• Follow Us on

Home F-16 ဂျက်တိုက်လေယာဉ်တွေဝယ်ယူဖို့ အမေရိကန်အစိုးရက ထိုင်းအစိုးရကို ဖိအားပေးနေ

F-16 ဂျက်တိုက်လေယာဉ်တွေဝယ်ယူဖို့ အမေရိကန်အစိုးရက ထိုင်းအစိုးရကို ဖိအားပေးနေ

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၅

 

ထိုင်းနိုင်ငံအနေနဲ့ အမေရိကန်ထုတ် F-16 ဂျက်တိုက်လေယာဉ်တွေ ဝယ်ယူရေး စဉ်းစားဖို့ ထိုင်းအစိုးရကို အမေရိကန်က ဖိအားပေးနေကြောင်း The Nation မှာ ရေးသားဖော်ပြထားပါတယ်။

 

ထိုင်းနိုင်ငံက သက်တမ်းရင့် အမေရိကန်ထုတ် ဂျက်တိုက်လေယာဉ်တွေကို တဖြည်းဖြည်း အစားထိုးသွားရမှာ ဖြစ်တဲ့အတွက် တော်ဝင်ထိုင်းလေတပ်ဟာ ၂၀၂၅ ခု ဘဏ္ဍာရေးနှစ်မှာ လေယာဉ်သစ်တွေ ဝယ်ဖို့ စဉ်းစားချိန်ဆ နေပါတယ်။

 

ထိုင်းလေတပ်ဟာ ဆွီဒင် SAAB ကုမ္ပဏီထုတ် Gripen E/F လေယာဉ်တွေကို ဝယ်မလား၊ အမေရိကန်လော့ဟိ မာတင်ကုမ္ပဏီထုတ် F-16 Block 70 ကို ဝယ်မလားဆိုတာ ဆုံးဖြတ်ရမယ့် နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

 

တော်ဝင်ထိုင်းလေတပ်ရဲ့ စွမ်းရည်တွေနဲ့ သင့်တော်တဲ့အတွက် F-16 Block 70 ဂျက်တိုက်လေယာဉ်တွေ ဝယ် ယူရေးစဉ်းစားဖို့ တိုက်တွန်းထားတဲ့ စာတစ်စောင်ကို အမေရိကန်သံအမတ် ရောဘတ်အက်ဖ်ဂိုဒက်က ထိုင်းဝန် ကြီးချုပ်ဆရက်ထာထာဗီဆင်ထံ ပေးပို့ခဲ့ပါတယ်။

 

အမေရိကန်ထုတ် F-16 ဂျက်တိုက်လေယာဉ်တွေကို မရွေးချယ်ခဲ့ဘူးဆိုရင် အမေရိကန်နဲ့ တရုတ် သြဇာလွှမ်းမိုး ဖို့ အပြင်းအထန် အားပြိုင်နေတဲ့ အရှေ့တောင်အာရှဒေသမှာ ပထဝီနိုင်ငံရေးမဟာဗျူဟာပေါ် အကျိုးသက် ရောက်မှုတွေ ရှိလာလိမ့်မယ်လို့ ဆိုပါတယ်။

 

ထိုင်းနိုင်ငံက ၎င်းတို့နိုင်ငံအတွက် ပထမဦးဆုံး တရုတ်ထုတ် ရေငုပ်သင်္ဘောမှာယူလိုက်တဲ့အချိန်မှာ ယှဉ်ပြိုင်မှု ကပိုမိုကြီးမားလာမယ်လို့ ဆိုပါတယ်။

 

သင်္ဘောအင်ဂျင်ပြန်လည်ပြောင်းလဲရေးခွင့်ပြုချက်၊ အချိန်တိုးမြှင့်ခြင်းတို့အတွက် တရုတ်ရေငုပ်သင်္ဘောဝယ်ယူ ရေးကန်ထရိုက်စာချုပ်ပြင်ဆင်မှုကို ကာကွယ်ရေးဝန်ကြီးဆုတင်ကလန်ဆန်းက အစိုးရအဖွဲ့ကို မတင်ပြရသေး ပေမဲ့ အဲဒီရေငုပ်သင်္ဘောဟာ ၂၀၂၇ ခုနှစ်မတိုင်ခင် ထိုင်းနိုင်ငံကို ရောက်ရှိလာမယ်လို့ ခန့်မှန်းထားကြပါတယ်။

 

လက်ရှိအသုံးပြုနေတဲ့ F-16 ဂျက်တိုက်လေယာဉ်တွေဟာလည်း ၂၀၂၈ ခုနှစ်မတိုင်ခင် အနားပေးဖို့ သတ်မှတ် ထားပြီးသားဖြစ်ပါတယ်။

 

