• Follow Us on

Home HMS ဝေလမင်းသားလေယာဉ်သင်္ဘောကို အရှေ့မြောက်ကမ်းရိုးတန်းမှမြင်ရ

HMS ဝေလမင်းသားလေယာဉ်သင်္ဘောကို အရှေ့မြောက်ကမ်းရိုးတန်းမှမြင်ရ

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၃ (People Media)

 

ဗြိတိန်တော်ဝင်ရေတပ်တွင် အကြီးဆုံးသင်္ဘောဖြစ်သော HMS ဝေလမင်းသား လေယာဉ်သင်္ဘောကို လွန်ခဲ့ သည့်သုံးလေးရက်ခန့်က အရှေ့မြောက်ကမ်းရိုးတန်းဒေသသို့စေလွှတ်ခဲ့ရာ ပင်လယ်ပြင်တွင်တာဝန်ထမ်း ဆောင်နေသည်ကိုတေ့ွမြင်ရသည်။

 

HMS ဝေလမင်းသား လေယာဉ်သင်္ဘောသည် လောက်လွှဲစနစ်နှင့် လေယာဉ်ဖမ်းထိန်းကြိုးများလိုအပ်သော သ မရိုးကျလေယာဉ်များထက် ဒေါင်လိုက်တက်ဆင်းနိုင်သောလေယာဉ်များနှင့် ရဟတ်ယာဉ်များတင်ဆောင် နိုင် ရန် ဒီဇိုင်းရေးဆွဲတည်ဆောက်ထားသော ခေတ်မီလေယာဉ်တင်သင်္ဘောတစ်စီးဖြစ်သည်။

 

အကျယ် ၇၀ မီတာ၊ အရှည် ၂၈၀ မီတာရှိသော သင်္ဘောကုန်းပတ်မှာ ဘောလုံးကွင်းသုံးကွင်းစာမျှ ကျယ်ဝန်း သည်။ သင်္ဘောပေါ်တွင် ရေတပ် အရာရှိ၊ စစ်သည် ၇၀၀ ဝန်းကျင်ခန့် တာဝန်ထမ်းဆောင်လျက်ရှိပြီး F-35B လေယာဉ် ၃၆ စင်းနှင့် မာလင်ရဟတ်ယာဉ် လေးစီးသယ်ဆောင်လာချိန်တွင် အရာရှိ/စစ်သည်ဦးရေ ၁,၆၀၀ အထိ တာဝန်ထမ်းဆောင်နိုင်ပါသည်။ သင်္ဘောပေါ်တွင် ၄၅ ရက်စာ ရိက္ခာများသယ်ဆောင်ပြီး ခရီးထွက်ခွာ သွားလာနိုင်ပါသည်။

 

လတ်တလောကာလတွင် အတ္တလန်တစ်သမုဒ္ဒရာတွင်းမှ မြောက်ပိုင်းပင်လယ်တွင် တာဝန်ထမ်းဆောင်နေသည် ကိုတွေ့ရသည်။ လွန်ခဲ့သည့်သီတင်းပတ်က လီမိန်းမြို့ရှိ တော်ဝင်လေတပ်မှ ရဟတ်ယာဉ်များနှင့် ပူးပေါ့င်းစစ် ဆင်ရေးပြုလုပ်ခဲ့သည်ကိုတွေ့ရသည်။ ယင်းပူးပေါင်းစစ်ဆင်ရေးကို ကမ်းရိုးတန်းတစ်လျှောက် ကမ်းခြေများမှ ထင်ထင်ရှားရှားတွေ့မြင်ရသည်ဟုဆိုသည်။

 

အဆိုပါလေယာဉ်တင်သင်္ဘောကို မြောက်ပိုင်းပင်လယ်မှမထွက်ခွာမီ လွန်ခဲ့သည့်သီတင်းပတ်က အင်္ဂလန်အ ရှေ့မြောက်ပိုင်း၊ ဟတ်ထလီးပိုးမြို့၏ ဟတ်ထလန်းကမ်းရိုးတန်းတွင် တွေ့ရှိခဲ့ရကြောင်းသိရသည်။

 

Ref: Largest ship in the Royal Navy seen from North East coast

 

#PeopleMedia

 

(unicode)


…………………………………………………………………….

 


 


 


 


 


 


 

Ref: Largest ship in the Royal Navy seen from North East coast

 

#PeopleMedia


Share this post