• Follow Us on
Latest News

Home GOI ညွှန်းကိန်းအရ အရှိန်အဟုန်နဲ့ ကြိုးစားနေတဲ့နိုင်ငံတွေထဲမှာ ထိုင်းနိုင်ငံဟာ အာရှတိုက်အဆင့် ၂ နဲ့ ကမ္ဘာ့အဆင့် ၃၇ ရရှိ

GOI ညွှန်းကိန်းအရ အရှိန်အဟုန်နဲ့ ကြိုးစားနေတဲ့နိုင်ငံတွေထဲမှာ ထိုင်းနိုင်ငံဟာ အာရှတိုက်အဆင့် ၂ နဲ့ ကမ္ဘာ့အဆင့် ၃၇ ရရှိ

Share this post

နိုင်ငံတကာ၊ မတ် ၂၀

 

ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်ဖို့ အရှိန်အဟုန်နဲ့ ကြိုးစားနေတဲ့နိုင်ငံတွေ (E&D group) ထဲမှာ ထိုင်းနိုင်ငံဟာ အာရှတိုက်မှာ အဆင့် ၂ အဖြစ် သတ်မှတ်ခံရကြောင်း အမေရိကန်အခြေစိုက် မဲလ်ကန်အင်စတီကျုက ပြုစုထားတဲ့ ကမ္ဘာ့အ ခွင့်အလမ်းညွှန်းကိန်း (Global Opportunity Index – GOI) မှာ ဖော်ပြထားပါတယ်။

 

GOI အနေနဲ့ စီးပွားရေးပတ်ဝန်းကျင်ကို တိုးတကပ်အောင်ဆောင်ရွက်ဖို့ ရည်ရွယ်ထားတဲ့ နိုင်ငံတွေနဲ့ ၎င်းတို့ရဲ့ ဈေးကွက်ပြင်ပမှာ အခွင့်အလမ်းတွေရှာဖွေနေတဲ့ ရင်းနှီးမြုပ်နှံသူတွေကို ကူညီဖို့အတွက် ရည်ရွယ်ထားတာဖြစ် ကြောင်း မဲလ်ကန်အင်စတီကျုရဲ့ ထိပ်တန်းညွှန်ကြားရေးမှူးဖြစ်သူ မဂ္ဂီရွှန်းတက်က ပြောပါတယ်။

 

အခုဖော်ပြလိုက်တဲ့ညွှန်းကိန်းတွေဟာ စီးပွားရေးလုပ်ငန်းသဘောထားအမြင်၊ စီးပွားရေးအခြေခံစည်းမျဉ်းများ၊ ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ အင်စတီကျူးရှင်းဆိုင်ရာမူဘောင်များနဲ့ နိုင်ငံတကာစံနှုန်းများနဲ့ မူဝါဒများ ဆိုတဲ့ ခေါင်းစဉ်ငါးခုအောက်မှာ သတ်မှတ်ထားတဲ့ အချက်အလက်ပေါင်း ၁၀၀ ကို အခြေခံထားတာဖြစ်တယ်လို့ ဆိုပါတယ်။

 

အခုနှစ်အတွက် GOI ညွှန်းကိန်းမှာပါဝင်တဲ့ ထိပ်ဆုံး ၁၀ နိုင်ငံကတော့ ဒိန်းမတ်၊ ဆွီဒင်၊ ဖင်လန်၊ အမေရိကန်၊ ဗြိတိန်၊ နယ်သာလန်၊ ဂျာမနီ၊ ဆွစ်ဇာလန်၊ နော်ဝေနဲ့ အိုင်ယာလန်တို့ ဖြစ်ပါတယ်။

 

အာရှတိုက်ထဲက အမြင့်ဆုံးနိုင်ငံအဖြစ် နှစ်နိုင်ငံကို သီးသန့်ဖော်ပြထားရာ စင်္ကာပူက ကမ္ဘာ့အဆင့် ၁၄ ဖြစ်ပြီး ဂျပန်နိုင်ငံက ကမ္ဘာ့အဆင့် ၁၆ ဖြစ်ပါတယ်။

 

အဲဒီနောက် အာရှတိုက်နိုင်ငံတွေရဲ့ E&D group ကို ဖော်ပြရာမှာ မလေးရှားက (ကမ္ဘာ့အဆင့် ၂၇) နဲ့ နံပတ် တစ်ရရှိပြီး အဲဒီနောက်က ထိုင်းနိုင်ငံ (ကမ္ဘာ့အဆင့် ၃၇)၊ တရုတ် (ကမ္ဘာ့အဆင့် ၃၉)၊ အင်ဒိုနီးရှား (ကမ္ဘာ့ အ ဆင့် (၅၅)၊ ဗီယက်နမ် (ကမ္ဘာ့အဆင့် ၆၅)၊ အိန္ဒိယ (ကမ္ဘာ့အဆင့် ၇၂)၊ မွန်ဂိုလီးယား (ကမ္ဘာ့အဆင့် ၇၈)၊ သီရိ လင်္ကာ (ကမ္ဘာ့အဆင့် ၈၂) ၊ ဖိလစ်ပိုင် (ကမ္ဘာ့အဆင့် ၉၁) နဲ့ ကမ္ဘောဒီးယား (ကမ္ဘာ့အဆင့် ၉၃) တို့ အသီးသီး ရရှိကြပါတယ်။

 

အာရှတိုက်က ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်ဖို့ အရှိန်အဟုန်နဲ့ ကြိုးစားနေတဲ့နိုင်ငံတွေ (E&D နိုင်ငံတွေ) ဟာ ၂၀၁၈-၂၀၂၂ ခုနှစ်ကာလမှာ ကမ္ဘာတစ်ဝန်း E&D နိုင်ငံတွေ အားလုံးကို ဖြည့်သွင်းခဲ့တဲ့ အရင်းအနှီးတွေရဲ့ ၅၃.၂% ကို ဆွဲ ဆောင်နိုင်ခဲ့တယ်လို့ မဂ္ဂီရွှန်းတက်က ပြောပါတယ်။

 

“တည်ငြိမ်မှုရှုထောင့်က ကြည့်ရင် ဖွံ့ဖြိုးပြီးနိုင်ငံတွေဟာ အားသာချက်တစ်ရပ်ဖြစ်ပေမဲ့လည်း ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်ဖို့ အရှိန်အဟုန်နဲ့ ကြိုးစားနေတဲ့နိုင်ငံတွေမှာရှိတဲ့ ဈေးကွက်တွေထဲကနေ အကျိုးအမြတ်တွေ ပိုမိုရရှိဖို့ ကြိုးပမ်းနေ ကြဆဲဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

Ref: Thailand ranks 2nd in Asia, 37th globally, in Global Opportunity Index

 

#PeopleMedia


Share this post