• Follow Us on

Home GBU-53/B StormBreaker ဗုံးများအဆင့်မြှင့်တင်ထုတ်လုပ်ရန် ဒေါ်လာသန်း၂၅၀ တန်ကန်ထရိုက်လုပ်ငန်း အား အမေရိကန်လေတပ်က ရေသီယွန်ကုမ္ပဏီထံ အပ်နှံ

GBU-53/B StormBreaker ဗုံးများအဆင့်မြှင့်တင်ထုတ်လုပ်ရန် ဒေါ်လာသန်း၂၅၀ တန်ကန်ထရိုက်လုပ်ငန်း အား အမေရိကန်လေတပ်က ရေသီယွန်ကုမ္ပဏီထံ အပ်နှံ

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၉ (People Media)

 

အမေရိကန်လေတပ်သည် အချင်းငယ် GBU-53/B StormBreaker ဗုံးများကို ပြန် လည်အဆင့်မြှင့်တင်ထုတ် လုပ်မည့် ဒေါ်လာသန်း ၂၅၀ တန်ကြေးရှိကန်ထရိုက်လုပ်ငန်းအား ရေသီယွန်ဒုံးကျည် နှင့် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီသို့အပ်နှံလိုက်သည်။

 

ကန်ထရိုက်စာချုပ်အရ ရေသီယွန်ကုမ္ပဏီက အဆင့်မြှင့်တင်မည့်ဒုံးကျည်အသစ်များအတွက် ပုံစံအကြမ်းရေး  ဆွဲခြင်း၊ ပုံစံအချောရေးဆွဲခြင်း၊ လက်နက်စနစ်များပေါင်းစပ်ခြင်း၊ စမ်းသပ်ခြင်း၊ ထုတ်လုပ်ခြင်းများကို ဆောင် ရွက်သွားမည်ဖြစ်သည်။

 

ရေသီယွန်ကုမ္ပဏီသည် လုပ်ငန်းစဉ်တစ်ခုလုံးကို အရီဇိုးနားပြည်နယ်၊ တက္ကဆန်တွင် ဆောင်ရွက်သွားမည်ဖြစ် ပြီး ၂၀၂၇ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့တွင် လုပ်ငန်းပြီးစီးမည်ဟုခန့်မှန်းထားသည်။ ကန်ထရိုက်စာချုပ်တစ်ခု လုံး၏ စုစုပေါင်းတန်ဖိုးမှာ ဒေါ်လာသန်း ၇၀၀ အထိ ရှိကြောင်းသိရသည်။

 

အမေရိကန် F-15 တိုက်လေယာဉ်နှင့် စမတ်ဗုံးများပေါင်းစပ်သုံးစွဲခြင်းအစီအစဉ်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် လွန်ခဲ့သည့်လက F-15 တိုက်လေယာဉ်များက GBU-53/B StormBreaker ဗုံးများကို စမ်းသပ်ပစ်ခတ်ခဲ့သည်။ ပေါင် ၂၀၀ (၉၁ ကီလိုဂရမ်) အလေးချိန်ရှိသော အဆိုပါဗုံးများကို F-15E Strike Eagle တိုက်လေယာဉ်များဖြင့် ၂၀၂၀ ပြည့်နှစ်ကလည်း စမ်းသပ်ပစ်ခတ်ခဲ့သည်။ လက်နက်စနစ်ဆန်းစစ်လေ့လာအကဲဖြတ်ရေးအစီအစဉ်အရ ၂၀၂၁ ခုနှစ်တွင် ဝေဟင်မှ မြေပြင်ပစ်ဒုံးကျည် ၁၄ စင်းကို လေတပ်က စမ်းသပ်ပစ်ခတ်ခဲ့သည်။

 

စစ်ဆင်ရေးဆိုင်ရာ ကနဦးစမ်းသပ်မှုများဆောင်ရွက်ပြီးသည်နှင့်တပြိုက်နက် အမေရိကန်ရေတပ်ကလည်း ရေ တပ်ပိုင် F/A-18E/F Super Hornet တိုက်လေယာဉ်တွင် ယင်းလက်နက်များကို တပ်ဆင်အသုံးပြုသွားရန် စီ စဉ်လျက်ရှိသည်။

 

GBU-53/B StormBreaker ဗုံးသည် အလျား ၆၉ လက်မ (၁၇၅ စင်တီမီတာ) ၊ အချင်း ၆-၇ လက်မ (၁၅-၁၈ စင်တီမီတာ) ရှိပြီး အလေးချိန် ၁၀၅ ပေါင်ရှိထိပ်ဖူးကိုသယ်ဆောင်နိုင်ကြောင်း ရေသီယွန်ကုမ္ပဏီကပြောသည်။

 

GBU-53/B StormBreaker ဗုံးတွင် ပစ်မှတ်ရှာဖွေရေးစနစ်သုံးမျိုးပါဝင်ပြီး မြေပြင်နှင့် ရေပြင်ရှိ ပုံသေပစ်မှတ်နှင့် ရွေ့လျားပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက်နိုင်ပြီး အီနာရှားလမ်းညွှန်စနစ်နှင့် သတင်းအချက်အလက်ချိတ်ဆက် စနစ်တို့တပ်ဆင်ထားသော GPS စနစ်လည်းပါရှိသည်။

 

Ref: USAF Awards Raytheon $250M ‘StormBreaker’ Bomb Contract Increase

 

#PeopleMedia

 

(unicode)


……………………………………………………………….

 


 


 


 


 


 


 


 


 

Ref: USAF Awards Raytheon $250M ‘StormBreaker’ Bomb Contract Increase

 

#PeopleMedia


Share this post