• Follow Us on

Home F-35 ဂျက်တိုက်လေယာဉ်များ စပိန်ကာကွယ်ရေးဝန်ကြီးဌာန စိတ်မဝင်စား

F-35 ဂျက်တိုက်လေယာဉ်များ စပိန်ကာကွယ်ရေးဝန်ကြီးဌာန စိတ်မဝင်စား

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၁၀ (People Media)

 

စပိန်နိုင်ငံသည် အမေရိကန်ထုတ် F-35 ဂျက်တိုက်လေယာဉ်များကို စိတ်ဝင်စားခြင်းမရှိဘဲ အနာဂတ်တိုက်ခိုက် ရေးလေကြောင်းစနစ်အတွက် ပြင်သစ်၊ ဂျာမနီနိုင်ငံတို့နှင့်သာ လက်တွဲဆောင်ရွက်သွားရန် သံန္နိဋ္ဌာန်ချထားပြီး  ဖြစ်ကြောင်း စပိန်ကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်ကပြောသည်။

 

စပိန်ရေတပ်က F-35 ဂျက်တိုက်လေယာဉ်ကို ရွေးချယ်ရန် စီစဉ်ထားသည်ဆိုပါက လော့ခ်ဟိမာတင်ကုမ္ပဏီ ထုတ်တိုက်လေယာဉ်သည် အနည်းဆုံး စပိန်ရေတပ်အတွက် သဘောတရားအရ ပြိုင်ဘက်တစ်ခုဖြစ်ကြောင်း စပိန်နိုင်ငံ မက်ဒရစ်မြို့တော်တွင် လွန်ခဲ့သည့်သီတင်းပတ်ကကျင်းပခဲ့သည့် စစ်လက်နက်ပစ္စည်းပြပွဲတစ်ခုတွင် စပိန်အရာရှိများက ပြောဆိုလိုက်ပြီးနောက် အထက်ပါပြောဆိုချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

 

“နဂိုရှိပြီးသား စီမံချက်အပြင် တခြားဂျက်တိုက်လေယာဉ်စီမံချက်တွေကို ဝင်ရောက်ဆောင်ရွက်ဖို့ စပိန်အစိုးရမှာ ဘတ်ဂျက်မရှိပါဘူး။ F-35 ဂျက်တိုက်လေယာဉ်စီမံချက်ကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကျွန်တော်တို့ ဖယ်ထုတ်ထားပါ တယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့ FACS (တိုက်လေယာဉ်များနဲ့ မောင်းသူမဲ့လေယာဉ်များထုတ်လုပ်မယ့် ဥရော ပ အနာဂတ်စီမံချက်) စီမံချက်ထဲမှာ ရင်းနှီးမြှှုပ်နှံဖို့ သံန္နိဋ္ဌာန်ချထားပြီးသားပါ။” ဟု နိုဝင်ဘာလ ၉ ရက်နေ့က ပြောကြားခဲ့သော စပိန်ကာကွယ်ရေးဝန်ကြီးဌာ နပြောခွင့်ရပုဂ္ဂိုလ်စကားကို ကိုးကား၍ ရိုက်တာသတင်းဌာနက ရေးုသားဖော်ပြခဲ့သည်။

 

လွန်ခဲ့သည့်သီတင်းပတ်က လန်ဒန်အခြေစိုက် Janes defense မဂ္ဂဇင်းတွင် ဖော်ပြထားသည့် ဆောင်းပါးတစ် စောင်ကိုအခြေခံ၍ စပိန်နိုင်ငံအနေဖြင့် F-35 ဂျက်တိုက်လေယာဉ်များဝယ်ယူရန် တက်ကြွစွာစုံစမ်းနေကြောင်း လူမှုကွန်ရက်ပေါ်တွင် ထင်မြင်ယူဆချက်များတွေ့မြင်ရပြီးနောက် ယခုကဲ့သို့ ငြင်းဆိုမှု ထွက်ပေါ်လာခဲ့ခြင်း ဖြစ် သည်။

 

ယင်းဆောင်းပါးမှာ စပိန်နိုင်ငံအပါအဝင် ဥရောပရှိလော့ခ်ဟိမာတင်၏ F-35 ဂျက်တိုက်လေယာဉ်ရောင်း ချရေး သတင်းအချက်အလက်များကို ကိုးကား၍ ရေးသားခဲ့ခြင်းဖြစ်သည်။

 

စပိန်နိုင်ငံသည် ဂျာမနီနိုင်ငံ၊ ပြင်သစ်နိုင်ငံတို့နှင့် တန်းတူမိတ်ဖက်နိုင်ငံတစ်နိုင်ငံအနေဖြင့် FACS (တိုက်လေ ယာဉ်များနဲ့ မောင်းသူမဲ့လေယာဉ်များထုတ်လုပ်မယ့် ဥရောပအနာဂတ်စီမံချက်) စီမံချက်တည်ထောင်ရန် ကိုယ် တိုင်ပါဝင်ဆောင်ရွက်နေသည့် နိုင်ငံဖြစ်သည့်အတွက် F-35 ဂျက်တိုက်လေယာဉ်များကို စပိန်နိုင်ငံသို့ရောင်းချ မည်ဆိုသည့် ခန့်မှန်းချက်မှာ အလွန်သိထားရမည့် ခန့်မှန်းချက်ဖြစ်သည်။

 

တစ်ပြိုင်တည်းမှာ အမေရိကန်ထုတ်စစ်လက်နက်ပစ္စည်းကို စိတ်ဝင်စားပြနေခြင်းသည် FACS စီမံချက်တွင် ပူး ပေါင်းဆောင်ရွက်မည့် စပိန်နိုင်ငံ၏ စိတ်အားထက်သန်မှုကို အဆုံးသတ်သွားစေနိုင်မည်ဖြစ်သည်။

 

Ref: Spain’s Defence Ministry denies interest in F-35

 

#PeopleMedia

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 


 

Ref: Spain’s Defence Ministry denies interest in F-35

 

#PeopleMedia


Share this post