GMLRS လက်နက်စနစ် ပြည်တွင်းမှာထုတ်လုပ်ဖို့ သြစတေးလျအစိုးရနဲ့ လော့ဟိမာတင် စာချုပ်ချုပ်ဆို
PUBLISHED - January 17, 2024
နိုင်ငံတကာ၊ ဇန်နဝါရီ ၁၇
သြစတေးလျနိုင်ငံဟာ လော့ဟိမာတင်ကုမ္ပဏီထံက နည်းပညာလွှဲပြောင်းယူပြီး ပဲ့ထိန်းအတွဲလိုက်ဒုံးပစ် လောင် ချာ (Guided Multiple Launch Rocket System – GMLRS) လက်နက်စနစ်ကို လာမယ့်နှစ်မှာ ပြည်တွင်းမှာ ထုတ်လုပ်ဖို့အတွက် လော့ဟိမာတင်ကုမ္ပဏီနဲ့ သဘောတူစာချုပ်တစ်ရပ် လက်မှတ်ရေးထိုးလိုက်ပါတယ်။
ဒေါ်လာ ၂၄.၇ သန်း (သြစတေးလျဒေါ်လာ ၃၇.၄) တန်ကြေးရှိ အဲဒီကန်ထရိုက်စာချုပ်အရ အမေရိကန်ထံက နည်းပညာတွေ၊ အင်ဂျင်နီယာထောက်ခံချက်တွေနဲ့ ဆက်စပ်ကျွမ်းကျင်မှုသင်တန်းအစီအစဉ်တွေကို သြစတေး လျထံ လွှဲပြောင်းပေးမှာဖြစ်ပါတယ်။
သြစတေးလျအစိုးရဟာ အနာဂတ်ကာလ ပဲ့ထိန်းအတွဲလိုက်ဒုံးပစ်လောင်ချာစနစ် (GMLRS) အတွက် ပဲ့ထိန်း ဒုံးကျည်တွေ ဝယ်ယူဖို့လည်း စီစဉ်ထားပါတယ်။ အဲဒီဒုံးကျည်တွေကို သြစတေးလျနိုင်ငံရဲ့ (High Mobility Artillery Rocket Systems- HMARS) မှာ အသုံးပြု သွားမှာဖြစ်ပါတယ်။
“၂၀၂၅ ခုနှစ်ကစပြီး ပဲ့ထိန်းအတွဲလိုက်ဒုံးပစ်လောင်ချာစနစ် (GMLRS) တွေ စတင်ထုတ်လုပ်ဖို့အတွက် လော့ ဟိမာတင်ကုမ္ပဏီနဲ့ သဘောတူစာချုပ်တစ်ရပ်လက်မှတ်ရေးထိုးလိုက်တာဟာ ကာကွယ်ရေးမဟာဗျူဟာ မြောက် ဆန်းစစ်လေ့လာမှုရဲ့ အဓိကရလဒ်တွေကို သြစတေးလျအစိုးရဆောင်ရွက်ပေးနေတဲ့ နောက်ထပ် နမူ နာတစ်ခုဖြစ်ပါတယ်။” လို့ သြစတေးလျဒုတိယဝန်ကြီးချုပ် ရစ်ချတ်မာလီးစ်က ပြောပါတယ်။
“ဒီဆောင်ရွက်မှုတွေဟာ အရေးကြီးတဲ့ သမိုင်းမှတ်တိုင်တွေဖြစ်ပါတယ်။ ဒီသမိုင်းမှတ်တိုင်တွေဆိုတာက အ ဆင့်မြင့်ကျွမ်းကျင်လုပ်သားတွေကို အခွင့်အလမ်းတွေထောက်ပံ့ပေးတဲ့ ပြည်တွင်းစက်မှုလုပ်ငန်းတစ်ခုကို ထူ ထောင်ဖို့ ကျွန်တော်တို့လိုအပ်နေတဲ့ နည်းပညာတွေကို သြစတေးလျအစိုးရက ရရှိသွားတာပဲဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
ပဲ့ထိန်းအတွဲလိုက်ဒုံးပစ်လောင်ချာစနစ် (GMLRS) စီမံချက်နဲ့ ပဲ့ထိန်းဒုံးကျည် (PrSMs) တွေဟာ တာဝေးပစ်မှတ် တွေကို တိကျထိရောက်စွာပစ်ခတ်နိုင်ဖို့အတွက် သြစတေးလျတပ်မတော်ရဲ့စွမ်းရည်ကို ထပ်မံဆင့်မြှင့်တင်ပေး သွားမှာဖြစ်ကြောင်း သြစတေးလျကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးဝန်ကြီး ပတ်ကွန်ရိုင်းက ပြောပါတယ်။
ပဲ့ထိန်းအတွဲလိုက်ဒုံးပစ်လောင်ချာစနစ် (GMLRS) ဟာ ကီလိုမီတာ ၇၀ (၄၃.၅ မိုင်) ကျော်ပစ်ခတ်နိုင်သလို ပဲ့ထိန်းဒုံးကျည် (PrSMs) တွေဟာ ကီလိုမီတာ ၆၀ ကနေ ၄၉၉ ကီလိုမီတာ (၃၇ မိုင်-၃၁၀ မိုင်) ကြားက ပစ် မှတ်တွေကို ပစ်ခတ်နိုင်တယ်လို့ လော့ဟိမာတင်ကုမ္ပဏီက ပြောပါတယ်။
GMLRS ဒုံးကျည်တွေထုတ်လုပ်ဖို့အတွက် သြစတေးလျအစိုးရဟာ ကာကွယ်ရေးဘတ်ဂျက် ဒေါ်လာ ၂.၇ ဘီလျံ (သြစတေးလျဒေါ်လာ ၄.၁ ဘီလျံ) သုံးစွဲသွားမှာဖြစ်ပါတယ်။
Ref: Australia Greenlights Domestic GMLRS Missile Production for 2025
#PeopleMedia