• Follow Us on

Home ICC ရှေ့နေများ အာဖဂန်နစ္စတန်စစ်ရာဇဝတ်မှုများစုံစမ်းစစ်ဆေးရေးတွင် အမေရိကန်တပ်ဖွဲ့ဝင်များအပေါ် အာရုံစိုက်လိမ့်မည်မဟုတ်

ICC ရှေ့နေများ အာဖဂန်နစ္စတန်စစ်ရာဇဝတ်မှုများစုံစမ်းစစ်ဆေးရေးတွင် အမေရိကန်တပ်ဖွဲ့ဝင်များအပေါ် အာရုံစိုက်လိမ့်မည်မဟုတ်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၈ (People Media)

 

နိုင်ငံတကာရာဇဝတ်တရားရုံး ICC ရှေ့နေတစ်ဦးက ၎င်းအနေဖြင့် တာလီဘန်နှင့် အိုင်အက်စ်စစ်သွေးကြွ အဖွဲ့ တို့၏ လုပ်ရပ်ကိုအဓိကအာရုံစိုက်၍ အာဖဂန်နစ္စတန်မှ စစ်ပွဲအတွင်းကျူးလွန်ခဲ့သောရာဇဝတ်မှုများကို စုံစမ်း စစ်ဆေးမှုများပြန်လည်ဆောင်ရွက်နိုင်ရန် သဘောတူညီချက်ရရှိအောင် ကြိုးပမ်းနေကြောင်း အဆိုပါရှေ့နေက ပြောကြားလိုက်သည်။

 

တာလီဘန်များ အာဖဂန်နစ္စတန်နိုင်ငံကို သိမ်းပိုက်ထိန်းချုပ်လိုက်ပြီးကတည်းက ဖွံ့ဖြိုးတိုးတက်လာသည့် အ ခြေအနေများကို ထည့်သွင်းစဉ်းစားရင်း အဆိုပါစုံစမ်းစစ်ဆေးမှုများဆောင်ရွက်နိုင်ရေးကိစ္စကို နိုင်ငံတကာရာ ဇဝတ်တရားရုံး တရားသူကြီးများထံသို့ မေတ္တာရပ်ခံတင်ပြခဲ့ကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။

 

ICC ရှေ့နေများသည် အမေရိကန်တပ်ဖွဲ့ဝင်များနှင့် အာဖဂန်တပ်ဖွဲ့ဝင်များ ကျူးလွန်ခဲ့သည်ဟုသံသယရှိသော ရာဇဝတ်မှုများအကြောင်းကိုလည်း ယခင်က စုံစမ်းစစ်ဆေးခဲ့ဖူးသည်။ သို့သော် ၎င်းတို့အနေဖြင့် သတင်းရင်း မြစ်များမရရှိခြင်းကြောင့် ယင်းအဖြစ်အပျက်များကို မှေးမှိန်သေးသိမ်အောင်လုပ်ခဲ့ကြကြောင်း၊ ၎င်းအစား တရား ရုံး၏တရားစီရင်ပိုင်ခွင့်နယ်ပယ်အတွင်း ရာဇဝတ်မှုများ၏ အတိုင်းအတာပမာဏနှင့် သဘောသဘာဝကို အဓိက ထားအာရုံစိုက်ခဲ့ကြကြောင်း နိုင်ငံတကာရာဇဝတ်တရားရုံးရှေ့နေ ဗြိတိန်လူမျိုးခရီးခမ်းက ပြောသည်။

 

ICC စုံစမ်းစစ်ဆေးမှုများကို ထောက်ပံ့ရန်အတွက် နစ်နာသူများကို တောက်လျှောက်ကူညီနေသည့် အာဖဂန် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဟိုရီယာမိုဆာဒစ်က အဆိုပါကြေညာချက်ကို “အာဖဂန်အစိုးရတပ်ဖွဲ့ဝင် များ၊ အမေရိကန်တပ်ဖွဲ့ဝင်များနှင့် နေတိုးတပ်ဖွဲ့ဝင်များ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများ၏ သားကောင်များကို စော်ကားလိုက်ခြင်း” ဟု ခေါ်ဆိုလိုက်သည်။

 

လွန်ခဲ့သည့်နှစ်က စုံစမ်းစစ်ဆေးမှုများ အပြည်အဝဆောင်ရွက်ရန် လမ်းဖွင့်မပေးမီ နိုင်ငံတကာရာဇဝတ်တရား ရုံး ICC  အနေဖြင့် အာဖဂန်နစ္စတန်မှ စစ်ရာဇဝတ်မှုများကို ၁၅ နှစ်ကြာစုံစမ်းစစ်ဆေးခဲ့ပြီးဖြစ်သည်။

 

