• Follow Us on

Home F-35B ဂျက်တိုက်လေယာဉ်များ ပြုပြင်ပြောင်းလဲထားသော ဂျပန်ရဟတ်ယာဉ်တင်သင်္ဘောပေါ်တွင် အတက်/ အဆင်း လေ့ကျင့်မည်

F-35B ဂျက်တိုက်လေယာဉ်များ ပြုပြင်ပြောင်းလဲထားသော ဂျပန်ရဟတ်ယာဉ်တင်သင်္ဘောပေါ်တွင် အတက်/ အဆင်း လေ့ကျင့်မည်

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၁ (People Media)

 

ဂျပန်အခြေစိုက် အမေရိကန်မရိန်းတပ်ဖွဲ့၏ F-35 ဂျက်တိုက်လေယာဉ်များသည် ဂျပန်ရေကြောင်းကာကွယ်ရေး တပ်ဖွဲ့ပိုင် ရဟတ်ယာဉ်တင်သင်္ဘောတွင် လေ့ကျင့်ပျံသန်းကြမည်ဖြစ်ပြီး အဆိုပါရဟတ်ယာဉ်တင်သင်္ဘောကို ပဉ္စမမျိုးဆက်ဂျက်တိုက်လေယာဉ်များအသုံးပြုနိုင်ရန် ပြုပြင်ပြောင်းလဲထားကြောင်းသိရသည်။

 

အောက်တိုဘာလ ၃ ရက်နှင့် ၇ ရက်နေ့ကြားတွင် JS Izumo ရဟတ်ယာဉ်တင်သင်္ဘောပေါ်တွင် ပြေးလမ်းတို တွင်ပြေးတက်နိုင်ပြီး ဒေါင်လိုက်ဆင်းသက်နိုင်သော (Short Take Off and Vertical Landings – STOVL)  F-35B ဂျက်တိုက်လေယာဉ်များ အတက်/အဆင်း လေ့ကျင့်သွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၃၀ ရက်နေ့ က ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကကြေညာခဲ့သည်။

 

ဂျက်တိုက်လေယာဉ်များ အတက်/အဆင်း လေ့ကျင့်မှုများကို ဂျပန်ကမ်းဝေးပင်လယ်ဖြစ်သော ပစိဖိတ်သမုဒ္ဒရာ တွင် ပြုလုပ်သွားမည်ဖြစ်ပြီး လော့ခ်ဟိမာတင်ကုမ္ပဏီထုတ်လေယာဉ်များ အတက်/အဆင်းပြုလုပ်နိုင်ရန် အ ဆင့်မြှင့်တင်ပြုပြင်ထားသော သင်္ဘောကုန်းပတ်ကို စမ်းသပ်အသုံးပြုသွားမည်ဖြစ်သည်။

 

အမေရိကန်၏မဟာမိတ်ဖြစ်သော ဂျပန်နိုင်ငံသည် F-35 ဂျက်တိုက်လေယာဉ် ၁၅၇ စင်းဝယ်ယူရန် စီစဉ်ထားရာ ယင်းအရေအတွက်တွင် F-35B ၄၂ စင်းပါဝင်သည်။ ဂျပန်နိုင်ငံသည် ပြေးလမ်းတိုတွင် ပြေးတက်နိုင်ပြီး ဒေါင် လိုက် ဆင်းသက်နိုင်သော STOVL ဂျက်တိုက်လေယာဉ် ရှစ်စင်းကို ၂၀၂၄ ခုနှစ်တွင်စတင်လက်ခံရရှိရန် စာချုပ် ချုပ်ထားပြီး ဂျပန်ကာကွယ်ရေးဘတ်ဂျက်ခွင့်ပြုချက်အရ နောက်ထပ်လေးစင်းကို ၂၀၂၂ ခု ဘဏ္ဍာရေးနှစ်တွင် ထပ်မံဝယ်ယူမည်ဖြစ်ကြောင်းသိရသည်။

 

လေယာဉ်အတက်/အဆင်းလေ့ကျင့်မည့် မရိန်းတပ်ဖွဲ့မှ F-35B ဂျက်တိုက်လေယာဉ်များသည် ယာမာဂူချီစီရင် စုတွင် တပ်ဖြန့်ထားသော အီဝါခူနီမရိန်းတိုက်ခိုက်ရေးလေတပ်စခန်းမှ ပျံသန်းလာမည်ဖြစ်သည်။

 

၂၀၁၂ ခုနှစ်ကတည်းက F-35B တိုက်လေယာဉ်များနှင့် ဖွဲ့စည်းလည်ပတ်နေပြီး ၂၀၁၇ ခုနှစ်ကတည်းက ဂျပန် နိုင်ငံတွင်အခြေစိုက်ထားသော အမှတ် ၁၂၁ မရိန်းတိုက် လေယာဉ်တိုက်ခိုက်ရေးအုပ်စုမှ တိုက်လေယာဉ်များ နှင့် လေယာဉ်မှူးများကို အသုံးပြုသွားနိုင်ကြောင်းခန့်မှန်းထားသော်လည်း JS Izumo ရဟတ်ယာဉ်တင် သ င်္ဘောပေါ်တွင် အတက်/အဆင်း ပြုလုပ်မည့်လေ့ကျင့်မှုများအတွက် မည်သည့်လေယာဉ်အုပ်ကိုအသုံးပြုသွား မည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။

 

ဒုတိယလေယာဉ်အုပ်ဖြစ်သော အမှတ် ၂၄၂ မရိန်းတိုက်လေယာဉ်တိုက်ခိုက်ရေးအုပ်စုမှာ F-35B ဂျက်တိုက် လေယာဉ်များ ကနဦးပျံသန်း၊ တက်/ဆင်းလေ့ကျင့်မှုများကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ြ့ပီးဖြစ်သည်။ JS Izumo ရဟတ်ယာဉ်တင် သင်္ဘောပေါ်တွင် F-35B တိုက်လေယာဉ်များ အတက်/အဆင်းပြုလုပ်နိုင်ရေး သ င်္ဘောကုန်းပတ်လိုအပ်သလို ပြုပြင်ပြောင်းလဲနိုင်ရေးအတွက် ဂျပန်အစိုးရက ၂၀၂၂ ခု ဘဏ္ဍာရေးနှစ် ခွင့်ပြု ရန်ပုံငွေမှ ဒေါ်လာသန်း ၆၀ ခွင့်ပြုချမှတ်ပေးခဲ့ကြောင်းသိရသည်။

 

Ref: Japan’s converted helicopter ship to host F-35B flight trials

 

#PeopleMedia

 

(unicode)


………………………………………………………………………

 


 


 


 


 


 


 


 


 

Ref: Japan’s converted helicopter ship to host F-35B flight trials

 

#PeopleMedia


Share this post