• Follow Us on

Home GTC ကျောင်းမှ သမီးရည်းစားနှစ်ဦးကို အမျိုးသားသုံးဦးမှ ဓားဖြင့်ခုတ်၍ ပိုက်ဆံအိတ်နှင့် ဖုန်းတို့ လုယက်

GTC ကျောင်းမှ သမီးရည်းစားနှစ်ဦးကို အမျိုးသားသုံးဦးမှ ဓားဖြင့်ခုတ်၍ ပိုက်ဆံအိတ်နှင့် ဖုန်းတို့ လုယက်

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၅

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ဝန်ဇင်းကန်ဘောင်တွင် ထိုင်နေသည့် GTC ကျောင်းမှ သမီးရည်းစားနှစ်ဦးကို အမျိုးသားသုံးဦးမှ ဓားဖြင့်ခုတ်၍ ပိုက်ဆံအိတ်နှင့် ဖုန်းတို့ကို လုယက်သွားကြောင်း သိရသည်။

 

ဇန်နဝါရီလ ၁၄ ရက် ည ၇ နာရီ ၄၅ အချိန်တွင် GTC ကျောင်းတွင် တတ်ရောက်နေသည့် သမီးရည်းစား နှစ်ဦးမှာ ဝန်ဇင်းကန်ဘောင်တွင် စကားထိုင်ပြောနေစဉ် အမည်မသိအမျိုးသားသုံးဦးမှ ၎င်းတို့နေရာသို့ ရောက်ရှိလာပြီး ဓားဖြင့် ထိုသမီးရည်းစားနှစ်ဦးကို ခုတ်၍ ချစ်သူကောင်လေး၏ ပိုက်ဆံအိတ်နှင့် ဖုန်းတို့ကို လုယက်ပြီး ထွက်ပြေးသွားကြောင်း သိရသည်။

 

“GTC ကျောင်းသူနဲ့ ကျောင်းသား။ သူတို့က သမီးရည်းစားတွေ။ သူတို့ထိုင်နေတဲ့နေရာကို အမျိုးသား ၃ ယောက် ရောက်လာပြီးတော့ သူတို့ဆီက ဖုန်းနဲ့ ပိုက်ဆံအိတ်ယူသွားတာ။ ဆိုင်ကယ်တော့ မပါသွားဘူး” လို့ မြေပြင်အားသွားရောက်ကူညီသည့် နယ်မြေခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

 

ထိုဓားခုတ်ခံရမှုကြောင့် ချစ်သူကောင်လေးမှာ ဦးခေါင်းနောက်စေ့ကွဲပြီး ဂုတ်ပိုးဟက်တက်ကွဲကြောင်း၊ ၎င်း၏ချစ်သူကောင်မလေးလည်း ဦးခေါင်းနောက်စေ့ကွဲသောကြောင့် ထိုနှစ်ဦးကို ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post