• Follow Us on

Home F-16 ဂျက်တိုက်လေယာဉ်တွေအတွက် JASSM-ER တာဝေးပစ်ဒုံးကျည်တွေ ပိုလန်ဝယ်ယူမည်

F-16 ဂျက်တိုက်လေယာဉ်တွေအတွက် JASSM-ER တာဝေးပစ်ဒုံးကျည်တွေ ပိုလန်ဝယ်ယူမည်

Share this post

နိုင်ငံတကာ၊ မေ ၂၈

 

ပိုလန်နိုင်ငံဟာ ၎င်းတို့လေတပ်ရဲ့ F-16 ဂျက်တိုက်လေယာဉ်တွေအတွက် JASSM-ER တာဝေးပစ် ခရုစ်ဒုံး ကျည်တွေ အမေရိကန်ထံက ဝယ်ယူဖို့အတွက် မေလ ၂၈ ရက်နေ့မှာ အရောင်းအဝယ်စာချုပ်ကို အပြီးသတ် လက်မှတ်ရေးထိုးမှာ ဖြစ်ကြောင်း ပိုလန်ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။

 

ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ အချိန်ကတည်းက ပိုလန်အစိုးရဟာ ၎င်းတို့ရဲ့ စစ်အင်အား တိုးမြှင့်တည်ဆောက်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။

 

“ရှေ့တန်းကနေ အလွန်ဝေးကွာတဲ့နေရာတွေမှာရှိနေတာတောင် ပစ်မှတ်တွေကို ပစ်ခတ်နိုင်ဖို့အတွက် ဘယ် လောက်အရေးကြီးတယ်ဆိုတာ ယူကရိန်းစစ်ပွဲက သက်သေပြလိုက်တာပဲဖြစ်ပါတယ်။ အခု ဝယ်ယူမယ့် ဒုံး ကျည်တွေပစ်ခတ်နိုင်တဲ့အကွာအဝေးက ကီလိုမီတာ ၁၀၀၀ ဝန်းကျင်ဖြစ်ပါတယ်။” လို့ ကာကွယ်ရေးဝန်ကြီးဌာ နက မေလ ၂၇ ရက်နေ့က ပြောပါတယ်။

 

ဒေါ်လာ ၇၃၅ သန်းတန်ကြေးရှိ အဲဒီလက်နက်ရောင်းဝယ်ရေးစာချုပ်ကို ပိုလန်ကာကွယ်ရေးဝန်ကြီး ဝါဒစ်ဆွစ် ကိုရှီညက်ခါမက်စ်က မေလ ၂၈ ရက်နေ့မှာ လက်မှတ်ရေးထိုးသွားမှာဖြစ်ပါတယ်။ ဒုံးကျည်တွေကိုတော့ ၂၀၂၆ ခုနှစ်နဲ့ ၂၀၃၀ ပြည့်နှစ်ကြားကာလမှာ ပို့ဆောင်သွားမှာဖြစ်ပါတယ်။

 

JASSM-ER ဒုံးကျည်ဟာ ကီလိုမီတာ ၁၀၀၀ အထိ ပစ်ခတ်နိုင်တဲ့ ဒုံးကျည်ဟာ အမေရိကန်ထုတ် ဝေဟင်-မြေပြင် တာဝေးပစ် ခရုစ်ဒုံးကျည်ဖြစ်ပါတယ်။

 

ရုရှားနိုင်ငံက ယူကရိန်းကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေစဉ်အတွင်း ပိုလန်လေ ကြောင်းပိုင်နက်ကို ကာကွယ်နိုင်ဖို့အတွက် မကြာသေးခင်ကပဲ ပိုလန် F-16 ဂျက်တိုက်လေယာဉ်တွေ ၎င်းတို့ လေပိုင်နက်ထဲကို ပျံတက်ခဲ့ကြပါတယ်။

 

Ref: Poland buys long-range missiles for F-16s from US

 

#PeopleMedia


Share this post