• Follow Us on

Home F-16 တိုက်လေယာဉ်ဝယ်ယူရေးအဆင်မပြေရင် တိုင်ဖွန်းတိုက်လေယာဉ်တွေဝယ်ယူရန် တူရကီ စဉ်းစားဖွယ်ရှိ

F-16 တိုက်လေယာဉ်ဝယ်ယူရေးအဆင်မပြေရင် တိုင်ဖွန်းတိုက်လေယာဉ်တွေဝယ်ယူရန် တူရကီ စဉ်းစားဖွယ်ရှိ

Share this post

နိုင်ငံတကာ၊ ဇွန် ၂၄

 

တူရကီနိုင်ငံက အမေရိကန်ဆီက F-16 တိုက်လေယာဉ်အစင်း ၄၀ ဝယ်ယူဖို့ မေတ္တာရပ်ခံထားတာ မအောင်မြင် ခဲ့ရင် ဥရောပတိုက်လေယာဉ်ဖြစ်တဲ့ တိုင်ဖွန်းဂျက်တိုက်လေယာဉ်တွေကို ဝယ်ယူသွားဖို့ စဉ်းစားနေကြောင်း လန်ဒန်အခြေစိုက် အွန်လိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Middle East Eye က ရေးသားဖော်ပြလိုက်ပါတယ်။

 

တူရကီနိုင်ငံက ၎င်းတို့ရဲ့ပြည်တွင်းထုတ် TF-X ဂျက်တိုက်လေယာဉ်တွေကို ထုတ်ဖော်ပြသခြင်းမပြုရသေးခင် အထိ တူရကီလေတပ်အတွက် ဒုတိယအကောင်းဆုံးရွေးချယ်မှုအဖြစ် ဥရောပနိုင်ငံတွေကစုပေါင်းထုတ်လုပ် ထားတဲ့ တိုင်ဖွန်းဂျက်တိုက်လေယာဉ်တွေကို ရွေးချယ်သွားဖို့ စဉ်းစားနေတယ်လို့ တူရကီအရာရှိတွေက ပြော ပါတယ်။

 

“တိုင်ဖွန်းဂျက်တိုက်လေယာဉ်တွေဟာ အရည်အသွေးကောင်းမွန်တဲ့ တိုက်လေယာဉ်တွေပါ။ အလွန်ကောင်းပါ တယ်။ အဲဒီတိုက်လေယာဉ်တွေဟာ ကျွန်တော်တို့ပြည်တွင်းထုတ် TF-X ဂျက်တိုက်လေယာဉ်တွေ မရမချင်းမှာ အကောင်းဆုံးလေယာဉ်တွေပါ။ တကယ်လို့ ကျွန်တော်တို့ F-16 တိုက်လေယာဉ်တွေ ဝယ်ယူလို့မရခဲ့ဘူးဆိုရင် သစ်မရခင်စပ်ကြား ဝါးပေါင်းကွပ်ထားနိုင်တဲ့ အကောင်းဆုံးလေယာဉ်တွေပေါ့ဗျာ။” လို့ တူရကီအရာရှိတစ်ဦးရဲ့ စကားကို ကိုးကားပြီး Middle East Eye က ရေးသားထားပါတယ်။

 

အမေရိကန်က သတိပေးနေတဲ့ကြားက တူရကီနိုင်ငံက ရုရှားထံက S-400 လေကြောင်းရန်ကာကွယ်ရေးဒုံး ကျည်တွေဝယ်ယူလိုက်ပြီးတဲ့နောက် နှစ်နှစ်အကြာမှာ အမေရိကန်နိုင်ငံက တူရကီနဲ့ ပူးပေါင်းထုတ်လုပ်မယ့် F-35 ဂျက်တိုက်လေယာဉ်ထုတ်လုပ်ရေးစီမံချက်ထဲကနေ နုတ်ထွက်လိုက်ပါတယ်။

 

အဲဒီလို F-35 စီမံချက်ထဲက နုတ်ထွက်လိုက်ပြီး ၂၀၂၁ ခုနှစ်မှာ တူရကီအစိုးရက အမေရိကန်ဆီက F-16 တိုက်လေယာဉ်တွေဝယ်ယူဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

