• Follow Us on
Latest News

Home F-35 တိုက်လေယာဉ်များပြုပြင်မွမ်းမံရန် လော့ခ်ဟိမာတင်ကုမ္ပဏီက ဒေါ်လာ ၅၈၅ သန်းတန် ကန်ထရိုက်ရရှိ

F-35 တိုက်လေယာဉ်များပြုပြင်မွမ်းမံရန် လော့ခ်ဟိမာတင်ကုမ္ပဏီက ဒေါ်လာ ၅၈၅ သန်းတန် ကန်ထရိုက်ရရှိ

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၂၄ (People Media)

 

အမေရိကန်လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ လော့ခ်ဟိမာတင်သည် F-35 တိုက်လေယာဉ်များ ပြုပြင်မွမ်းမံရန် ကန်ထရိုက်ရရှိခဲ့သည့်အတွက် ဒေါ်လာ ၅၈၅ သန်းတန် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်းသိရ သည်။

 

အမေရိကန် ရေတပ်လေကြောင်းစနစ်များဌာနချုပ်နှင့် သဘောတူလက်မှတ်ရေးထိုးခဲ့သည့် စာချုပ်အရ လော့ခ် ဟိမာတင်ကုမ္ပဏီသည် ASQ-239 အီလက်ထရောနစ်စစ်ဆင်ရေးစနစ်သစ်နှင့် countermeasure hardware များကို ပေါင်းစပ်တပ်ဆင်ပေးရမည်ဖြစ်သည်။

 

ASQ-239 အီလက်ထရောနစ်စစ်ဆင်ရေးစနစ်သစ်သည် ရေဒါအချက်ပေးစနစ်၊ ကာကွယ်ရေးစနစ်နှင့် ပစ်မှတ် ရှာဖွေရေးစနစ်များကို ပေါင်းစပ်ထားသည့်စနစ်ဖြစ်သည်။ ယင်းစနစ်သည် ရန်သူကိုစတင်တိုက်ခိုက်ခြင်း၊ တန် ပြန်တိုက်ခိုက်ခြင်း၊ ရန်သူ့ရေဒီယိုအသံလွှင့်ချက်ကို တန်ပြန်အသံလွှင့်ဖျက်ဆီးခြင်း သို့မဟုတ် လေကြောင်းခြိမ်း ခြောက်မှုမှ ရှောင်ထွက်ခြင်းတို့ဆောင်ရွက်နိုင်သလို လေယာဉ်မှူးများအတွက် ပိုမိုဘေးကင်းလုံခြုံစေပြီး စစ်ဆင် ရေးတာဝန်များကို ပိုမိုထိရောက်အောင်ဆောင်ရွက်နိုင်သည်။

 

စာချုပ်တွင်သတ်မှတ်ထားသည့်လုပ်ငန်းများကို နယူးဟမ့်ရှိုင်းယားပြည်နယ်၊ တက္ကဆက်ပြည်နယ်၊ မေရီလန်း ပြည်နယ်နှင့် ဗြိတိန်နိုင်ငံတို့တွင်ရှိသော လော့ခ်ဟိမာတင်ကုမ္ပဏီ၏ စက်ရုံများတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ် ဧပြီလမတိုင်မီ လုပ်ငန်းများအပြီးဆောင်ရွက်သွားရန် စီစဉ်ထားသည်။

 

F-35 တိုက်လေယာဉ်သည် ရေဒါဖမ်းယူရန်ခက်ခဲခြင်း၊ အာရုံခံကိရိယာပေါင်းစပ်နိုင်ခြင်းနှင့် မျှော်လင့်မထား သောအခြေအနေများကို ကြိုတင်သိရှိနားလည်နိုင်ခြင်းတို့ကို ပေါင်းစပ်ထားသည့် ပေါ့ပါးသွက်လက်ပြီး ဘက်စုံ အသုံးပြုနိုင်သည့် စွမ်းဆောင်ရည်မြင့်မားသော လေယာဉ်ဖြစ်ကြောင်း အမေရိကန်လေတပ်ကပြောသည်။

 

စစ်ဆင်ရေးတာဝန်များထမ်းဆောင်ချိန်တွင် လေယာဉ်မှူးများအတွက် အားသာချက်ပေးစွမ်းနိုင်ရန် သတင်းအ ချက်အလက်များ ပိုမိုရရှိ၊ ပေါင်းစပ်၊ ဖြန့်ဖြူးနိုင်သော အလွန်ခေတ်မီသည့်အာရုံခံကိရိယာစနစ်ကို F-35 တိုက် လေယာဉ်တွင် တပ်ဆင်ထားသည်။

 

F-35 တိုက်လေယာဉ်သည် အင်ဂျင်ကန်အား ပေါင် ၄၃,၀၀၀ (၁၉,၅၀၄ ကီလိုဂရမ်) ရှိပြီး အမြင့်ဆုံး ၁.၆ မက်  ( တစ်နာရီလျှင် ၁,၉၇၅ ကီလိုမီတာ/ ၁,၂၇၇ မိုင်နှုန်း) နှုန်းဖြင့် ခရီးမိုင်အကွာအဝေး ၁,၃၅၀ မိုင် (၂,၁၇၂ ကီလို မီတာ) အထိ ပျံသန်းမောင်းနှင်နိုင်သည်။

 

F-35 တိုက်လေယာဉ်သည် လက်နက်ခဲယမ်းအလေးချိန် ပေါင် ၁၈,၀၀၀ (၈,၁၆၈ ကီလိုဂရမ်) အထိ သယ် ဆောင်နိုင်ကြောင်းသိရသည်။

 

Ref: Lockheed Martin Secures $585 Million F-35 Modification Contract

 

#PeopleMedia

 

(unicode)


……………………………………………………………..

 


 


 


 


 


 


 


 


 


 

Ref: Lockheed Martin Secures $585 Million F-35 Modification Contract

 

#PeopleMedia


Share this post