F-16VS တွေအတွက် EW System သစ်တွေ တပ်ဆင်ဖို့ ထိုင်ဝမ်က ဒေါ်လာ ၁.၃၃ ဘီလျံသုံးစွဲမည်
PUBLISHED - September 13, 2024
နိုင်ငံတကာ၊ စက်တင်ဘာ ၁၃
ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနဟာ မကြာခင်ရောက်လာမယ့် ထိုင်ဝမ် F-16 ဂျက်တိုက်လေယာဉ်တွေမှာ တပ် ဆင်ဖို့အတွက် “Viper Shield” ခေါ် အဆင့်မြင့်အီလက်ထရောနစ်စစ်ဆင်ရေးစနစ်ကို L3Harris ကုမ္ပဏီထံက ဝယ်ယူနိုင်ဖို့ ကာကွယ်ရေးအသုံးစရိတ် ထိုင်ဝမ်ဒေါ်လာ ၄၂.၈ ဘီလျံ (ဒေါ်လာ ၁.၃၃ ဘီလျံ) ကို သီးသန့်ခွဲ ထုတ်ထားလိုက်ပါတယ်။
အဲဒီ EW system (အီလက်ထရောနစ်စစ်ဆင်ရေးစနစ်) ကို အမေရိကန်ကမှာယူထားပြီး မကြာခင်ရောက်ရှိလာ မယ့် F-16V ဘက်စုံသုံးဂျက်တိုက်လေယာဉ် ၆၆ စင်းမှာ တပ်ဆင်သွားမှာဖြစ်ပါတယ်။
နည်းပညာအခက်အခဲနဲ့ ထောက်ပံ့ရေးကွင်းဆက်ပြဿနာတွေကြောင့် ကြန့်ကြာနေတဲ့ အဲဒီလေယာဉ်တွေထဲ ပထမအသုတ် နှစ်စင်းဟာ ၂၀၂၄ ခုနှစ် မကုန်ခင်ရောက်ရှိလာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
ခဲယမ်းတွေနဲ့ ထောက်ပံ့ရေးစနစ်တွေအပြင် အခုနောက်ဆုံးပေါ် EW system ဝယ်ယူမှုတွေဟာ သြဂုတ်လ ၃၀ ရက်နေ့က လွှတ်တော်မှာတင်ပြထားတဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အသုံးစရိတ်ထဲမှာပါဝင်ပါတယ်။
တရားဝင်နာမည် AN/ALQ-254(V)1 All-Digital Electronic Warfare Suite လို့ခေါ်တဲ့ Viper Shield ခေါ် EW system ဟာ ခေတ်မီရေဒါစနစ်တွေကို ခြေရာခံထောက်လှမ်းဖို့နဲ့ ခြိမ်းခြောက်မှုတွေကို တပြိုင်တည်းမှာ ပြန်လည်တိုက်ခိုက်ဖို့အတွက် ဂျက်တိုက်လေယာဉ်တွေမှာ တပ်ဆင်မယ့် အီလက်ထရောနစ်စနစ်တစ်ခုပဲဖြစ် ပါတယ်။
လော့ဟိမာတင်ကုမ္ပဏီ၊ အမေရိကန်လေတပ်တို့နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ L3Harris ကုမ္ပဏီဟာ ခေတ်မီ F-16 ဂျက်တိုက်လေယာဉ်မှာ တပ်ဆင်ဖို့နဲ့ လေယာဉ်ဘေးကင်းလုံခြုံမှုနဲ့ စစ်ဆင်ရေးတာဝန်တွေ အောင်မြင်စွာ ထမ်းဆောင်နိုင်အောင် ရည်ရွယ်ပြီး ဒီ EW system ကို ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။
အခြေအနေအရပ်ရပ်ရုတ်ချည်းသဘောပေါက်နားလည်နိုင်စွမ်း (situational awareness) ကို မြှင့်တင်နိုင်ဖို့ အတွက် Viper Shield အီလက်ထရောနစ်စနစ်ဟာ F-16 မှာပါတဲ့ active electronically scanned array ရေဒါက ဒစ်ဂျစ်တယ်ရေဒါအချက်ပေးစနစ်နဲ့အတူ ပူးတွဲအလုပ်လုပ်သွားမှာဖြစ်ပါတယ်။
ဒါ့အပြင် အဆင့်မြင့်ခြိမ်းခြောက်မှုတွေကို တန်ပြန်ရင်ဆိုင်နိုင်ရေး စွမ်းရည်မြှင့်တင်ဖို့အတွက် ဒီ EW system မှာ ဒစ်ဂျစ်တယ်ရေဒီယိုလှိုင်းနှုန်းမှတ်ဉာဏ်အခြေခံ jamming system ကိုလည်း တပ်ဆင်ထားပါတယ်။
အရင်ကအသုံးပြုခဲ့တဲ့ EW system တွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် , Viper Shield အီလက်ထရောနစ်စနစ် ဟာ ပြုပြင်ထိန်းသိမ်းရေးစနစ်သင်သာပြီး အလွယ်တကူ အဆင့်မြှင်တင်နိုင်အောင် ပိုမိုပေါ့ပါးသေးငယ်စွာ ထုတ် လုပ်ထားတဲ့ EW system ဖြစ်ပါတယ်။
ထိုင်ဝမ်သာမက နိုင်ငံတကာ အဆင့်မြင့်စီမံချက်တစ်ရပ်အဖြစ် ဘာရိန်း၊ ဘူလ်ဂေးရီးယား၊ မော်ရိုကိုနဲ့ ဆလို ဗက်ကီးယားနိုင်ငံတွေကလည်း ၎င်းတို့ရဲ့ F-16V ဂျက်တိုက်လေယာဉ်တွေအတွက် “ပြည်ပနိုင်ငံ စစ်လက်နက် ပစ္စည်းရောင်းဝယ်ရေးအစီအစဉ်” ကတစ်ဆင့် Viper Shield အီလက်ထရောနစ်စနစ်တွေကို မှာယူထားပါကြ ပါတယ်။
Ref: Taiwan Allocates $1.3B to Acquire ‘Viper Shield’ EW System for F-16VS
#PeopleMedia