• Follow Us on

Home FFD ဒရုန်းအဖွဲ့မှ ဆရာဝန်နှစ်ဦး တပ်မတော်ထံ အလင်းဝင်

FFD ဒရုန်းအဖွဲ့မှ ဆရာဝန်နှစ်ဦး တပ်မတော်ထံ အလင်းဝင်

Share this post

နေပြည်တော်၊ သြဂုတ် ၂၄

 

Force for Federal Democracy ဒရုန်းအဖွဲ့မှ ဆရာဝန် နှစ်ဦးဖြစ်သည့် ဒေါက်တာ စိုးထက်နှင့် ဒေါက်တာ ဟန်ထက်တို့နှစ်ဦးသည် တပ်မတော်ထံ အလင်းဝင်ရောက်လာကြောင်း သိရသည်။

 

သြဂုတ်လ (၂၁) ရက်က အဆိုပါ ဆရာဝန်နှစ်ဦးသည် FFD အဖွဲ့မှ အဖွဲ့ဝင်များကို ဆေးသင်တန်းများ သင် ကြားပေးနေစဉ် ထွက်ပြေးလာခဲ့ပြီး တပ်မတော်ထံ အလင်းဝင်လာခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဆရာဝန်နှစ်ဦးအား ဖောက်ပြန်ရေးသမား၊ သစ္စာဖောက်အဖြစ် သတ်မှတ်ပြီး နာမည်ပျက် စာရင်းသွင်း ကာ အဖွဲ့မှ ထုတ်ပယ်လိုက်ကြောင်း Force For Federal Democracy အဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

 

Photo – Force for Federal Democracy

 

#PeopleMedia


Share this post