• Follow Us on
Latest News

Home Global Firepower ညွှန်းကိန်းအရ ကမ္ဘာ့စစ်အင်အားအဆင့်တစ်အဖြစ် အမေရိကန်တပ်မတော် ရပ်တည်နေ

Global Firepower ညွှန်းကိန်းအရ ကမ္ဘာ့စစ်အင်အားအဆင့်တစ်အဖြစ် အမေရိကန်တပ်မတော် ရပ်တည်နေ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၇

 

Global Firepower ရဲ့ ၂၀၂၄ ခုနှစ် စစ်အင်အားအဆင့်သတ်မှတ်ချက်အရ ကမ္ဘာပေါ်မှာ အင်အားအကောင်း ဆုံး ကမ္ဘာ့နံပတ်တစ်တပ်မတော်အဖြစ် အမေရိကန်တပ်မတော်ကို သတ်မှတ်ထားပါတယ်။

 

ရုရှားတပ်မတော်ဟာ ဒုတိယအင်အားအကောင်းဆုံးတပ်မတော်ဖြစ်ပြီး တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မ တော်က တတိယ၊ အိန္ဒိယတပ်မတော်က စတုတ္ထနေရာက လိုက်ပါတယ်။

 

အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာ့ထိပ်တန်း ၁၀ နိုင်ငံထဲမှာ နံပတ်တစ်နိုင်ငံဖြစ်ပါတယ်။

 

အမေရိကန်ပြည်ထောင်စုဟာ နည်းပညာဖွံ့ဖြိုးတိုးတက်မှု၊ ဆေးဝါးပညာ၊ လေကြောင်းဆိုင်ရာအတတ်ပညာ၊ ကွန်ပျူတာပညာရပ်နဲ့ တယ်လီကွန်းကဏ္ဍတွေမှာ ကမ္ဘာ့ထိပ်ဆုံးမှာရှိနေပါတယ်။

 

တစ်နိုင်ငံချင်းစီ စာရင်းအရ အမေရိကန်နိုင်ငံရဲ့ လေယာဉ်ပိုင်ဆိုင်မှုဟာ အစင်းရေ ၁၃,၃၀၀ ရှိပြီး တိုက်ခိုက် ရေးရဟတ်ယာဉ် ၉၈၃ စင်းရှိပါတယ်။

 

အိန္ဒိယနိုင်ငံရဲ့ အိမ်နီးချင်း နျူကလီးယားပိုင်ဆိုင်တဲ့ ပါကစ္စတန်နိုင်ငံကတော့ အဆင့် ၉ ဖြစ်ပါတယ်။

 

ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ စစ်အင်အားအဆင့်ကိုသတ်မှတ်ဖို့အတွက် Global Firepower ရဲ့ ညွှန်းကိန်းတွေကို ပြုစုရာမှာ နိုင်ငံတွင်းရှိလုပ်သားအင်အား၊ ဘဏ္ဍာရေးတည်ငြိမ်မှု၊ လော်ဂျစ်စတစ်စွမ်းဆောင်ရည်၊ ပထဝီအခြေ အနေနဲ့ တခြားအချက်အလက်ပေါင်း ၆၀ အပါအဝင် နိုင်ငံပိုင် စစ်လက်နက်ပစ္စည်းအရေအတွက်ကနေ လက် နက်ပစ္စည်းအမျိုးအစားတွေနဲ့ သဘာဝရင်းမြစ်တွေအထိ ခွဲခြားထားတယ်လို့ ဆိုပါတယ်။

 

လက်ညွှန်းကိန်းကို ကမ္ဘာ့နိုင်ငံပေါင်း ၁၄၅ နိုင်ငံကို စာရင်းပြုစုပြီး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

 

နိုင်ငံအသီးသီးရဲ့ စစ်အင်အားအဆင့် ဘယ်လိုပြောင်းလဲလာတယ်ဆိုတာကိုလည်း Global Firepower ရဲ့ ညွှန်းကိန်း အစီရင်ခံစာမှာထည့်သွင်းဖော်ပြထားပါတယ်။

 

Ref: Global Firepower Ranking 2024: US Military World’s Strongest, Know Where India Stands

 

#PeopleMedia


Share this post