လေယာဉ်တွေဟာ ခေတ်မီ ဝေဟင်-ဝေဟင်ပစ်ဒုံးကျည်တွေ၊ ဝေဟင်-မြေပြင်ပစ်ဒုံးကျည် တွေကို ပိုမိုသယ်ဆောင်လာနိုင်မှာဖြစ်သလို ရုရှားပိုင်နက်အတွင်းပိုင်းအထိ ပိုမိုဝင်ရောက်တိုက် လိုက်လာနိုင်မှာဖြစ်တယ်လို့ ဆို ပါတယ်။

 

ယူကရိန်းနိုင်ငံဟာ အနောက်အုပ်စုထံက ခေတ်မီခဲယမ်းမျိုးစုံ အမြောက်အမြားလက်ခံရရှိထားတဲ့အတွက် ပညာရှင်တွေက ယူကရိန်းလေတပ်မှာရှိတဲ့ MiG-29 ဂျက်တိုက်လေယာဉ်တွေ၊ Su-27 ဂျက်တိုက်လေ ယာဉ် တွေ၊ Su-24 ဗုံးကြဲလေယာဉ်တွေကို အဲဒီခဲယမ်းတွေ သယ်ယူအသုံးပြုနိုင်အောင် အဆင့်မြှင့်ပြုပြင် ပေးရပါတယ်။

 

အခုဒိန်းမတ်နဲ့ နယ်သာလန်က တင်ပို့ပေးမယ့် F-16 ဂျက်တိုက်လေယာဉ်ဟာလည်း အဲဒီခဲယမ်းတွေကို တပ် ဆင်အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။

 

အားသာချက်တစ်ခုအနေနဲ့ F-16 ဂျက်တိုက်လေယာဉ်တွေဟာ ဆိုဗီယက်ခေတ်ထုတ် တိုက်လေယာဉ် အဟောင်းတွေမှာ တပ်ဆင်အသုံးပြုလို့မရတဲ့ လက်နက်/ခဲယမ်းတွေကို တပ်ဆင်အသုံးပြုနိုင်တာပဲ ဖြစ်ပါတယ်။

 

ဒီအထဲက နှစ်တန်အလေးချိန်ရှိပြီး ၂၃၀ မိုင်အကွာအဝေးအထိပစ်ခတ်နိုင်တဲ့ လော့ဟိမာတင် ကုမ္ပဏီ ထုတ် ဝေ ဟင်-မြေပြင်ပစ် ဒုံးကျည်ကို ယူကရိန်းနိုင်ငံက လိုချင်နေပါတယ်။

 

အမေရိကန်အစိုးရက JASSM ဒုံးကျည်တွေကို ယူကရိန်းကို လွှဲပြောင်းပေးဖို့ ခွင့်မပြုမချင်း ယူကရိန်းက F-16 ဂျက်တိုက်လေယာဉ်တွေဟာ ၎င်းတို့ရှိတဲ့စွမ်းအားတစ်ဝက်လောက်ကိုသာ အသုံးပြုပြီး ပျံသန်းနိုင်မှာ ဖြစ်ပါတယ်။

 

လက်ရှိအချိန်မှာ Su-24 ဗုံးကြဲလေယာဉ်ကနေ ဗြိတိန်ကထောက်ပံ့ထားတဲ့ Storm Shadow ခရုစ်ဒုံး ကျည်တွေနဲ့ ပြင်သစ်ကထောက်ပံ့ထားတဲ့ SCALP ခရုစ်ဒုံးကျည်တွေကို အသုံးပြုပြီး ၁၅၅ မိုင်အကွာ အဝေးမှာရှိတဲ့ ရုရှားတပ်တွေကို တိုက်ခိုက်နိုင်တယ်လို့ ဆိုပါတယ်။

 

F-16 ဂျက်တိုက်လေယာဉ်တွေဟာ Storm Shadow ခရုစ်ဒုံးကျည်တွေနဲ့ SCALP ခရုစ်ဒုံးကျည်တွေ ကိုအသုံးပြု လို့မရသေးဘဲ JASSM ဒုံးကျည်တွေကိုသာ အသုံးပြုလို့ရပါတယ်။

 

JASSM ဒုံးကျည်တွေတပ်ဆင်ထားတဲ့ F-16 ဂျက်တိုက်လေယာဉ်တွေကို အသုံးပြုမယ်ဆိုရင် ယူကရိန်း လေတပ်ဟာ ရုရှားနိုင်ငံအတွင်းပိုင်းထဲကို အခုတိုက်နေတဲ့အကွာအဝေးထက် နှစ်ဆတိုးမြှင့်တိုက်ခိုက်နိုင် မှာဖြစ်ပါတယ်။

 

ယူကရိန်းလေတပ်မှာ အင်အားကောင်းတဲ့ခရုစ်ဒုံးကျည်တွေတပ်ဆင်လာနိုင်ရေးဟာ ယူကရိန်းနိုင်ငံရဲ့ အဓိက ရည်မှန်းချက်တွေထဲက တစ်ခုဖြစ်တဲ့ ခရိုင်းမီးယားကျွန်းဆွယ်လွတ်မြောက်ရေးအတွက် အောင်ပွဲ ရရှိရေး အထောက်အကူဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

 

Ref: Ukraine Is Getting F-16s. Now It Needs Cruise Missiles.

 

#PeopleMedia


Share this post