• Follow Us on

Home F-35 တိုက်လေယာဉ်၏ အီလက်ထရောနစ်စစ်ဆင်ရေးစနစ်ကို ပိုမိုခေတ်မီအောင် BAE Systems က အဆင့် မြှင့်တင်မည်

F-35 တိုက်လေယာဉ်၏ အီလက်ထရောနစ်စစ်ဆင်ရေးစနစ်ကို ပိုမိုခေတ်မီအောင် BAE Systems က အဆင့် မြှင့်တင်မည်

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၇ (People Media)

 

F-35 Lightning II တိုက်လေယာဉ်များအတွက် အီလက်ထရောနစ်စစ်ဆင်ရေးစနစ်ကို ပိုမိုခေတ်မီအောင် အ ဆင့်မြှင့်တင်ရန် အမေရိကန်လော့ဟိမာတင်ကုမ္ပဏီထံမှ ဒေါ်လာ ၇၉၃ သန်းတန် ကန်ထရိုက်လုပ်ငန်းကို လန် ဒန်အခြေစိုက် စစ်လက်နက်ပစ္စည်းနှင့် လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ BAE Systems က ရရှိသွားခဲ့သည်။

 

ကန့်သတ်နယ်မြေများတွင် အီလက်ထရိုမဂ္ဂနစ်တိုက်ခြိမ်းခြောက်မှုများပြောင်းလဲဖြစ်ပေါ်လာမှုကို လော့ဟိမာ တင်ကုမ္ပဏီထုတ် ပဉ္စမမြောက်မျိုးဆက်တိုက်လေယာဉ်များအနေဖြင့် လျင်မြန်စွာစုံစမ်းထောက်လှမ်းပြီး ကိုင် တွယ်ဖြေရှင်းဆောင်ရွက်သွားနိုင်ရန် ယခုအဆင့်မြှင့်တင်မှုက အထောက်အကူပြုသွားမည်ဖြစ်သည်။

 

F-35 တိုက်လေယာဉ်၏ “AN/ASQ-239” ဟု အမည်ပေးထားသော အီလက်ထရောနစ်စစ်ဆင်ရေးစနစ် အ တွက် hardware များကို အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်သည်။

 

“ဒီကန်ထရိုက်စာချုပ်အရ ကျွန်တော်တို့ဆောင်ရွက်သွားမယ့် အဆင့်မြှင့်တင်မှုစွမ်းရည်တွေဟာ အခြေခံကျတဲ့ စွမ်းရည်တွေဖြစ်ပါတယ်။ တခြားတိုက်လေယာဉ်တွေမှာ ခေတ်အမီဆုံးအီလက်ထရောနစ်စစ်ဆင်ရေးစနစ်တပ် ဆင်နိုင်ရေး တိကျသေချာအောင်ဆောင်ရွက်နိုင်ဖို့အတွက် ဒီအခြေခံကျတဲ့စွမ်းရည်တွေကို အသုံးပြုသွားမှာပဲ ဖြစ်ပါတယ်” ဟု BAE Systems F-35 Solutions ၏ ဒုတိယဥက္ကဋ္ဌ လီဆာအုကွိုင်က ပြောသည်။

 

“AN/ASQ-239” သည် ရေဒါအချက်ပေးခြင်း၊ ပစ်မှတ်ရှာဖွေမှုအထောက်အကူပြုခြင်းနှင့် ရန်သူ့တိုက်ခိုက်မှုမှ ခုခံကာကွယ်ခြင်းတို့ကို အထောက်အကူပေးသည့် ခေတ်မီအီလက်ထရောနစ်စစ်ဆင်ရေးစနစ်တစ်ခုဖြစ်သည်။

 

၎င်းအပြင် “AN/ASQ-239” သည် အခြေအနေကိုသိမြင်နားလည်နိုင်သည့်စွမ်းရည်၊ အမြန်တုံ့ပြန်နိုင်သည့်စွမ်း ရည်၊ ရန်သူ့ခြိမ်းခြောက်မှုကိုသတိပေးနိုင်သည့်စွမ်းရည်နှင့် စနစ်တကျကာကွယ်ထားသည့်ရန်သူ့ခံစစ်ကို ထိုး ဖောက်နိုင်သောစွမ်းရည်တို့ကိုလည်း မြှင့်တင်ပေးသည့်စနစ်ဖြစ်သည်။

 

ယင်းစနစ်ကို လုပ်ငန်းလည်ပတ်လှုပ်ရှားမှုကောင်းမွန်ခြင်း၊ ရေရှည်ခိုင်ခံ့ခြင်းနှင့် အနာဂတ်ကာလတွင် စွမ်းရည် မြှင့်တင်နိုင်ခြင်းတို့အတွက် ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားခြင်းဖြစ်သည်။

 

BAE Systems သည် ယင်းကန်ထရိုက်စာချုပ်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် အင်ဂျင်နီယာထောက်ပံ့ရေး ဝန် ဆောင်မှုလုပ်ငန်းများနှင့် စမ်းသပ်မှုအခြေခံအဆောက်အအုံများကိုလည်း ထောက်ပံ့သွားမည်ဖြစ်သည်။

 

Ref: BAE Systems to Advance F-35 Electronic Warfare Capabilities

 

#PeopleMedia

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 


 


 

Ref: BAE Systems to Advance F-35 Electronic Warfare Capabilities

 

#PeopleMedia


Share this post