သို့သော် စစ်ရာဇဝတ်မှုများကို အာဖဂန်အစိုးရကိုယ်တိုင် စုံစမ်းစစ်ဆေးတော့မည်ဖြစ်ကြောင်းပြောဆိုပြီး အဆိုပါ စုံစမ်းစစ်ဆေးမှုကို အာဖဂန်အစိုးရက ဆိုင်းငံ့ထားလိုက်သည်။ သည်ဟိတ်မြို့တွင် အခြေစိုက်ထားသည့် နိုင်ငံ တကာရာဇဝတ်တရား ရုံး ICC သည် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံက စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ်ကျူး လွန်သည့်ရာဇဝတ်မှုများ သို့မဟုတ် လူမျိုးသုဉ်းသတ်ဖြတ်မှုများကို တရားစွဲဆိုရန် မတတ်နိုင်သောအခါ သို့မဟုတ် တရားစွဲဆိုရန် ဆန္ဒမရှိသောအခါကျမှ ဝင်ရောက်ဆောင်ရွက်ရသော နောက်ဆုံးတရားရုံးဖြစ်သည်။

 

နိုင်ငံတကာက အသိအမှတ်ပြုထားသည့် အာဖဂန်အစိုးရကျဆုံးခြင်းနှင့် တာလီဘန်များ အစားထိုးအာဏာရ လာခြင်းသည် ထင်ရှားသောပြောင်းလဲမှုတစ်ခုဖြစ်ကြောင်း ရှေ့နေခရီးခမ်းကပြောသည်။

 

“အကြောင်းအရာတွေကို အသေးစိတ် ဂရုတစိုက် ပြန်လည်ဆန်းစစ်လေ့လာပြီးတဲ့နောက်မှာ ကျွန်တော့်အနေနဲ့ ကောက်ချက်ချလို့ရတာကတော့ စစ်မှန်တဲ့အလားအလာမရှိတော့ဘူးဆိုတာရယ်၊ အာဖဂန်နစ္စတန်နိုင်ငံတွင်းမှာ ထိရောက်တဲ့ပြည်တွင်းစုံစမ်းစစ်ဆေးမှုမရှိတော့ဘူးဆိုတာရယ် ပြောရမှာဖြစ်ပါတယ်။” ဟု ၎င်း၏ကြေညာချက် တွင်ဖော်ပြထားသည်။

 

၂၀၀၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်ကြားကာလတွင် စစ်ရာဇဝတ်မှုများကျူးလွန်ခဲ့ကြောင်း ယုံကြည်ရသည့် ကြောင်း ကျိုးလျော်ညီသောအခြေခံအချက်အလက်ကို နိုင်ငံတကာရာဇဝတ်တရားရုံး ICC က ရှာဖွေတွေ့ရှိထားကြောင်း၊ ၎င်းတို့အနက် အာဖဂန်အစိုးရအာဏာပိုင်များကျူးလွန်ထားသည်ဟု ယူဆရသော အကျဉ်းသားများအပေါ် ညှင်းပန်းနှိပ်စက်မှုများတွေ့ရသလို အမေရိကန်တပ်ဖွဲ့ဝင်များနှင့် အမေရိကန်စီအိုင်အေက ကျူးလွန်ထားသော ညှင်းပန်းနှိပ်စက်မှုများနှင့် တာလီဘန်များကျူးလွန်ထားသော အစုလိုက်အပြုံလိုက်လူသတ်မှုများကိုလည်း စုံ စမ်းသိရှိထားကြောင်း သိရသည်။

 

သို့သော် အမေရိကန်ပြည်ထောင်စုသည် နိုင်ငံတကာရာဇဝတ်တရားရုံး ICC အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံမဟုတ်သလို အမေရိကန်တပ်ဖွဲ့ဝင်များ၏အခန်းကဏ္ဍကို စုံစမ်းစစ်ဆေးမှုအတွက် ICC ရှေ့နေများရုံးကို အရေးယူဒဏ်ခတ်မှု များပြဋ္ဌာန်းထားသည့် နိုင်ငံဖြစ်သည်။ စုံစမ်းစစ်ဆေးမှုများအာရုံစိုက်ခြင်းကို လွှဲပြောင်းလိုက်ခြင်းက ICC နှင့် အ မေရိကန်အစိုးရတို့ကြားဆက်ဆံရေးကို ပြောင်းလဲနိုင်မည်ဖြစ်သည်။

 

Ref: War crimes prosecutor would not focus on U.S. forces in new Afghanistan probe

 

#PeopleMedia

 

(unicode)


………………………………………………………………………

 


 


 


 


 


 


 


 


 


 


 


 

Ref: War crimes prosecutor would not focus on U.S. forces in new Afghanistan probe

 

#PeopleMedia


Share this post