 

ရုရှားအစိုးရဟာ တူရကီနိုင်ငံကို S-400 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေရောင်းချပေးပြီး တူရကီဆီ ကတစ်ဆင့် လေယာဉ်ကိုယ်ပျောက်နည်းပညာတွေ လျှို့ဝှက်ရရှိသွားနိုင်တယ်လို့ အမေရိကန်အစိုးရက စွပ်စွဲ ပြောဆိုထားပါတယ်။

 

S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်ဟာ နေတိုးလက်နက်စနစ်တွေနဲ့ ပေါင်းစပ်အ သုံးပြုလို့မရဘူူးလို့ လည်း ဆိုပါတယ်။

 

တူရကီနိုင်ငံက F-35 ဂျက်တိုက်လေယာဉ်ထုတ်လုပ်ရေးစီမံချက်အတွက် ဒေါ်လာ ၁.၄ ဘီလျံ ရင်းနှီးမြှုပ်နှံထား တယ်လို့ သိရပါတယ်။

 

တူရကီအစိုးရက ယူကရိန်းနိုင်ငံအတွက် Bayraktar ဒရုန်းတွေ အများအပြားတင်ပို့ပေးလိုက်ပြီးတဲ့နောက်ပိုင်း မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တူရကီအစိုးရရဲ့ မေတ္တာရပ်ခံချက်ကို ပြန်လည်စဉ်းစားလာတယ်လို့ ဆိုပါတယ်။

 

တူရကီသမ္မတတေရစ်အာဒိုဂန်ဟာ နေတိုးအဖွဲ့သဘောတူညီချက်တွေကိုလိုက်နာခြင်းမရှိသလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကျူးလွန်ခဲ့တဲ့အတွက် ပါတီနှစ်ရပ်ပေါင်းက ကွန်ဂရက်လွှတ်တော်အမတ် ၅၀ ကျော်က တူရကီ ရဲ့ F-16 တိုက်လေယာဉ်ဝယ်ယူရေးအစီအစဉ်ကိုကန့်ကွက်ခဲ့တာဖြစ်ကြောင်း တူရကီအစိုးရထံကိုစာတစ်စောင် ပေးပို့ခဲ့သလို “တူရကီနိုင်ငံရဲ့ ယူကရိန်းနိုင်ငံနဲ့ ကာကွယ်ရေးကဏ္ဍဆက်ဆံရေးဟာ ဒေသတွင်းဆိုးရွားလှတဲ့သြ ဇာလွှမ်းမိုးမှုအတွက် အရေးပါတဲ့အဟန့်အတားတစ်ခုဖြစ်ကြောင်း” အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကဖော် ပြခဲ့ပါတယ်။

 

အမေရိကန်အစိုးရအနေနဲ့ တူရကီနိုင်ငံမှာ အာဒိုဂန်အာဏာပြန်ရမှာကို မလိုလားတဲ့အတွက် တူရကီနိုင်ငံက ၂၀၂၃ ခုနှစ် သမ္မတရွေးကောက်ပွဲကျင်းပပြီးတဲ့အချိန်လောက်ကျမှ တူူရကီမေတ္တာရပ်ခံထားတဲ့ F-16 ရောင်းချ ရေးကိစ္စကို ကွန်ဂရက်လွှတ်တော်ကတစ်ဆင့် အမေရိကန်အစိုးရက ခွင့်ပြုကောင်း ခွင့်ပြုသွားနိုင်ကြောင်း Middle East Eye က ရေးသားဖော်ပြထားပါတယ်။

 

Ref: Turkey May Consider Eurofighter Typhoon if F-16 Deal Fails: Report

 

#PeopleMedia

 

(unicode)


……………………………….

 


 


 


 


 


 


 


 


 


 


 


 


 

Ref: Turkey May Consider Eurofighter Typhoon if F-16 Deal Fails: Report

 

#PeopleMedia


Share this post