• Follow Us on

Home General Atomics ကုမ္ပဏီထုတ် Gray Eagle 25M ဒရုန်း ပထမဦးဆုံအကြိမ် အောင်မြင်စွာစမ်းသပ်ပျံသန်း

General Atomics ကုမ္ပဏီထုတ် Gray Eagle 25M ဒရုန်း ပထမဦးဆုံအကြိမ် အောင်မြင်စွာစမ်းသပ်ပျံသန်း

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၃၀

 

General Atomics ကုမ္ပဏီဟာ ၎င်းတို့ ကုမ္ပဏီထုတ် Gray Eagle 25M မောင်းသူမဲ့လေယာဉ်ကို ကယ်လီဖိုးနီး ယားပြည်နယ် အယ်လ်မီရပ်ရှ်မြို့မှာ ပထမဦးဆုံးအကြိမ် အောင်မြင်စွာစမ်းသပ်ပျံသန်းခဲ့ပါတယ်။

 

Gray Eagle 25M ဒရုန်းဟာ အမေရိကန်ကြည်းတပ် MQ-1 Predator ဒရုန်းတွေကို အဆင့်မြှင့်တင်ဖို့အတွက် ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားတဲ့ အမြင့်ပေအလယ်အလတ်/တာဝေးပျံဒရုန်းဖြစ်တဲ့ MQ-1C ရဲ့ နောက်ဆုံးပေါ် မူ ကွဲအမျိုးအစားဒရုန်းဖြစ်ပါတယ်။

 

Gray Eagle 25M ဒရုန်းမှာ အဆင့်မြင့်သတင်းချိတ်ဆက်မှုစနစ်များ၊ အဆင့်မြှင့်တင်ထားတဲ့အင်ဂျင်များ၊ အ ဆင့်မြင့်ဗိသုကာဒီဇိုင်းနဲ့ အီလက်ထရောနစ်ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နိုင်ဖို့နဲ့ ရှုတ်ထွေးလှတဲ့ အခြေအနေမျိုး တွေမှာ ရှေရှည်တာဝေးပျံသန်းနိုင်ဖို့အတွက် အဆင့်မြင့်မြေပြင်ထိန်းချုပ်ရေးစနစ်တွေ ပါဝင်ပါတယ်။

 

အခုလို အယ်လ်မီရပ်ရှ်မြို့က စမ်းသပ်မောင်းနှင်မှုဟာ ကြည်းတပ်နဲ့ အမျိုးသားလုံခြုံရေးတပ်ဖွဲ့ဝင်တွေအတွက် ဘက်စုံစစ်ဆင်ရေးဆောင်ရွက်နိုင်တဲ့ဒရုန်းတွေကို ပေါင်းစပ်တပ်ဆင်သွားနိုင်ဖို့အတွက် အမေရိကန်ကြည်းတပ် နဲ့ General Atomics ကုမ္ပဏီတို့ရဲ့ လက်ရှိမိတ်ဖက်ဆောင်ရွက်မှုရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။

 

စမ်းသပ်ပျံသန်းစဉ်အတွင်း ဒရုန်းရဲ့ အဆင့်မြင့်အလိုအလျောက်စွမ်းဆောင်ရည်ကို သက်သေပြတဲ့အနေနဲ့ Gray Eagle 25M ဒရုန်းဟာ computer processing နဲ့ data storage capacity စွမ်းရည်တွေကို ထုတ်ဖော်ပြသ သွားပါတယ်။ မောင်းသူမဲ့လေယာဉ်ရဲ့ HFE 2.0 အင်ဂျင်သစ်နဲ့ power supply systems ကိုလည်း စမ်းသပ်ခဲ့ပါတယ်။

 

“ဘက်ပေါင်းစုံစစ်ဆင်ရေးတစ်ခုမှာ လျှော့ချထားတဲ့ တာဝန်ပေးမှု/ပစ္စည်းကိရိယာအစိတ်အပိုင်းတွေနဲ့အတူ စစ် သည်တွေဟာ အဆင့်မြင့်အားထားလောက်တဲ့စွမ်းရည်ရှိတဲ့အလုပ်ကို လုပ်နိုင်ဖို့ အဲဒီလိုလေယာဉ်မျိုးရှိဖို့လိုအပ် ပါတယ်။ GE-25M ဒရုန်းဟာ လိုအပ်တဲ့ပြုပြင်ထိန်းသိမ်းမှုတွေကို သိသိသာသာ လျှော့ချထားတဲ့ မောင်းသူမဲ့ လေယာဉ်ဖြစ်ပါတယ်။” လို့ General Atomics ကုမ္ပဏီရဲ့ လေကြောင်းစနစ်ဥက္ကဋ္ဌ ဒေးဗစ်အလက်ဇန္ဒားက ပြော ပါတယ်။

 

အဆင့်မြှင့်တင်ထားတဲ့ Gray Eagle 25M ဒရုန်းတွေထုတ်လုပ်ပေးဖို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက General Atomics ကုမ္ပဏီကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းက တင်ဒါပေးလိုက်ပြီးနောက်မှာ အခုလို ပထမ ဦးဆုံးအကြိမ်စမ်းသပ်ပျံသန်းခဲ့တာဖြစ်ပါတယ်။

 

ဒေါ်လာ ၃၈၉ သန်းတန်စာချုပ်အရ အခုှနှစ်နှောင်းပိုင်းမှာ အရေအတွက်မသိရတဲ့ Gray Eagle 25M ဒရုန်းတွေ ကို ထုတ်လုပ်ပေးရမှာဖြစ်ပါတယ်။ ထုတ်လုပ်လွှဲပြောင်းပေးပြီးတာနဲ့ Gray Eagle 25M ဒရုန်းတွေကို ၂၀၅၀ ပြည့်လွန်နှစ်ကာလတွေမှာ အမေရိ ကန်ကြည်းတပ်က အသုံးပြုသွားမှာဖြစ်ကြောင်း ကုမ္ပဏီက ပြောပါတယ်။

 

Gray Eagle 25M ဒရုန်းမှာ ကီလိုမီတာ ၂၀၁ (၁၂၅ မိုင်) အကွာအဝေးအထိ ဒရုန်း၊ လေယာဉ်နဲ့ တခြားမောင်း သူမဲ့လေယာဉ်/လက်နက်စနစ်တွေကို စုံစမ်းထောက်လှမ်းရှာဖွေနိုင်တဲ့ synthetic aperture radar စနစ်ကို စ တင်တပ်ဆင်သွားမှာဖြစ်ကြောင်း ၂၀၂၃ ခုနှစ် အောက်တိုဘာလက General Atomics ကုမ္ပဏီက ကြေညာခဲ့ ပါတယ်။

 

Ref: General Atomics Gray Eagle 25M Completes Maiden Flight

 

#PeopleMedia


Share this post