• Follow Us on

Home Forward Media Group အမည္ရွိ Page မွ ျပည္သူ႔ပါတီဥကၠ႒ ဦးကုိကုိႀကီးကုိ သတင္းအတု ဖန္တီး၍ ေရးသားေဖာ္ျပ

Forward Media Group အမည္ရွိ Page မွ ျပည္သူ႔ပါတီဥကၠ႒ ဦးကုိကုိႀကီးကုိ သတင္းအတု ဖန္တီး၍ ေရးသားေဖာ္ျပ

Share this post

ရန္ကုန္၊ ေအာက္တုိဘာ – ၈
 
ေအာက္တုိဘာ(၅)ရက္ေန႔၌ Forward Media Group အမည္ရွိ Page မွ ျပည္သူ႔ေရွ႕ေဆာင္ပါတီဥကၠ႒ ဦးကုိကုိႀကီးကုိ သတင္းအမွား/သတင္းတု ဖန္တီး၍ ေရးသားျဖန္႔ခ်ီခဲ့ပါတယ္။
 
အဆုိပါ Page သည္ ႏုိင္ငံေရးေခါင္းေဆာင္မ်ား၊ အစုိးရထိပ္ပုိင္းေခါင္းေဆာင္မ်ားကုိ မၾကာခဏ သတင္းအမွား/သတင္းတုမ်ားကုိ ေရးသားျဖန္႔ခ်ီေနေသာ Page တစ္ခုလည္း ျဖစ္ပါတယ္။
 
ဦးကုိကုိႀကီးႏွင့္ပတ္သက္၍ သတင္းမွား ျဖန္႔ခ်ီရာတြင္ “NLD အစုိးရသည္ ဒီမုိကေရစီေျပာျပီး စီမုိကေရစီ စံႏႈန္းေတြ ကုိက္ညီမႈမရွိတာေတြ ဒီမုိကေရစီနဲ႔ ေသြဖယ္တာေတြကုိ လုပ္ေဆာင္ေနတဲ့အတြက္ ၂၀၂၀ အလြန္မွာ သူတုိ႔ပါတီသာ ဆက္လက္အႏုိင္ရဦးမယ္ဆုိရင္ ဒီမုိကေရစီ နိတၱိတန္သြားႏုိင္တဲ့အတြက္ NLD ပါတီကုိ မဲေပးမယ္ဆုိရင္ စဥ္းစားၾကပါလုိ႔” ဦးကုိကုိႀကီးက ေျပာၾကားတယ္လုိ႔ ေဖာ္ျပထားပါတယ္။
 
အဆုိပါ သတင္းတု/သတင္းအမွားႏွင့္ပတ္သက္၍ People Media က ျပည္သူ႔ပါတီဥကၠ႒ ဦးကုိကုိႀကီးကုိ ဖုန္းျဖင့္ ဆက္သြယ္ေမးျမန္းခဲ့ရာတြင္”သတင္းရင္းျမစ္ကုိ စုံစမ္းေနတယ္။ ဘယ္သူေတြ ဖြဲ႕စည္းထားတာလည္း သူရဲ႕လိပ္စာဘာလည္း။ မွတ္ပုံတင္ထားမႈ ရွိ-မရွိေမးျမန္းေနပါတယ္။ အရမ္းသည္းခံတယ္ဆုိရင္ အရမ္းမ်ားလာ တယ္ဆုိရင္ေတာ့ လုိအပ္တဲ့ အေရးယူေဆာင္ရြက္မႈလုပ္ဖုိ႔ကုိ ဥပေဒဆုိင္ရာ အႀကံေပးေတြနဲ႔ တုိင္ပင္ၿပီး ေဆာင္ရြက္သြားပါမယ္”လုိ႔ ဦးကုိကုိႀကီးက ေျပာပါတယ္။
 
#PeopleMedia #သတင္းတု/သတင္းမွား #ဦးကုိကုိႀကီး #ျပည္သူ႔ပါတီ
 
(Unicode)
Forward Media Group အမည်ရှိ Page မှ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးကို သတင်းအတု ဖန်တီး၍ ရေးသားဖော်ပြ
………………………………………………
 
ရန်ကုန်၊ အောက်တိုဘာ – ၈
 
အောက်တိုဘာ(၅)ရက်နေ့၌ Forward Media Group အမည်ရှိ Page မှ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးကို သတင်းအမှား/သတင်းတု ဖန်တီး၍ ရေးသားဖြန့်ချီခဲ့ပါတယ်။
 
အဆိုပါ Page သည် နိုင်ငံရေးခေါင်းဆောင်များ၊ အစိုးရထိပ်ပိုင်းခေါင်းဆောင်များကို မကြာခဏ သတင်းအမှား/သတင်းတုများကို ရေးသားဖြန့်ချီနေသော Page တစ်ခုလည်း ဖြစ်ပါတယ်။
 
ဦးကိုကိုကြီးနှင့်ပတ်သက်၍ သတင်းမှား ဖြန့်ချီရာတွင် “NLD အစိုးရသည် ဒီမိုကရေစီပြောပြီး စီမိုကရေစီ စံနှုန်းတွေ ကိုက်ညီမှုမရှိတာတွေ ဒီမိုကရေစီနဲ့ သွေဖယ်တာတွေကို လုပ်ဆောင်နေတဲ့အတွက် ၂၀၂၀ အလွန်မှာ သူတို့ပါတီသာ ဆက်လက်အနိုင်ရဦးမယ်ဆိုရင် ဒီမိုကရေစီ နိတ္တိတန်သွားနိုင်တဲ့အတွက် NLD ပါတီကို မဲပေးမယ်ဆိုရင် စဉ်းစားကြပါလို့” ဦးကိုကိုကြီးက ပြောကြားတယ်လို့ ဖော်ပြထားပါတယ်။
 
အဆိုပါ သတင်းတု/သတင်းအမှားနှင့်ပတ်သက်၍ People Media က ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာတွင်”သတင်းရင်းမြစ်ကို စုံစမ်းနေတယ်။ ဘယ်သူတွေ ဖွဲ့စည်းထားတာလည်း သူရဲ့လိပ်စာဘာလည်း။ မှတ်ပုံတင်ထားမှု ရှိ-မရှိမေးမြန်းနေပါတယ်။ အရမ်းသည်းခံတယ်ဆိုရင် အရမ်းများလာ တယ်ဆိုရင်တော့ လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုလုပ်ဖို့ကို ဥပဒေဆိုင်ရာ အကြံပေးတွေနဲ့ တိုင်ပင်ပြီး ဆောင်ရွက်သွားပါမယ်”လို့ ဦးကိုကိုကြီးက ပြောပါတယ်။
 
#PeopleMedia #သတင်းတု/သတင်းမှား #ဦးကိုကိုကြီး #ပြည်သူ့ပါတီ

Share this post