• Follow Us on

Home F-35 အသုံးစရိတ်ကန့်သတ်ချက် အမေရိကန်လေတပ်ထိပ်တန်းဗိုလ်ချုပ်ကြီး ထောက်ခံ

F-35 အသုံးစရိတ်ကန့်သတ်ချက် အမေရိကန်လေတပ်ထိပ်တန်းဗိုလ်ချုပ်ကြီး ထောက်ခံ

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၉ (People Media)

 

လေယာဉ်မောင်းနှင်လည်ပတ်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေးအတွက် လက်ခံနိုင်ဖွယ်ရှိသော ဈေးနှုန်းမရမချင်း ကာကွယ်ရေးဝန်ကြီးဌာနကဝယ်ယူမည့် F-35 ဘက်စုံသုံးကိုယ်ပျောက်လေယာဉ်အရေအတွက်ကို ကန့်သတ် ထားသည့် ဥပဒေမူကြမ်းအား အမေရိကန်လေတပ်ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးက ထောက်ခံလိုက်သည်။

 

အောက်လွှတ်တော်လက်နက်ကိုင်တပ်ဖွဲ့များကော်မတီက သြဂုတ်လ ၂ ရက်နေ့ကအတည်ပြုခဲ့သော ၂၀၂၂ ခု ဘဏ္ဍာရေးနှစ် ကာကွယ်ရေးမူဝါဒဥပဒေမူကြမ်းတွင် အမေရိကန်လေတပ်၊ ရေတပ်နှင့် မရိန်းတပ်တို့၏ တစ်နှစ် တာအတွင်း လေယာဉ်တစ်စင်းပျံသန်းမှု၊ ပြုပြင်ထိန်းသိမ်းမှုနှင့် အဆင့်မြှင့်တင်မှုတို့အတွက် ပျှမ်းမျှကုန်ကျစ ရိတ်တွက်ချက်မှုကို ထည့်သွင်းတင်ပြရန် လိုအပ်သည်။

 

သြဂုတ်လ ၈ ရက်နေ့ကကျင်းပသည့်ကာကွယ်ရေးဝန်ကြီးဌာနသတင်းစာရှင်းလင်းပွဲတွင် ခန့်ခွဲပေးသည့်ပမာဏ နှင့်ပတ်သက်၍ သတင်းထောက်များကမေးမြန်းသည့်အခါ လေတပ်အကြီးအကဲဗိုလ်ချုပ်ကြီး စီကြူဘရောင်းက ၎င်းအနေဖြင့် အဆိုပြုထားသောအသုံးစရိတ်ကန့်သတ်ချက်များကိုထောက်ခံကြောင်းပြောသည်။

 

“အထက်လွှတ်တော်မှာပြောဆိုတင်ပြနေတာတွေဟာ ကျွန်တော်တို့ကြိုးစားဆောင်ရွက်နေတာတွေနဲ့ တစ်ထပ် တည်းပါပဲ။ ကျွန်တော်တို့ရည်မှန်းချက်တစ်ခုကတော့ ဒီပရိုဂရမ်ကို လက်ခံနိုင်တဲ့ဈေးနှုန်းဖြစ်စေချင်တာပါပဲ။ ရေ ရှည်သုံးစွဲနိုင်ပြီး လက်ခံနိုင်ဖွယ်ရှိတဲ့ကုန်ကျစရိတ်ဖြစ်အောင်လုပ်ဖို့ပါပဲ။” ဟု ၎င်းကပြောသည်။

 

အမေရိကန်လေတပ်သည် သမရိုးကျတက်ဆင်းနိုင်သော F-35 ဘက်စုံသုံးကိုယ်ပျောက်လေယာဉ် ၁,၇၆၃ စင်း ဝယ်ယူရန် လျာထားခဲ့သော်လည်း ဝယ်ယူမည့်လေယာဉ်ပြုပြင်ထိန်းသိမ်းစရိတ်မှာ လေတပ်စီမံကိန်းကတတ် နိုင်သည့်မမာဏထက်ကျော်လွန်များပြားနေသည်။

 

၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် လေတပ်မှ F-35A လေယာဉ်တစ်စီးအတွက် တစ်နှစ်တာအတွင်း ပျံသန်းမှု၊ ပြုပြင် ထိန်းသိမ်းမှုနှင့် အဆင့်မြှင့်တင်မှုတို့အတွက် ပျှမ်းမျှကုန်ကျစရိတ်တွက်ချက်မှုကို ဒေါ်လာ ၄.၁ သန်းခန့်မှန်း တွက်ချက်ထားသော်လည်း အမှန်တကယ်ကုန်ကျစရိတ်မှာ ဒေါ်လာ ၈ သန်းခန့်ကုန်ကျခဲ့သဖြင့် ခန့်မှန်းတွက် ချက်ထားသည့်ဘတ်ဂျက်ထက် နှစ်ဆခန့်  ကုန်ချခဲ့ကြောင်းသိရသည်။

 

“ကုမ္ပဏီက ပြုပြင်ထိန်းသိမ်းစရိတ်လျှော့ချပေးမယ်ဆိုရင် ကျွန်တော်တို့ လေယာဉ်အစင်းရေပိုပြီးတော့ ဝယ်နိုင် ပါလိမ့်မယ်။ ကုမ္ပဏီက ဈေးမလျှော့ပေးဘူးဆိုရင်တော့ ကျွန်တော်တို့ ဝယ်နိုင်မှာမဟုတ်ဘူး။” ဟု အောက် လွှတ်တော်လက်နက်ကိုင်တပ်ဖွဲ့များကော်မတီဥက္ကဋ္ဌ လွှတ်တော်အမတ် အဒမ်စမစ်သ် ဒီဝပ်ချ်ကပြောသည်။

 

Ref: Top US Air Force general supports proposed F-35 cost constraints

 

#PeopleMedia

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 


 

Ref: Top US Air Force general supports proposed F-35 cost constraints

 

#PeopleMedia


Share this post