• Follow Us on

Home Home Quarantine ေနစဥ္ကာလအတြင္း ၀င္ထြက္သြားလာပါက အျပင္မွ ေသာ့ခတ္ျခင္းျပဳလုပ္မည္ဟု Home Quarantine ႀကီးၾကပ္ေရးေကာ္မတီအဖြဲ႕မွ ထုတ္ျပန္

Home Quarantine ေနစဥ္ကာလအတြင္း ၀င္ထြက္သြားလာပါက အျပင္မွ ေသာ့ခတ္ျခင္းျပဳလုပ္မည္ဟု Home Quarantine ႀကီးၾကပ္ေရးေကာ္မတီအဖြဲ႕မွ ထုတ္ျပန္

Share this post

ရန္ကုန္၊ ေမ – ၂၀

Home Quarantine ေနစဥ္ကာလအတြင္း ၀င္ထြက္သြားလာပါက အျပင္မွ ေသာ့ခတ္ျခင္းျပဳလုပ္မည္ျဖစ္ ေၾကာင္း ႀကီးၾကပ္ေရးေကာ္မတီမွ ေမလ ၁၈ ရက္ေန႔စြဲျဖင့္ ေၾကညာခ်က္တစ္ေစာင္ ထုတ္ျပန္ထားသည္။

အဆိုပါ ခ်င္းျပည္နယ္၊ ဟားခါးေကာလိပ္သို႔ ျပန္လည္ေရာက္ရွိလာေသာ ဆရာ/ဆရာမမ်ားႏွင့္ ၀န္ထမ္းမ်ား ေရာက္ရွိလာပါက Home Quarantine အစီအစဥ္ျဖင့္ မိမိအခန္းတြင္ ၂၁ ရက္ ေနထိုင္ရန္၊ ထိုကဲ့သို႔ ေနထိုင္ စဥ္တြင္ မည္သူတစ္ဦးတစ္ေယာက္ႏွင့္မွ် ထိေတြ႕မႈမရွိေစရန္ႏွင့္ ၀င္ထြက္သြားလာျခင္းျပဳလုပ္ပါက အျပင္မွ ေသာ့ခတ္မည္ျဖစ္ေၾကာင္း ၎ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

“Home Quarantine ေနစဥ္ကာလအတြင္း ထုတ္ျပန္ထားတဲ့အတိုင္း မလိုက္နာရင္ စာမွာပါတဲ့အတိုင္းပါပဲ”ဟု Home Quarantine ႀကီးၾကပ္ေရးအဖြဲ႕၀င္ ေဒါက္တာဆန္ေလွးမွ ေျပာသည္။

အလားတူပင္ ေသာ့ခတ္ျခင္းကို လက္မခံလွ်င္ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမွဴး စီစဥ္ထားသည့္ Facility Quarantine ထားေသာေနရာသို႔ ပို႔ေဆာင္မည္ျဖစ္ၿပီး Home Quarantine ေနစဥ္ကာလအတြင္း မိမိစရိတ္၊ မိမိအစီအစဥ္ျဖင့္ ေနထိုင္စားေသာက္ေရး၊ ၀ယ္ယူေရးေဆာင္ရြက္ေပးရန္ လိုအပ္ပါက Home Quarantine ႀကီး ၾကပ္ေရးအဖြဲ႕မွ စီစဥ္ေဆာင္ရြက္ေပးမည္ျဖစ္ေၾကာင္းလည္း အဆင့္ျမင့္ပညာဦးစီးဌာနမွ ဟားခါးေကာလိပ္ ေနရပ္ျပန္ ဆရာ/ဆရာမမ်ား သိရွိလိုက္နာရန္ေဖာ္ျပထားသည္။

photo – Chin World

#PeopleMedia

(Unicode)
Home Quarantine နေစဉ်ကာလအတွင်း ဝင်ထွက်သွားလာပါက အပြင်မှ သော့ခတ်ခြင်းပြုလုပ်မည်ဟု Home Quarantine ကြီးကြပ်ရေးကော်မတီအဖွဲ့မှ ထုတ်ပြန်
……………………………………………………

ရန်ကုန်၊ မေ – ၂၀

Home Quarantine နေစဉ်ကာလအတွင်း ဝင်ထွက်သွားလာပါက အပြင်မှ သော့ခတ်ခြင်းပြုလုပ်မည်ဖြစ် ကြောင်း ကြီးကြပ်ရေးကော်မတီမှ မေလ ၁၈ ရက်နေ့စွဲဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်ထားသည်။

အဆိုပါ ချင်းပြည်နယ်၊ ဟားခါးကောလိပ်သို့ ပြန်လည်ရောက်ရှိလာသော ဆရာ/ဆရာမများနှင့် ဝန်ထမ်းများ ရောက်ရှိလာပါက Home Quarantine အစီအစဉ်ဖြင့် မိမိအခန်းတွင် ၂၁ ရက် နေထိုင်ရန်၊ ထိုကဲ့သို့ နေထိုင် စဉ်တွင် မည်သူတစ်ဦးတစ်ယောက်နှင့်မျှ ထိတွေ့မှုမရှိစေရန်နှင့် ဝင်ထွက်သွားလာခြင်းပြုလုပ်ပါက အပြင်မှ သော့ခတ်မည်ဖြစ်ကြောင်း ၎င်းထုတ်ပြန်ချက်တွင် ပါရှိသည်။

“Home Quarantine နေစဉ်ကာလအတွင်း ထုတ်ပြန်ထားတဲ့အတိုင်း မလိုက်နာရင် စာမှာပါတဲ့အတိုင်းပါပဲ”ဟု Home Quarantine ကြီးကြပ်ရေးအဖွဲ့ဝင် ဒေါက်တာဆန်လှေးမှ ပြောသည်။

အလားတူပင် သော့ခတ်ခြင်းကို လက်မခံလျှင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး စီစဉ်ထားသည့် Facility Quarantine ထားသောနေရာသို့ ပို့ဆောင်မည်ဖြစ်ပြီး Home Quarantine နေစဉ်ကာလအတွင်း မိမိစရိတ်၊ မိမိအစီအစဉ်ဖြင့် နေထိုင်စားသောက်ရေး၊ ဝယ်ယူရေးဆောင်ရွက်ပေးရန် လိုအပ်ပါက Home Quarantine ကြီး ကြပ်ရေးအဖွဲ့မှ စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလည်း အဆင့်မြင့်ပညာဦးစီးဌာနမှ ဟားခါးကောလိပ် နေရပ်ပြန် ဆရာ/ဆရာမများ သိရှိလိုက်နာရန်ဖော်ပြထားသည်။

photo – Chin World

#PeopleMedia


Share this post