• Follow Us on

Home Frontier Myanmar သတင်းဌာန၏ အယ်ဒီတာ Danny Fenster သည် ထောင်ဒဏ် (၁၁) နှစ် ချမှတ်ခံရ

Frontier Myanmar သတင်းဌာန၏ အယ်ဒီတာ Danny Fenster သည် ထောင်ဒဏ် (၁၁) နှစ် ချမှတ်ခံရ

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၁၂ (People Media)

 

Frontier Myanmar ၏ အယ်ဒီတာ Danny Fenster သည် ယနေ့တွင် အင်းစိန်ထောင်ရှိ တရားရုံးမှ ထောင် ဒဏ် (၁၁) နှစ်နှင့် ဒဏ်ငွေ (၁) သိန်း ချမှတ်လိုက်ကြောင်း သိရပါတယ်။

 

Danny Fenster အား ရာသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)နှင့် ထောင်ဒဏ် ၃ နှစ်၊ မတရားသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) နှင့် ထောင်ဒဏ် ၃ နှစ်၊ လူဝန်မှုကြီးကြပ်ရေးအက်ဥပဒေ ၁၃(၁) အတွက် ထောင်ဒဏ်  ၅ နှစ်နှင့် ဒဏ်ငွေကျပ် (၁) သိန်းတို့ကို ချမှတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရပါတယ်။

 

Danny Fenster အား စီရင်ချမှတ်ခြင်းနှင့်ပတ်သက်ပြီး Frontier Myanmar မှ ကြေညာချက် ထုတ်ပြန်ရာတွင် Frontier Myanmar သည် ၎င်း၏ မန်နေဂျင်းအယ်ဒီတာ Danny Fenster အား စွဲချက် ၃ ခုနှင့် စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ် ချမှတ်ရန် ယနေ့ ဆုံးဖြတ်ချက်အပေါ် အလွန်စိတ်ပျက်မိပါသည်။

 

အဆိုပါ ဆုံးဖြတ်ချက်ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန် အင်းစိန်အကျဉ်းထောင်ရှိ တရားရုံးတွင် အများပြည်သူ သို့ လာရောက်ကြည့်ရှုခွင့် ပိတ်လိုက်ပြီးနောက် အဆိုပါ ဆုံးဖြတ်ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

ချမှတ်ထားသော ပြစ်ဒဏ်များသည် ဥပဒေအရ အပြင်းထန်ဆုံးဖြစ်နိုင်ကြောင်း Frontier Myanmar မှ ထုတ်ပြန်ထားပါတယ်။

 

Photo – Frontier Myanmar

 

#PeopleMedia #FrontierMyanmar

 

(unicode)


………………………………………………………..

 


 


 


 


 


 


 

Photo – Frontier Myanmar

 

#PeopleMedia #FrontierMyanmar


Share this post