• Follow Us on
Latest News

Home Ford Ranger များ တာလီဘန်များအကြိုက် ထရပ်ကားများဖြစ်လာ

Ford Ranger များ တာလီဘန်များအကြိုက် ထရပ်ကားများဖြစ်လာ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၃၁ (People Media)

 

အမေရိကန်အစိုးရက ၂၀၁၂ ခုနှစ်နောက်ပိုင်းမှစ၍ အာဖဂန်တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ခဲ့သော Ford Ranger ကား အစီးရေ ၄၀၇၃၀ မှာ တာလီဘန်များလက်သို့ ရောက်ရှိနေပြီဟု ယူဆရကြောင်းသိရသည်။

 

လူမှုကွန်ရက်ပေါ်တွင် အမေရိကန်လက်နက်များ၊ ရော့ကက်လောင်ချာများကိုင်ဆောင်ထားပြီး ဟန်ရေးပြနေ သည့် တာလီဘန်များကိုတွေ့ရသလို Ford Ranger ကားများကို မောင်းနေသည့်ပုံများကိုလည်းတွေ့ရသည်။

 

အာဖဂန်တပ်ဖွဲ့ဝင်များသည် Ford Ranger Light Tactical Vehicle (LTV) ရဲလှည့်ကင်းကား အများအပြားကို လည်း ပစ်ထားခဲ့ကြကြောင်းသိရသည်။

 

အဆိုပါ T5-iteration double-cab Blue Oval trucks များမှာ 2.2-litre လေးလုံးထိုး တာဘိုဒီဇယ်အင်ဂျင်ဖြစ် ပြီး ဂီယာခြောက်ချက်သုံး manual transmission စနစ်ဖြစ်သည်။

 

အဆိုပါအမေရိကန်ထရပ်ကားများမှာ လက်ရှိ အချိန်တွင် အပိုပစ္စည်းများပြတ်လပ်လျက်ရှိရာ ဂျပန်အပိုပစ္စည်း များနှင့် အစားထိုးသုံးနိုင်ကြောင်းသိရသည်။

 

လက်ရှိအချိန်တွင် တာလီဘန်အစိုးရအား တရုတ်နိုင်ငံက အသိအမှတ်ပြုထားသဖြင့် တာလီဘန်များအနေဖြင့် နာဂတ်ကာလတွင် တရုတ်ထရပ်ကားများကိုလည်းသုံးစွဲလာနိုင်ကြောင်း လေ့လာသူများကပြောသည်။

 

Ref: Ford Ranger Is Now The Preferred Taliban Pickup Truck

 

#PeopleMedia

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 

Ref: Ford Ranger Is Now The Preferred Taliban Pickup Truck

 

#PeopleMedia


Share this post