• Follow Us on

Home F-16 တွေမရောက်ခင် ယူကရိန်းနယ်မြေတွေ ပိုမိုရရှိအောင် ရုရှားတပ်တွေ အရှိန်မြှင့်တိုက်ခိုက်နေ

F-16 တွေမရောက်ခင် ယူကရိန်းနယ်မြေတွေ ပိုမိုရရှိအောင် ရုရှားတပ်တွေ အရှိန်မြှင့်တိုက်ခိုက်နေ

Share this post

နိုင်ငံတကာ၊ ဇွန် ၁၉

 

ယူကရိန်းတပ်မတော်က F-16 ဂျက်တိုက်လေယာဉ်တွေ အပါအဝင် ပြည်ပနိုင်ငံက စစ်ရေေးထာက်ပံ့မှုတွေ ထပ် မံမရရှိခင် ရုရှားတပ်တွေဟာ ယူကရိန်းနယ်မြေတွေ ပိုမိုရရှိအောင် ထိုးစစ်တွေကို အရှိန်မြှင့်တိုက်ခိုက်နေ ကြောင်း ယူကရိန်းအစိုးရက တနင်္လာနေ့ (ဇွန်လ ၁၇ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

ရုရှားတပ်တွေဟာ လူအင်အားနဲ့ လက်နက်ခဲယမ်းအင်အား ပြတ်လပ်လျော့နည်းလာတဲ့ ယူကရိန်းတပ်တွေ ခက်ခဲစွာထိန်းသိမ်းကာကွယ်နေရတဲ့ နိုင်ငံအရှေ့ပိုင်းက ဒွန်းညက်ဒေသနဲ့ တောင်ပိုင်းနယ်မြေတချို့ကို တ ဖြည်းဖြည်း ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

 

“ကျွန်တော်တို့ မဟာမိတ်နိုင်ငံတွေကထောက်ပံ့နေတဲ့ လက်နက်ခဲယမ်းအများအပြားကို တဖြည်းဖြည်း လက်ခံ ရရှိနေတဲ့ ရလဒ်တစ်ခုနဲ့ ကျွန်တော်တို့ရဲ့ လေကြောင်းရန်ကာကွယ်ရေးကို အားဖြည့်မြှင့်တင်ပေးမယ့် F-16 ဂျက်တိုက်လေယာဉ်တွေ ပထမအသုတ်ရောက်ရှိလာခြင်းရလဒ်အဖြစ် အချိန်က ကျွန်တော်တို့ဘက်ကို မျက်နှာ သာပေးလာမှာဖြစ်သလို သူတို့ရဲ့အောင်မြင်မှုအခွင့်အလမ်းကလည်း လျော့ကျလာမယ်ဆိုတာ ရန်သူကကောင်း ကောင်းသိထားပါတယ်။” လို့ ယူကရိန်းကြည်းတပ်ဦးစီးချုပ် အိုလက်ဆန္ဒားဆူစကီက ပြောပါတယ်။

 

“ဒါ့ကြောင့် ရုရှားတပ်တွေရဲ့စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်ဟာ ကျွန်တော်တို့တပ်အင်အားတွေ ပိုမိုလျော့နည်း သွားအောင်၊ အရန်တပ်ဖွဲ့ဝင်တွေရဲ့လေ့ကျင့်မှုတွေကို ကမောက်ကမဖြစ်အောင်နဲ့ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက် မှုတွေ လုပ်မလာနိုင်အောင် လက်ရှိအချိန်မှာ အရှန်မြှင့်တိုက်ခိုက်ပြီး နယ်မြေတွေသိမ်းပိုက်ဖို့ ကြိုးစားနေပါ တယ်။” လို့ ၎င်းက လူမှုကွန်ရက်ပေါ်မှာ တင်ထားပါတယ်။

 

အနောက်နိုင်ငံတွေက လက်ရှိထောက်ပံ့နေတဲ့ လက်နက်ခဲယမ်းတွေဟာ ရုရှားတပ်တွေကို အနိုင်ယူတိုက်ခိုက် ဖို့ မလုံလောက်သေးကြောင်း ဆွစ်ဇာလန်နိုင်ငံမှာ ပြီးခဲ့တဲ့စနေ/တနင်္ဂနွေကကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မှာ ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးက ပြောပါတယ်။

 

ယူကရိန်းနိုင်ငံအတွက် ကတိပြုထားတဲ့ F-16 ဂျက်တိုက်လေယာဉ်တွေ ပို့ဆောင်ပေးမယ့်အစီအစဉ်ကို အရှိန် မြှင့်ဆောင်ရွက်ဖို့နဲ့ လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေ ပိုမိုထောက်ပံ့ပေးဖို့ ဇီလန်စကီးက အနောက် နိုင်ငံတွေကို မေတ္တာရပ်ခံခဲ့ပါတယ်။

 

ရုရှားတပ်တွေဟာ ၎င်းတို့နိုင်ငံရဲ့အစိတ်အပိုင်းတစ်ရပ်ဖြစ်တယ်လို့ ပြောဆိုထားတဲ့ ယူကရိန်းနိုင်ငံထဲက ဒွန်း ညက်ဒေသကို အဓိက ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ကြည်းတပ်ဦးစီးချုပ် ဆူစကီက ပြောပါတယ်။

 

ရုရှားတပ်တွေဟာ တောင်ပိုင်းကို ထပ်မံတိုးချဲ့တိုက်ခိုက်နို်င်တဲ့ မြောက်ပိုင်းစက်မှုဇုံထဲက အရပ်သားတွေနေ ထိုင်တဲ့နယ်မြေတွေနဲ့ ဆက်စပ်နေတဲ့ အမြောက်နဲ့ ထောက်ပံ့ရေးပစ္စည်းတွေ သယ်ယူပို့ဆောင်နိုင်တဲ့ အဓိက လမ်းကြောင်းတစ်ခုကို တဖြည်းဖြည်း ချဉ်းကပ်လာနေပြီလို့ ဆိုပါတယ်။

 

Ref: Ukraine Says Russia Wants to Advance Before F-16s Arrive

 

#PeopleMedia


Share this post