လိုအပ်နေတဲ့ လေယာဉ် ၁၂ စင်းအတွက် လွန်ခဲ့တဲ့နှစ်တွေက ဆွီဒင်ထုတ် Gripen ကို ဝယ်ယူဖို့ ထိုင်းအစိုးရက ရွေးချယ်ခဲ့မယ်ဆိုရင် ထိုင်းနိုင်ငံစစ်လက်နက်ပစ္စည်းချိန်ခွင်လျှာညီမျှမှုဟာ ပြောင်းလဲသွားမှာဖြစ်ပါတယ်။

 

ထိုင်းနိုင်ငံမှာရှိတဲ့ အမေရိကန်ထုတ်မဟုတ်တဲ့ စစ်လက်နက်ပစ္စည်းနဲ့ အမေရိကန်ထုတ်စစ်လက်နက်ပစ္စည်း အ ချိုးဟာ ၁း၁ ကနေ ၂း၁ ဒါမှမဟုတ် ၃း၁ ကနေ ၄း၁ အထိ ပြောင်းလဲသွားနိုင်တယ်လို့ ဆိုပါတယ်။

 

နိုင်ငံရေးအမြင်နဲ့ကြည့်မယ်ဆိုရင် အမေရိကန်သံအမတ်က ကာကွယ်ရေးဝန်ကြီးဆုတင်နဲ့ တွေ့ဆုံခဲ့သလို ဝန် ကြီးချုပ်ဆရက်ထာထံ စာပေးပို့ခဲ့တာဟာ တော်ဝင်ထိုင်းလေတပ်ရဲ့ ဂျက်တိုက်လေယာဉ်ရွေးချယ်မှုမှာ အမေရိ ကန်အကျိုးစီးပွားကို ဦးစားပေးရေးအတွက် သြဇာလွှမ်းမိုးဖို့ ရည်ရွယ်ထားကြောင်း သိသာထင်ရှားပါတယ်။

 

ဒါပေမဲ့ စစ်ဆင်ရေးလိုအပ်ချက်တွေနဲ့ ဘတ်ဂျက်ရရှိမှုအခြေအနေပေါ် မူတည်ပြီး တော်ဝင်ထိုင်းလေတပ်မှာ တရားဝင် ရွေးချယ်နိုင်တဲ့အခွင့်အာဏာ ရှိပါတယ်။ တော်ဝင်ထိုင်းလေတပ်ဟာ ဂျက်တိုက်လေယာဉ်ဝယ်ယူဖို့ ဘတ်ဂျက်အကန့်အသတ်အရ အရည်အသွေးနဲ့ ကုန်ကျစရိတ်ကို ချိန်ညှိ စဉ်းစားနေတာဖြစ်ပါတယ်။

 

ကမ္ဘာတစ်ဝန်း ကြည်း၊ ရေ၊ လေ တပ်ဖွဲ့သုံးခုစလုံးက စစ်လက်နက်ပစ္စည်းတွေကို စုစည်းပေါင်းစပ်ပေးထားတဲ့ နည်းဗျူဟာသတင်းအချက်အလက်ချိတ်ဆက်မှုစနစ် (Tactical Data Link system) ဟာ ၂၀၂၅ ခု ဘဏ္ဍာ ရေးနှစ် ဘတ်ဂျက်ဆွေးနွေးမှုထဲမှာ အရေးတကြီးထည့်သွင်းစဉ်းစားရမယ့် အချက်ဖြစ်ပါတယ်။

 

တော်ဝင်ထိုင်းလေတပ်အနေနဲ့ လက်ရှိအချိန် လေတပ်စခန်းအသီးသီးမှာ F-16 ဂျက်တိုက်လေယာဉ်တွေ ဖြန့် ခွဲတပ်စွဲထားတယ်ဆိုသည့်တိုင်အောင် အဲဒီလေတပ်စခန်းတွေမှာ F-16 သတင်းအချက်အလက်ချိတ်ဆက်မှု စနစ် (Link-16 system) နဲ့ နည်းပညာလွှဲပြောင်းမှုတွေမရှိပါဘူး။

 

ပြုပြင်ထိန်းသိမ်းဖို့ စက်ပစ္စည်းအစိတ်အပိုင်းတွေနဲ့ ပညာရှင်တွေကို အမေရိကန်ကထောက်ပံ့မပေးဘူးဆိုရင် အဲဒီ F-16 တွေဟာ စစ်ဆင်ရေးအတွက် အသုံးပြုလို့ ရမှာမဟုတ်ပါဘူး။

 

တော်ဝင်ထိုင်းလေတပ်မှာ F-16 ဂျက်တိုက်လေယာဉ်တွေရှိတယ်ဆိုပေမဲ့ အစစအရာရာ အမေရိကန်အစိုးရက ထိန်းချုပ်ထားတဲ့အတွက် ထိုင်းလေတပ်ဟာ တကယ့်ပိုင်ဆိုင်မှုအစစ် ကင်းမဲ့နေတယ်လို့ မကြာခဏ ပြောစမှတ် ဖြစ်နေပါတယ်။

 

သတင်းအချက်အလက်ချိတ်ဆက်မှုစနစ်အသုံးပြုမှုတိုင်းအတွက် အမေရိကန်အစိုးရရဲ့ ခွင့်ပြု ချက်နဲ့ စကားဝှက်ရယူဖို့ လိုအပ်ပါတယ်။

