• Follow Us on

Home F-16 ဂျက်တိုက်လေယာဉ်တွေ စတင်အသုံးပြုနေပြီဖြစ်ကြောင်း ဇီလန်စကီးပြော

F-16 ဂျက်တိုက်လေယာဉ်တွေ စတင်အသုံးပြုနေပြီဖြစ်ကြောင်း ဇီလန်စကီးပြော

Share this post

နိုင်ငံတကာ၊ သြဂုတ် ၅

 

ရုရှားကျူးကျော်စစ်စတင်ပြီး ၂ နှစ်နဲ့ ၅ လအတွင်းမှာ ကာလရှည်စောင့်မျှော်နေတဲ့ F-16 ဂျက်တိုက် လေယာဉ် တွေ ယူကရိန်းနိုင်ငံပိုင်နက်ထဲမှာ စတင်တာဝန်ထမ်းဆောင်ပျံသန်းနေပြီ ဖြစ်ကြောင်း သမ္မတဗလာဒီမာဇီလန်စ ကီးက တနင်္ဂနွေနေ့ (သြဂုတ်လ ၄ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

လေတပ်စခန်းတစ်ခုက လေသူရဲတွေကို သွားရောက်တွေ့ဆုံစဉ် ၎င်းကို F-16 နှစ်စင်းကခြံရံထားပြီး တခြား F-16 နှစ်စင်းက ကောင်းကင်ယံမှာ ပျံသန်းနေစဉ် ဇီလန်စကီးက အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

 

“F-16 တွေ ယူကရိန်းကိုရောက်နေပြီ။ ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါပြီ။ ဒီဂျက်တိုက်လေယာဉ်တွေကို ပိုင်နိုင်ကျွမ်း ကျင်စွာမောင်းနှင်ပြီး ကျွန်တော်တို့နိုင်ငံအတွက် စတင်အသုံးပြုနေပြီဖြစ်တဲ့ ကျွန်တော်တို့ လေသူရဲတွေအတွက် ကျွန်တော်ဂုဏ်ယူပါတယ်။” လို့ ဇီလန်စကီးက ပြောပါတယ်။

 

လုံခြုံရေးအခြေအနေအရ ဇီလန်စကီးရောက်ရှိနေတဲ့ လေယာဉ်ကွင်း တပ်တည်နဲ့ တခြားအချက် အလက် အသေးစိတ်ကိုတော့ ယူကရိန်းအာဏာပိုင်တွေက ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။

 

ယူကရိန်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ် အလက်ဇန္ဒားဆူယာစကီက F-16 ဂျက်တိုက်လေယာဉ် တွေ ရောက်ရှိလာတာကို ကြိုဆိုလိုက်ပြီး ဒီတိုက်လေယာဉ်တွေ ရရှိရေးအတွက် နေရာညပါ မနေအမနား ကြိုးစား အားထုတ်ခဲ့တဲ့ ယူကရိန်းသမ္မတနဲ့ အရာရှိများကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။

 

F-16 ဂျက်တိုက်လေယာဉ်တွေရောက်ရှိလာတာကြောင့် ယူကရိန်းတပ်ဖွဲ့ဝင်တွေကို ကယ်တင်နိုင်မှာ ဖြစ်ကြောင်း ၎င်းကပြောပါတယ်။

 

“ဒီလေယာဉ်တွေရောက်ရှိလာတဲ့အတွက် ကျူးကျော်တပ်ဖွဲ့ဝင်တွေ ပိုမိုတိုက်ခိုက်ချေမှုန်းခံရတော့မှာ ဖြစ်တယ်။ ယူကရိန်းမြို့ကြီးတွေကို တိုက်ခိုက်ဖို့ ရုရှားရာဝတ်ကောင်တွေအသုံးပြုနေတဲ့ ဒုံးကျည်တွေနဲ့ လေယာဉ်တွေကို ပိုမိုပစ်ချနိုင်တော့မှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

လေယာဉ်အစင်းရေ ဘယ်လောက်အထိ ရရှိမယ်၊ လေကြောင်းရန်ကာကွယ်ရေးနဲ့ မြေပြင်တိုက်ပွဲ တွေအတွက် ဘယ်လောက်အထောက်အကူဖြစ်ပြီး ဘယ်လောက်အထိ ထိရောက်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေး ပေမဲ့ F-16 တွေ ရောက်လာတာဟာ ယူကရိန်းအတွက် သမိုင်း မှတ်တိုင်တစ်ခုဖြစ်ပါတယ်။

 

ရုရှားနိုင်ငံက ယူကရိန်း F-16 တွေကို ပစ်ချသွားမယ်လို့ ပြောထားပြီး F-16 တွေ ရှိမယ်ထင်တဲ့နေရာ တွေကို တောက်လျှောက် ပစ်မှတ်ထားတိုက်ခိုက်နေပါတယ်။ F-16 ဂျက်တိုက်လေယာဉ်မှာ ၂၀ မမ စက်အမြောက်တစ်လက်တပ်ဆင်ထားသလို ဗုံးတွေ၊ ရော့ကက်တွေနဲ့ ဒုံးကျည်အမျိုးမျိုးကိုလည်း သယ်ဆောင်ပစ်ခတ်နိုင်ပါတယ်။

 

ယူကရိန်းနိုင်ငံမှာ အခုထိ F-16 လေသူရဲ မလုံလောက်သေးဘဲ သင်တန်းတက်ရောက်နေဆဲဖြစ်တဲ့ လေသူရဲ တွေကို စောင့်မျှော်နေဆဲဖြစ်ပါတယ်။

 

Ref: Ukraine finally deploying US-made F-16 fighter jets, Zelenskiy says

 

#PeopleMedia


Share this post