• Follow Us on

Home Facebook အသုံးပြုသူတွေရဲ့ သတင်းအချက်အလက်တွေကို စုဆောင်းခဲ့တဲ့အတွက် တောင်ကိုရီးယားအစိုးရ က Meta ကုမ္ပဏီကို ဒဏ်ငွေ ဒေါ်လာ ၁၅ သန်း ချမှတ်

Facebook အသုံးပြုသူတွေရဲ့ သတင်းအချက်အလက်တွေကို စုဆောင်းခဲ့တဲ့အတွက် တောင်ကိုရီးယားအစိုးရ က Meta ကုမ္ပဏီကို ဒဏ်ငွေ ဒေါ်လာ ၁၅ သန်း ချမှတ်

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၆

 

Facebook သုံးစွဲသူတွေရဲ့ လျှို့ဝှက်သတင်းအချက်အလက်တွေကို စုဆောင်းပြီး ဥပဒေနဲ့မညီဘဲ ကြော်ငြာ လုပ်ငန်းရှင်တွေကို ပေးအပ်ခဲ့တဲ့အတွက် facebook ကုမ္ပဏီဖြစ်တဲ့ Meta Platforms ကို တောင်ကိုရီးယား နိုင်ငံက ဒဏ်ငွေ ဝန် ၂၁.၆၂ ဘီလျံ (ဒေါ်လာ ၁၅.၆၇ သန်း) ပေးဆောင်ဖို့ အမိန့်ချမှတ်လိုက်ကြောင်း ဆိုးလ် မြို့ သတင်းအချက်အလက်ကာကွယ်ရေးအေဂျင်စီက ပြောပါတယ်။

 

အမေရိကန်နည်းပညာကုမ္ပဏီဟာ တောင်ကိုရီးယားနိုင်ငံက Facebook အသုံးပြုသူ ၉၈၀,၀၀၀ ဝန်းကျင်ဆီက ဘာသာရေး၊ နိုင်ငံရေးအမြင်နဲ့ လိင်ပိုင်းဆိုင်ရာခံစားချက်အမြင်တွေကို သက်ဆိုင်ရာအသုံးပြုသူတွေရဲ့ ခွင့်ပြု ချက်မတောင်းခံဘဲ ရယူစုဆောင်းခဲ့ကြောင်း ကိုယ်ရေးကိုယ်တာသတင်းအချက်အလက်ကာကွယ်ရေး ကော်မ ရှင်က အင်္ဂါနေ့ (နိုဝင်ဘာ ၅ ရက်) က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

အဲဒီစုဆောင်းရရှိထားတဲ့ သတင်းအချက်အလက်တွေကို ကြော်ငြာကုမ္ပဏီ ၄၀၀၀ က အသုံးပြုခဲ့တယ်လို့ အေ ဂျင်စီက ပြောပါတယ်။

 

ဒီကိစ္စနဲ့ပတ်သက်ပြီး Meta ကိုရီးယားအရာရှိတစ်ဦးကို မေးမြန်းရာမှာ ပြန်လည်ဖြေကြားဖို့ ငြင်းဆိုခဲ့ပါတယ်။

 

“အထူးသဖြင့် Meta ကုမ္ပဏီဟာ Facebook သုံးစွဲသူတွေ like လုပ်ထားတဲ့ ပေ့ဂျ်တွေနဲ့ သူတို့ click လုပ်ထား တဲ့ကြော်ငြာတွေလို အမူအကျင့်သတင်းအချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာပြီး အကဲဆတ်တဲ့သတင်းအချက် အလက်တွေနဲ့ ဆက်နွယ်တဲ့ ကြော်ငြာ message တွေ ဖန်တီးထုတ်လုပ်ခဲ့ကြောင်း တွေ့ရှိရပါတယ်။” လို့ ကော် မရှင်က ပြောပါတယ်။

 

အဲဒီလိုဆောင်ရွက်ရာမှာ Facebook အသုံးပြုသူတွေကို ဘာသာရေးဖော်ပြခြင်း ဒါမှမဟုတ် လိင်ပြောင်းထား သူများနဲ့ မိန်းမလျာများအဖြစ်လည်းကောင်း မြောက်ကိုရီးယားဘက်ပြောင်းခိုလှုံသူများအဖြစ်လည်းကောင်း အမျိုးအစား ခွဲခြားဖော်ပြထားတာတွေ ပါဝင်တယ်လို့ အေဂျင်စီက ပြောပါတယ်။

 

ဒါ့အပြင် Meta ကုမ္ပဏီဟာ ကိုယ်ရေးအချက်အလက်တွေကို ရယူသုံးစွဲဖို့ Facebook သုံးစွဲသူတွေရဲ့ မေတ္တာ ရပ်ခံချက်ကိုလည်း တရားမဲ့ ငြင်းပယ်ခဲ့သလို ဟက်ကာတွေ ချိုးဖောက်ဝင်ရောက်တာခံခဲ့ရတဲ့ တောင်ကိုရီးယား လူမျိုး ၁၀ ဦးရဲ့ သတင်းအချက်အလက်တွေကို ကာကွယ်ဖို့အတွက်လည်း ပျက်ကွက်ခဲ့တယ်လို့ အေဂျင်စီက ပြောပါတယ်။

 

Ref: South Korea fines Meta about $15 million over collection of user data

 

#PeopleMedia


Share this post