 

ဒါပေမဲ့ တော်ဝင်ထိုင်းလေတပ်ရဲ့လိုအပ်ချက်အတိုင်း စီမံချက်ကြီးတစ်ခုလုံးအတွက် ချေးငွေတွေထုတ်ချေးပေး ဖို့နဲ့ ပြုပြင်ထိန်းသိမ်းရေးအတွက် နည်းပညာလွှဲပြောင်းပေးဖို့အပါအဝင် ကမ်းလှမ်းချက်အသစ်တွေကို အမေရိ ကန်အစိုးရက အဆိုပြုထားတယ်လို့ ဆုတင်က ပြောပါတယ်။

 

“ကျွန်တော်တို့ ဆွေးနွေးနေပါတယ်။ အဲဒီချိတ်ဆက်မှုစနစ်တွေကို ဆက်သွယ်နိုင်တယ်လို့ အမေရိကန်သံအ မတ်က ပြောပါတယ်။ အဲဒီချိတ်ဆက်မှုစနစ်တွေဟာ တော်ဝင်ထိုင်းလေတပ်မှာသုံးစွဲနေတဲ့ ခေတ်မီလေယာဉ် တွေနဲ့ရော တခြားပိုမိုအဆင့်မြင့်တဲ့လေယာဉ်တွေနဲ့ရော ချိတ်ဆက်ပြီး ပေါင်းစပ်သုံးစွဲနိုင်တယ်လို့ သံအမတ်က ပြောပါတယ်။” လို့ ဆုတင်က ပြောပါတယ်။

 

အမေရိကန်အစိုးရက ထိုင်းအစိုးရကို ဗြောင်ကျကျ ဖိအားပေးတာမျိုးမလုပ်ခဲ့ဘူးဆိုရင်တောင်မှ သံတ မန်နည်း လမ်းအရ ထိုင်းအစိုးရဟာ ကမ်းလှမ်းမှုကို လက်ခံမှာလား၊ ငြင်းပယ်မှာလား ဒါမှမဟုတ် အပေးအယူအလျှော့ အတင်းလုပ်ဦးမှာလား ဆိုတာကို ရှင်းရှင်းလင်းလင်း အကြောင်းပြန်ကြားရမှာဖြစ်ပါတယ်။

 

ဒါဟာ ဝန်ကြီးချုပ် ဆရက်ထာအတွက် အရေးကြီးတဲ့စိန်ခါ်မှုတစ်ရပ်ဖြစ်ပါတယ်။

 

ဂျက်တိုက်လေယာဉ်တွေကို ရွေးချယ်ဖို့ တော်ဝင်ထိုင်းလေတပ်မှာ အခွင့်အာဏာရှိတယ်ဆိုပေမဲ့ အနာဂတ်မှာ အမေရိကန်က ထိုင်းနိုင်ငံအပေါ် အကျိုးပြုလာနိုင်ဖွယ်ရှိတဲ့ကိစ္စတွေအပါအဝင် နိုင်ငံရေးနဲ့ စီးပွားရေးအရ ထည့် သွင်းစဉ်းစားရမယ့် အချက်အလက်တွေက ဆုံးဖြတ်ချက်အပေါ် သြဇာလွှမ်းမိုးနိုင်ပါတယ်။

 

ဒါပေမဲ့ ပြင်ပဖိအားတွေကလည်း တော်ဝင်ထိုင်းလေတပ်ရဲ့ စစ်ဆင်ရေးဦးစားပေးမှုတွေကို ထိခိုက်စေပြီး လေယာဉ်ရွေးချယ်ရေးလုပ်ငန်းစဉ်အပေါ် ပိုမိုရှုပ်ထွေးလာနိုင်စေပါတယ်။

 

ဝန်ကြီးချုပ်ဆရက်ထာအနေနဲ့ တော်ဝင်ထိုင်းလေတပ် သင့်တော်တဲ့ဂျက်တိုက်လေယာဉ်တွေ ရရှိရေးအတွက် ဆောင်ရွက်စဉ်အတွင်း ကာလရှည်နိုင်ငံတကာဆက်ဆံရေးကို ထိန်းသိမ်းရင်း အားလုံးအတွက် အကျိုးရှိမယ့် ဖြေရှင်းနည်းတစ်ရပ်ကို ရှာဖွေတွေ့ရှိမယ်လို့ မျှော်လင့်ရပါတယ်။

 

သို့သော် အမေရိကန်အစိုးရက Link-16 system ကို လွတ်လပ်စွာအသုံးပြုဖို့ ကမ်းလှမ်းပြီး F-16 Block 70 တွေရဲ့ဈေးနှုန်းကို သိသိသာသာ လျှော့ချလိုက်မှသာ ယှဉ်ပြိုင်မှုထက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

 

Ref: US government pushes Thailand to consider purchasing F16 fighters

 

#PeopleMedia


Share this post