• Follow Us on
Latest News

Home F-35A ဂျက်တိုက်လေယာဉ်တွေကို နျူကလီးယားဗုံးတွေ တပ်ဆင်ခွင့်ပြု

F-35A ဂျက်တိုက်လေယာဉ်တွေကို နျူကလီးယားဗုံးတွေ တပ်ဆင်ခွင့်ပြု

Share this post

နိုင်ငံတကာ၊ မတ် ၁၂

 

လော့ဟိမာတင်ကုမ္ပဏီထုတ် F-35A ဂျက်တိုက်လေယာဉ်တွေကို နျူကလီးယားဗုံးတွေ တပ်ဆင်ခွင့်ပြုလိုက် ပြီဖြစ်ကြောင်း The Defense Post မှာ ရေးသားဖော်ပြထားပါတယ်။

 

ကာလရှည်စောင့်စားနေတဲ့ နျူကလီးယားဗုံးသယ်ဆောင်ခွင့်ကို လွန်ခဲ့တဲ့ လေးငါးလကတည်းက ခွင့်ပြုလိုက် တာဖြစ်ပေမဲ့ အခုမှ ကြေညာတာဖြစ်ကြောင်း F-35 ပူးတွဲစီမံချက်ရုံး ပြောခွင့်ရပုဂ္ဂိုလ်ရပ်စ်ဂိုးမာရာက ပြောပါ တယ်။

 

အခုခွင့်ပြုချက်အရ F-35A ဂျက်တိုက်လေယာဉ်တချို့ဟာ ပစ်မှတ်တိကျစွာထောက်လှမ်းနိုင်တဲ့ မြေပြင် ထောက်လှမ်းအာရုံခံကိရိယာတွေနဲ့အတူ B61-12 နျူကလီးယားဗုံး ၂ လုံးကို သယ်ဆောင်ခွင့်ပြုလိုက်တာဖြစ် ပါတယ်။

 

အခုလိုခွင့်ပြုလိုက်တဲ့အတွက် အမေရိကန်ထုတ် F-35A ဂျက်တိုက်လေယာဉ်တွေဟာ သမရိုးကျစစ်ပွဲရော နျူ ကလီးယားစ်ပွဲအတွက်ပါ စွမ်းရည်နှစ်မျိုး အသုံးပြုနိုင်မှာဖြစ်ပါတယ်။

 

ပဉ္စမမျိုးဆက်ဂျက်တိုက်လေယာဉ်မှာ နျူကလီးယားဗုံး တပ်ဆင်ခွင့်ပြုလိုက်တာဟာ ပထမဦးဆုံးအကြိမ်ဖြစ် ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်ရပ်စ်ဂိုးမာရာက ပြောပါတယ်။

 

“ဆယ်နှစ်ကျော်ကြိုးစားလာခဲ့ပြီးကာလမှာ F-35 ဂျက်တိုက်လေယာဉ် နျူကလီးယားဗုံးတပ်ဆင်ခွင့်ရရှိလာတာ ဖြစ်ပါတယ်။ အခုလို ကြိုတင်မျှော်မှန်းထားတဲ့အချိန်ထက် စောပြီး F-35A တွေ နျူကလီးယားလက်နက်တွေ သယ်ဆောင်ခွင့်ရလာတဲ့အတွက် အမေရိကန်ရဲ့ ကာကွယ်ရေးအစီအစဉ် တိုးချဲ့မှုမှာ အမေရိကန်နဲ့ နေတိုးတပ် ဖွဲ့ဝင်တွေအတွက် ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

အဆင့်တူနိုင်ငံတွေက တိုးမြင့်လာတဲ့ခြိမ်းခြောက်မှုတွေကို အမေရိကန်တပ်မတော်က ရင်ဆိုင်နေရစဉ်ကာလအ တွင်းမှာ အခုလို F-35A ဂျက်တိုက်လေယာဉ်တွေကို နျူကလီးယားဗုံး တပ်ဆင်ခွင့်ပေးလိုက်တာပဲဖြစ်ပါတယ်။

 

အမေရိကန်လေတပ်ရဲ့ သက်တမ်းရင့် F-16 ဂျက်တိုက်လေယာဉ်တွေကို အစားထိုးဖို့ စီစဉ်ထားတဲ့ F-35A ဂျက် တိုက်လေယာဉ်တွေကို နျူကလီးယားဗုံး တပ်ဆင်ခွင့်ပြုလိုက်တာဟာ F-35A ရဲ့ ပစ်အားကို မြှင့်တင်ပေးလိုက် တာလည်း ဖြစ်ပါတယ်။

 

F-35A ဂျက်တိုက်လေယာဉ်ဟာ အလွန်လျင်မြန်စွာပျံသန်းနိုင်သလို ဆန့်ကျင်ဘက်အရပ်တွေကိုလည်း တပြိုင် တည်းမှာ လျင်မြန်စွာ ရွှေ့ပြောင်းပျံသန်းနိုင်တဲ့အတွက် ခက်ခဲတဲ့ပစ်မှတ်တွေကို ရှာဖွေရာမှာ အထောက်အကူ ပြုနိုင်တဲ့လေယာဉ်ဖြစ်တယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် F-35A ဂျက်တိုက်လေယာဉ်မှာ ပိုမိုအဆင့်မြင့်တဲ့ ကိုယ်ပျောက်စွမ်းရည်နဲ့ အမြန်နှုန်းရှိတဲ့အတွက် ရန် သူ့လေကြောင်းပိုင်နက်ထဲကို ထိုးဖောက်ဝင်ရောက်ပြီး အလွန်တိကျတဲ့ပစ်မှတ်ရှာစနစ်နဲ့ နျူကလီးယားဗုံးတွေ ကို ကြဲချနိုင်တယ်လို့ ဆိုပါတယ်။

 

အခုလို စွမ်းရည်တွေ ရှိနေပေမဲ့လည်း နျူကလီးယားဗုံးတပ်ဆင်ခွင့်ကို F-35A ဂျက်တိုက်လေယာဉ် တစ်မျိုး တည်းကိုသာ ခွင့်ပြုလိုက်တာဖြစ်ပြီး F-35B နဲ့ F-35C မူကွဲ ဂျက်တိုက်လေယာဉ်တွေကို တပ်ဆင်ခွင့်မပြုသေး ဘူးလို့ ရပ်စ်ဂိုးမာရာက ပြောပါတယ်။

 

Ref: F-35A First 5th-Gen Fighter Aircraft Authorized to Carry Nukes

 

#PeopleMedia


Share this post