• Follow Us on
Latest News

Home F-16 Block 70 ဂျက်တိုက်လေယာဉ်အသစ် အစင်း ၄၀ တူရကီကိုရောင်းချပေးဖို့ အမေရိကန်အစိုးရခွင့်ပြု

F-16 Block 70 ဂျက်တိုက်လေယာဉ်အသစ် အစင်း ၄၀ တူရကီကိုရောင်းချပေးဖို့ အမေရိကန်အစိုးရခွင့်ပြု

Share this post

နိုင်ငံတကာ၊ ဇွန် ၁၀

 

တူရကီလေတပ်အတွက် F-16 Block 70 ဂျက်တိုက်လေယာဉ်အသစ် အစင်း ၄၀ ရောင်းချပေးဖို့ အမေရိကန် အစိုးရက အတည်ပြုလိုက်ကြောင်း Zona Militar မီဒီယာမှာ ရေးသားဖော်ပြထားပါတယ်။

 

F-16 Block 70 ဂျက်တိုက်လေယာဉ်အသစ်တွေနဲ့ တူရကီလေတပ်မှာလက်ရှိသုံးစွဲနေတဲ့ F-16 Block 50 ဂျက်တိုက်လေယာဉ်တွေအတွက် အဆင့်မြှင့်ကိရိယာတွေ ရောင်းချပေးဖို့ တူရကီအစိုးရက အမေရိကန်အစိုးရ ကို မေတ္တာရပ်ခံနေတာ နှစ်နဲ့ချီ ကြာမြင့်နေပြီဖြစ်ပါတယ်။

 

ဂရိနိုင်ငံနဲ့ ဆက်ဆံရေးတင်းမာမှု၊ ရုရှားထံက S400 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေ ဝယ်ယူထားမှု၊ အမေရိကန်ကွန်ဂရက်လွှတ်တော်အမတ်တွေရဲ့ဆန့်ကျင်မှုနဲ့ F-35 ဂျက်တိုက်လေယာဉ်စီမံချက်ထဲက တူရကီ နိုင်ငံကို ထုတ်ပယ်ထားမှုတို့ကြောင့် အခုလို အရောင်းအဝယ်ကိစ္စတွေ ကာလရှည်နှောင့်နှေးကြန့်ကြာနေရတာ ဖြစ်ပါတယ်။

 

ဖင်လန်နဲ့ ဆွီဒင်တို့ နေတိုးအဖွဲ့ဝင်ဖြစ်ဖို့အရေး အဖွဲ့ဝင်နိုင်ငံအားလုံးက ထောက်ခံဖို့လိုအပ်ချက်ကလည်း အခုလို ပိတ် ဆို့ထားတာတွေကို ဖြေလျှော့ပေးဖို့အတွက် တူရကီကိုင်ထားတဲ့ ဝှက်ဖဲတွေထဲက ဝှက်ဖဲတစ်ချပ်ဖြစ်ပါ တယ်။

 

ဖင်လန်နဲ့ ဆွီဒင် နေတိုးအဖွဲ့ဝင်နိုင်ငံတွေအဖြစ်လျှောက်ထားလာတာကို တူရကီက ဇန်နဝါရီလ အစောပိုင်းမှာ ထောက်ခံလိုက်တဲ့အတွက် အမေရိကန်အစိုးရကလည်း အခုလို စစ်လက်နက်ပစ္စည်းရောင်းချမှုကို ခွင့်ပြုလိုက် တာဖြစ်ပါတယ်။

 

တူရကီကို ရောင်းချဖို့ခွင့်ပြုလိုက်တဲ့ စစ်လက်နက်ပစ္စည်းတွေကတော့ F-16 Block 70 ဂျက်တိုက်လေယာဉ် အသစ် အစင်း ၄၀ နဲ့ F-16 Block 50 ဂျက်တိုက်လေယာဉ်တွေအတွက်အဆင့်မြှင့်ကိရိယာတွေဖြစ်ပြီး စုစုပေါင်း ဒေါ်လာ ၂၃ ဘီလျံတန်ဖိုးရှိပါတယ်။

 

ဒါ့အပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ခွင့်ပြုလိုက်တဲ့အထဲမှာ AIM-120C-8 AMRAAM ဒုံးကျည် ၉၅၂ စင်း၊ AIM-9X Block II ဝေဟင်-ဝေဟင်ပစ်ဒုံးကျည် ၄၀၁ စင်း၊ AGM-88E anti-radiation ဒုံးကျည်တွေ၊ AN/AAQ-33 SNIPER targeting pod တွေနဲ့ GBU-39/B glide ဗုံးတွေနဲ့ တခြားစစ်လက်နက်ပစ္စည်းအများအ ပြားလည်း ပါဝင်ပါတယ်။

 

ဒီကနေ့အချိန်အထိ ဘာရိန်းလေတပ်နဲ့ ဆလိုဗက်ကီးယားလေတပ်အတွက် လျာထားတဲ့ ပထမဦးဆုံး F-16 Block 70 ဂျက်တိုက်လေယာဉ်တွေကို တောင်ကာရိုလိုင်းနားပြည်နယ်၊ ဂရိန်းဗေးလ်မှာရှိတဲ့ လော့ဟိမာတင် ကုမ္ပဏီစက်ရုံမှာ ထုတ်လုပ်နေပါတယ်။

 

Ref: The U.S. government confirms the sale of 40 new F-16 Block 70 fighters to the Turkish Air Force

 

#PeopleMedia


Share this post